မိဘတွေက ဆီစက်လုပ်ငန်းလုပ်ကိုင်ခဲ့တာ ဆယ်စုနှစ် နှစ်ခုကျော်ကြာနေပြီဖြစ်ပါတယ်။ တတ်သိလွန်းလို့ မဟုတ်ပါဘူး။ ဗဟုသုတဝေမျှတဲ့ အနေနဲ့ ဒီဘလော့ဂ်လေး ရေးဖြစ်တာပါ။

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, November 4, 2013

7 Day Daily ဒီနေ့သတင်း

ပဲအရောင်းအ၀ယ်ကို စာချုပ်ဖြင့် လုပ်သူ မရှိတော့ဟုဆို ပဲအရောင်းအ၀ယ်ကို စာချုပ်ဖြင့်သာပြုလုပ်ရန် သတ်မှတ်ထားသည်မှာ တစ်လကျော်သာ ရှိသေးသော်လည်း ကုန်စည်ဒိုင်တွင် သတ်မှတ်ချက်အတိုင်း အရောင်းအ၀ယ်လုပ်သူ မရှိတော့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက်မှ သတင်းရရှိသည်။ ပဲရောင်းဝယ်မှုစာချုပ်သက်တမ်းသည် တစ်လသာ သတ်မှတ်ထားသည့်အတွက် တစ်လအတွင်း၌ ပစ္စည်းစာရင်းရှင်းရန် သတ်မှတ်ထားသည်။ ““စာချုပ်နဲ့ ရောင်းဝယ်ဖို့ သတ်မှတ်ထားပေမယ့် အခုရက်ပိုင်းတွေမှာ ဘယ်သူမှ စာချုပ်နဲ့ မလုပ်ကြတော့ဘူး။ ရောင်းတဲ့သူနဲ့ ၀ယ်တဲ့သူ အဆင်ပြေရင် ဘာသံမှမထွက်တော့ အားလုံးက ဒီလိုပဲလုပ်နေကြတာ။ လိုက်စစ်တဲ့သူတွေလည်းမရှိတော့ ဒီစနစ်က သတ်မှတ်ထားတာပဲရှိတယ်။ ဘယ်သူမှ မလုပ်ကြတော့ဘူး”” ဟု ကုန်စည်ဒိုင်ဈေးကွက်တွင် နေ့စဉ် ရောင်းဝယ်နေသော ကုန်သည်တစ်ဦးကပြောသည်။ စာချုပ်ဖြင့် ရောင်းဝယ်ရန် သတ်မှတ်စဉ်က ကုန်စည်ဒိုင်တွင် အရောင်းအ၀ယ်ရပ်တန့်လုနီးပါးထိ ကျဆင်းသွားခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ပဲအရောင်းအ၀ယ် များစွာ မြင့်တက်လာခဲ့သည်။ စာချုပ်ဖြင့် သတ်မှတ်လိုက်စဉ်က တစ်ရက်လျှင် ကွန်တိန်နာ ၁၅ ပုံးခန့်သာ အရောင်းအ၀ယ် အများဆုံးဖြစ်သော်လည်း ယခုရက်ပိုင်းတွင် ပုံး ၅၀ ကျော်ထိ အရောင်းအ၀ယ်ပြုလုပ်မှုများ ရှိလာသည်။ ““စာချုပ်နဲ့လုပ်ရင် တစ်လအတွင်းမှာပဲ စာရင်းရှင်းရတယ်။ စာချုပ်မရှိရင် အဆင်ပြေသလို လုပ်လို့ရတယ်။ ကုန်သည်တွေက အရောင်းအ၀ယ်များများ လုပ်လာကြတယ်”” ဟု ပဲကုန်သည်တစ်ဦးက ပြောသည်။ထို့ပြင် ပဲဈေးကွက်အတွင်း၌ နိုင်ငံခြားဝယ်လိုအား များနေသည့်အတွက် အရောင်းအ၀ယ်ပြုလုပ်မှု များလာသည့်အပြင် ဈေးကစားလိုသော ကုန်သည်များလည်း များစွာဝင်ရောက်လာကြောင်း သိရသည်။ကုန်စည်ဒိုင် ဈေးကွက်တွင် ပြုလုပ်သော ဈေးနှုန်းများမှာ ပြီးခဲ့ သည့် လကုန်ပိုင်းနှင့် ယှဉ်ပါက တစ်တန်လျှင် ကျပ် ၂၀"၀၀၀ ခန့် မြင့်တက်လာခဲ့ကြောင်း ဈေးကွက် အရောင်းအ၀ယ်များမှ သိရ သည်။အောက်တိုဘာ ၇ ရက် ကုန်စည်ဒိုင်တွင် ပြုလုပ်သော ဈေးနှုန်းမှာ မတ်ပဲ RC တစ်တန်လျှင် ၅၃၀၅၀၀ ကျပ်၊ SQRC မတ်ပဲမှာ တစ်တန်လျှင် ၅၈၀၀၀၀ ကျပ် ရှိပြီး ပဲဇင်းငုံမှာ တစ်တန်လျှင် ၅၅၂၀၀၀ ကျပ်ရှိသည်။ ပဲအရောင်းအ၀ယ်တွင် ငွေကြေးလိမ်လည်မှုများ မကြာခဏ ကြုံတွေ့နေရသဖြင့် သြဂုတ် ၁၅ ရက်မှစ၍ ကုန်တင်စာရွက် DO ဖြင့် အရောင်းအ၀ယ်မပြုလုပ်ရန်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက တားမြစ်ထားသည်။

7 Day Daily မှာပါတဲ့ ဒီနေ့ ဆီသတင်း

မြေပဲဆီနှင့် စားအုန်းဆီဈေးများ ပြုတ်ကျ မြေပဲဆန်ဈေးကွက်တွင် ပဲထုတ်ရောင်းသူများပြီး ဈေးကျဆင်းလာသည့်အပြင် မြေပဲဆီ ယ်လိုအား ကျဆင်းလာသည့်အတွက် မြေပဲဆီဈေးနှုန်းများသည် တစ်ပီပါလျှင် ကျပ် ၅၅၀၀၀ ခန့် ဈေးကျဆင်းသွားခဲ့ကြောင်း ပဲဈေးကွက်မှ သတင်းရရှိသည်။ မြေပဲဆန်ဈေးမှာ ယခင်က တစ်ပိဿာလျှင် ၁၆၀၀ ကျပ် ရှိနေ ရာမှ ၁၄၅၀ ခန့်သို့ ကျဆင်းသွားသည်။ ထို့ကြောင့် ပဲဆီဈေးနှုန်း မှာ တစ်ပိဿာ ၄၀၀၀ ကျပ် ၀န်းကျင်ဖြင့် ခြောက်လနီးပါး ရှိနေရာမှ အောက်တိုဘာလဆန်းမှစ၍ ဈေးနှုန်းကျဆင်းလာခဲ့ရာ တစ်ပိဿာ ၃၅၀၀ ကျပ်အထိ ကျဆင်းခဲ့သည်။ ““ပဲဆန်ဈေးတွေ ကျတာရော၊ ဆီက၀ယ်လိုအားက နည်းလာတာရောကြောင့် တစ်ပိဿာ ကို ၅၀၀ လောက်ထိ ကျဆင်းလာခဲ့တယ်””ဟု ပဲကုန်သည်တစ်ဦးက ပြောသည်။ ထို့ကြောင့် ပီပါလိုက် ဈေးနှုန်းမှာလည်း တစ်ပီပါလျှင် ၄၄၀၀၀၀ ကျပ်မှ ၃၈၅၀၀၀ ကျပ်ထိ ကျဆင်းနေကြောင်း ဆီကုန်သည်များကပြောသည်။ မြေပဲဆန်ဈေးကျဆင်းခြင်းသည် မျိုးအတွက်ချန်ထားသော ပဲဆန်များကို စိုက်ပျိုးပြီးချိန်တွင် ပြန်လည်ထုတ်ရောင်းခြင်းကြောင့်ဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အပြင် စားအုန်းဆီဈေးနှုန်းများမှာလည်း ပြည်ပတွင် ဈေးကျဆင်းနေခြင်းနှင့် အ၀င်များနေခြင်းကြောင့် ဆီဈေးနှုန်းများ ဆက်တိုက်နီးပါး ကျဆင်းနေကြောင်း စားအုန်းဆီ လုပ်ငန်းရှင်များက ပြောသည်။ စားအုန်းဆီ နိုင်ငံခြားဈေးမှာ ပြီးခဲ့သည့်လများတွင် တစ်တန်လျှင် ၇၇၀ ဒေါ်လာဝန်းကျင်မှ အောက်တိုဘာ ၇ ရက်တွင် တစ်တန်လျှင် ၇၂၆ ဒေါ်လာသို့ တဖြည်းဖြည်းကျဆင်းခဲ့သည်။ ထို့ကြောင့် ပြည်တွင်းစားအုန်းဆီဈေးနှုန်းများမှာလည်း ပြီးခဲ့သည့်လတွင် တစ်ပိဿာလျှင် ၁၆၀၀ ၀န်းကျင်မှ ယခုလအတွင်း ၌ ၁၄၅၀ ကျပ်ထိ ဈေးနှုန်းများ ကျဆင်းနေသည်။

နှလုံးသွေးကြောကျဉ်း ရောဂါအတွက် အစာအဟာရ လမ်းညွှန်

ကစီဓာတ် ===== ခရမ်းချဉ်သီး အမှည့် ဆန်ပြုတ် သောက်ပေးပါ။ ကန်စွန်းဥ ဆန်ပြုတ် သောက်ပေးပါ။ ကြက်သွန်မြိတ် (အဖြူပိုင်း) ဆန်ပြုတ် သောက်ပေးပါ။ တရုတ်နံနံ ဆန်ပြုတ် သောက်ပေးပါ။ အဆီဓာတ် ====== ဝက်ဆီ၊ စားအုန်းဆီ ရှောင်ပါ။ မြေပဲဆီ၊ ပဲပိစပ်ဆီသာ သုံးပါ။ အဆီ လျှော့စားပါ။ သုံးပြီးဆီကို နှစ်ခါပြန် မသုံးပါနှင့်။ အသားဓာတ် ======= အဆီ နည်းသော ငါး ချက်စားပါ။ အသားများကို ပြုတ်စား၊ ပေါင်းစားပါ။ ဆီကြော်သား၊ ငါးများ ရှောင်ပါ။ ပဲပုပ်၊ ပဲပြား၊ တို့ဟူး များများ စားပေးပါ။ ဟင်းသီးဟင်းရွက် ========= ခရမ်းချဉ်သီး အမှည့်တစ်လုံး မီးဖုတ်၍ နေ့စဉ် စားပေးပါ။ ဂျူးမြစ်သုပ် စားပေးပါ။ တရုတ်နံနံနှင့် ကြက်သွန်ဖြူ ထောင်းစားပေးပါ။ ကြက်သွန်မြိတ် (အဖြူပိုင်း) ငါးပိုင်း နေ့စဉ် တို့မြှုပ် စားပေးပါ။ သစ်သီးဝလံ ===== ပန်းသီးတစ်လုံး နေ့စဉ် စားပေးပါ။ ပြောင်းဖူးပြုတ် စားပေးပါ။ ကန်စွန်းဥပြုတ် စားပေးပါ။ မြေပဲပြုတ် စားပေးပါ။ အစေ့အဆန် ======= သစ်ကြားသီးစေ့ စားပေးပါ။ သံပရာစေ့ ငါးစေ့ခန့် နေ့စဉ် စားပေးပါ။ နေကြာစေ့၊ ဖရုံစေ့၊ ကွာစေ့ ၂ဝ ခန့် စားပေးပါ။ နေ့စဉ် တစ်မျိုးမျိုး စားပေးပါ။ ဖျော်ရည် ===== သံပရာရည် တစ်ဇွန်းစာကို ရေနွေးနှင့် စပ်သောက်ပါ။ ပန်းခါးခြောက် အနည်းငယ်ကို လက်ဖက်ရည်ကြမ်းတွင် ခပ်သောက်ပါ။ ခရေခေါက် အတွင်းသားကို ပြုတ် သောက်ပါ။ ချင်း၊ ထန်းလျက်ပြုတ်ရည် တစ်ခွက် မှန်မှန် သောက်ပါ။ အကြံပြုချက် ======= ခရေပွင့်ခြောက် ခေါင်းအုန်း ပြုလုပ်၍ အိပ်ပါ။ ဝိုင်အနီ နှစ်ပတ်ခန့် ညစဉ် သောက်အိပ်ပါ။ ကွမ်းရွက်တစ်ရွက်ကို ဘယ်ဘက်နို့အုံနေရာ ကပ်ထားပေးပါ။ ချင်းသုပ် မကြာခဏ စားပါ။ Credit to : မြ၀တီ သတင်း

ကြာတော့ ကြာပါပြီ.... မဖတ်ရသေးရင်တော့ အသစ်ပေါ့

အရည်သွေးကောင်း စားသုံးဆီရဖို့ စက်ပိုင်းသာမက ကုန်ကြမ်းပါ အရေးပါ ကြာသပတေးနေ့၊ စက်တင်ဘာလ 13 ရက် 2012 ခုနှစ် မဇ္ဈိမ အင်တာဗျူး - မဇ္ဈိမသတင်းဌာန ပြည်တွင်းစားသုံးဆီ ထုတ်လုပ်ရောင်းချမှုနှင့် အရည်အသွေးကောင်းစားသုံးဆီများ ပြည်တွင်းတွင် စားသုံးဆီ ဖူလုံ တွင်ကျယ်စွာ ထုတ်လုပ်ရောင်းချနိုင်ရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးမှုဖွံ့ဖြိုးတွင်ကျယ်လာစေရန် အခြေခံ လိုအပ်ချက်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စက်မှုလက်မှုကုန် ထုတ်လုပ်သူများအသင်းအဖွဲ့ဝင်တစ်ဦးလည်း ဖြစ် ပြီး ၁၉၉၂ ခုနှစ်မှ ဧရာဝတီ မြေပဲဆီ ထုတ်လုပ် ဖြန့်ဖြူးမှုကို ဆောင်ရွက်နေသည့် ဆီစက်လုပ်ငန်းရှင် တစ်ဦးလည်းဖြစ်သည့် ဦးခင်စိုးနှင့် မဇ္ဈိမတို့ တွေ့ဆုံမေးမြန်း ထားသည်များထဲမှ အချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။ ဆီစက်လုပ်ငန်းရှင် ဦးခင်စိုး ဆီစက်လုပ်ငန်းရှင် ဦးခင်စိုး မေး။ ။လက်ရှိပြည်တွင်းစားသုံးဆီထုတ်လုပ်မှုအခြေအနေကို အရင်ဆုံးပြောပြပေးပါဦး။ ဖြေ။ ။ပြည်တွင်းဆီထုတ်လုပ်မှုကတော့ အခုလက်ရှိက ကုန်ကြမ်းပေါ်ကာစဖြစ်နေပြီ။ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်၊သြဂုတ်မှာက တရုတ်ကိုအထွက်များတဲ့အတွက် ကုန်ကြမ်းပြတ်တဲ့အထိဖြစ်သွားတယ်။ အချို့စက်တွေဆိုရင် တစ်လလုံးမှ ငါးရက်လောက်၊ ၁ဝရက်လောက်သာလည်ရတာမျိုးတွေဖြစ်သွားတယ်။ အခုတော့ ပဲဆန်အသစ် ပေါ်နေပြီ။ ဝယ်လို့လည်းရနေတယ်။ မေး။ ။ပြည်ပကတင်သွင်းတဲ့စားအုန်းဆီဈေးနှုန်းနဲ့ ပြည်တွင်းကထုတ်တဲ့ ပဲဆီ၊ နှမ်းဆီ ဈေးနှုန်း ကွာဟမှု ရှိနေတဲ့အပေါ် မူတည်ပြီး စားအုန်းဆီစားသုံးမှုပမာဏများပြားနေတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီလို ဈေးနှုန်း ကွာဟမှုအပေါ် ထိန်းပေးနိုင်မယ့်နည်းလမ်းများရှိပါသလား။ မှောင်ခိုလမ်ကြောင်းကနေ တရားမဝင်ဝင်နေတဲ့ ဆီကိုလည်း တားမြစ်ပေးဖို့ မကောင်းဘူးလား။ ဒါမှသာ ပြည်တွင်းဈေးကွက်အောင်မြင်လာမှာဖြစ်တယ်။ ပြည်တွင်း ဈေးကွက်မအောင်မြင်ရင်၊ ပြည်တွင်းဆီစက် တွေတိုးတက်မှုမရှိရင် ခေတ်မီတဲ့နည်းပညာတွေ ဘယ်လိုလုပ်ပြောင်းလဲနိုင်မလဲ။ ဝယ်ယူနိုင်မလဲ။ ဖြေ။ ။ စားအုန်းဆီနဲ့ယှဉ်ရင် ဆီဈေးကိုထိန်းပေးနိုင်မလားဆိုတာမှာ စားအုန်းဆီနဲ့ယှဉ်ရောင်းခိုင်းရင်တော့ ကျွန်တော်မရောင်းနိုင်ဘူး။ ပဲဆီ၊ နှမ်းဆီရဲ့ အားသာချက်က ကမ္ဘာမှာကိုက စားအုန်းဆီထက် အားသာပြီး စားသုံးသူတွေက တန်ဖိုးထားစားနေတာ တစ်ကမ္ဘာလုံးသိတယ်။ မေး။ ။အဲလို ဈေးနှုန်းကို ယှဉ်ရောင်းတာမျိုးမဟုတ်တောင် စားသုံးသူအများစုလက်လှမ်းမီနိုင်မယ့်ဈေးမျိုး ကိုရော ဆီလုပ်ငန်းရှင်တွေဘက်က လုပ်ဆောင်ပေးနိုင်ပါသလား။ ဖြေ။ ။ အရင်က တစ်နေ့ကို ပေပါသုံးဆယ်ရောင်းပြီးတော့ တစ်ပိဿာကို ၅ဝဝ မြတ်မှရောင်းမယ်။ ပီပါ ၁၅ဝ ရောင်းရတဲ့နေ့ကျရင် တစ်ပိဿာကို ၁၅ဝ အမြတ်နဲ့ရောင်းချင်လည်းရောင်းမယ်။ စက်မှုလက်မှုလုပ်ငန်းက များများ ထွက်လေ။ ကုန်ကျစရိတ်နည်းလေ အကျိုးအမြတ်ကိုနည်းနည်းယူပြီးတော့ များများရောင်းရရင် အကျိုးအမြတ် အတူတူပဲ။ ရောင်းတဲ့ဈေးကွက်ကျယ်ပြန့်ပြီး များများရောင်းရရင် ကျွန်တော်တို့ကဈေးလျှော့ ရောင်းမှာပဲ။ မေး။ ။ ပြည်ပကတင်သွင်းမှုမပြုဘဲ ပြည်တွင်းကစက်နဲ့ ပြည်တွင်းစားသုံးမှုဖူလုံအောင် ထုတ်လုပ်နိုင်ပါ သလား။ ဖြေ။ ။ ပြည်တွင်းစားသုံးမှုဖူလုံဖို့အတွက်က ကျွန်တော်တို့စက်တွေသာ အကုန်လည်ခွင့်ရရင်ကျော်အောင်ကို ထုတ်နိုင်တယ်။ မြန်မာပြည်မှာ စက်ပေါင်း ၃,ဝဝဝ လောက်ရှိတယ်။ တကယ်လည်ပတ်နေတာ အနည်းဆုံး ၂,ဝဝဝ လောက်ရှိတယ်။ တစ်နေ့ ၂၅ ပီပါကျကြိတ်နိုင်တဲ့စက်က ထောင်နဲ့ချီ ရှိတယ်။ ပီပါ ၅ဝ အထက်ကြိတ်နိုင်တဲ့စက်ပေါင်းက ၂ဝဝ လောက်ရှိတယ်။ မြန်မာနိုင်ငံက တစ်ရက်ကိုပီပါ ၈၅ဝဝ လောက်ပဲ လိုတယ်။ တကယ်လို့ ဆီထွက်သီးနှံဖူလုံလို့လုံလုံလောက်လောက်ကြိတ် ခွင့်ရရင် မြန်မာပြည်စားတဲ့ဆီက ကျွန်တော်တို့ဆီက စက်တွေက အေးဆေးပဲ။ မေး။ ။ အဲဒီ့ပြည်တွင်းတစ်နှစ်လိုအပ်တဲ့ စားသုံးဆီပီပါ ၈၅ဝဝ ထုတ်နိုင်ဖို့ရော ဆီထွက်သီးနှံကလုံလောက် နိုင် ပါသလား။ ဖြေ။ ။ အခုလက်ရှိဆီထွက်သီးနှံစိုက်နေတာ ဧကနှစ်သန်းလောက်ရှိတယ်လို့သိရတယ်။ ပြည်ပက စားအုန်းဆီ တင်သွင်းမှုမရှိဘူးဆိုရင်လည်း ဒီဧကနဲ့တင် နိုင်ငံတွင်းလောက်အောင်ထုတ်လုပ်နိုင်ပါတယ်။ မေး။ ။စက်တွေအကုန်လည်ပတ်နိုင်ဖို့။ ပြည်တွင်းလိုအပ်တဲ့ ဆီပမာဏကို စက်ပိုင်းက အပြည့်အဝ ထုတ် လုပ် ခွင့်ရနိုင်ဖို့ ဘာတွေလုပ်ဆောင်သင့်တယ်လို့ထင်ပါသလဲ။ ဖြေ။ ။ပြည်တွင်းဈေးကွက်ကနေပြီး ပြည်တွင်းဆီစက်တွေကို အားပေးမှုဖြစ်အောင် ပြည်တွင်းဈေးကွက်ကို ဖန်တီးပေးရမယ်။ ပြည်တွင်းအားက ကိုယ့်အားပဲ။ ပြည်တွင်း လူဦးရေ သန်း ၆ဝ ဝယ်စား တာသည် ပြည်ပကနေ တန်ချိန် သုံးသိန်းခွဲ ဝယ်စားနေမယ့်ဈေးကွက်ကို သူများကိုပေးမယ့်ပိုက်ဆံဈေးကွက်ကို ကိုယ့်ပြည်တွင်း ဈေးကွက်အဖြစ် ဖန်တီးယူလို့မရဘူးလား။ မှောင်ခိုလမ်ကြောင်းကနေ တရားမဝင်ဝင်နေ တဲ့ဆီကိုလည်း တားမြစ်ပေးဖို့ မကောင်းဘူး လား။ ဒါမှသာ ပြည်တွင်းဈေးကွက် အောင်မြင်လာမှာဖြစ်တယ်။ ပြည်တွင်းဈေးကွက် မအောင်မြင်ရင်၊ ပြည်တွင်းဆီစက်တွေ တိုးတက်မှုမရှိရင် ခေတ်မီတဲ့နည်းပညာတွေ ဘယ်လိုလုပ်ပြောင်းလဲနိုင်မလဲ။ ဝယ်ယူ နိုင်မလဲ။ မေး။ ။ပြည်တွင်းစားသုံးဆီကို ပြည်ပတင်ပို့နိုင်တဲ့အဆင့်ထိ ရောက်အောင်ဆိုရင် စက်တွေ ခေတ်မီဖို့လို တယ်လို့ပြောကြပါတယ်။ စက်တွေခေတ်မီဖို့၊ အရည်အသွေးကောင်းတဲ့ဆီရရှိဖို့ ဆိုရင်ဘာတွေလိုအပ်ပါ သလဲ။ ဖြေ။ ။ ပြည်တွင်းစက်နဲ့တင် ပြည်ပတင်ပို့တဲ့အရည်အသွေးမီအောင်လုပ်နိုင်တယ်။ ပြည်ပကိုတင်ပို့နိုင်ဖို့ အမှန်တကယ် လိုနေတဲ့အချက်က သန့်စင်တဲ့ ကုန်ချောရဖို့ရယ်။ ကုန်ချောထုတ်လုပ်ရာမှာ ထုတ်လုပ်မှု အဆင့်တိုင်း သန့်စင်မှုလည်းရှိရမယ်။ ကုန်ကြမ်းကောင်းရင် ကုန်ချောကောင်းဖို့က မခဲယဉ်းဘူး။ မှိုတက်ပြီး ပိုးထိုးထားတဲ့ ပဲကိုကြိတ်တာ အစစ်လို့ပြောလို့ရပေမယ့် စားသုံးရန်သင့်တဲ့ ပဲဆီအသန့်လို့ပြောလို့မရဘူး။ မေး။ ။ကုန်ကြမ်းကောင်းရင် ကုန်ချောကောင်းဖို့မခဲယဉ်းဘူးဆိုတော့ ကုန်ကြမ်းကောင်းဖို့ ဘယ်လို လုပ်ဆောင် သင့်ပါသလဲ။ ဖြေ။ ။ အစိုဓာတ်ဘယ်လောက်နဲ့ မြေပဲဆန်ကိုထိန်းသိမ်းထားရမယ်။ အစိုဓာတ်များနေရင် အခြောက်ခံစက်နဲ့ အစိုဓာတ်ကိုချရမယ်။ အခြောက်ခံစက်နဲ့ချထားတဲ့ မြေပဲဆန်ကိုသာလျှင် သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း လုပ်ရ မယ်။ စိုနေတဲ့ မြေပဲ ဆန်ကို သိုလှောင်ခြင်း၊ ပုံထားခြင်းမလုပ်ရဘူး။ မေး။ ။အဲဒီလို့ မလုပ်ခဲ့ဘူးဆိုရင် ဘာဖြစ်နိုင်ပါသလဲ။ နောက်ဆက်တွဲအကျိုးဆက်ကရော ဘယ်လိုရှိပါသလဲ။ ဖြေ။ ။အဲကျရင် သူကအစိုဓာတ်များပြီးမှိုဖြစ်လာဖြစ်မယ်။ မြေပဲဆီရဲ့ အဓိကအဆိုးဆုံးအပြစ်က မှိုဆိပ်ပဲ။ အဲဒီ မှိုဆိပ်ကင်းစင်တဲ့ မြေပဲဆန်ဖြစ်ဖို့ အခြောက်ခံစက်ရှိရမယ်။ အစိုအဓါတ်ထိန်းညှိုပေးတဲ့စက်ရှိရမယ်။ ဒါမှသာလျှင် သတ်မှတ်တဲ့ အပူချိန်အတွင်း၊ သတ်မှတ်တဲ့အစို၊ အခြောက်အတွင်းမှာ ကုန်ကြမ်းကိုသိုလှောင် ထားတဲ့အတွက် မှိုဆိပ်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ပွားတာမရှိတော့ဘူး။ စားသုံးရန်သင့်တဲ့ ပဲဆီအသန့် ဆိုတာ မှိုကင်းစင်ရမယ်။ မေး။ ။အဲလိုအခြောက်ခံစက်တွေ ထားရှိလာအောင်နဲ့ စနစ်တကျသုံးစွဲလာအောင် ဘယ်လိုလုပ်ကိုင်ရင် အဆင်ပြေစေနိုင်ပါမလဲ။ ဖြေ။ ။အဲဒါကို ဆီစက်ပိုင်ရှင်တွေလည်း သိအောင်အသိပညာမျှဝေရမယ်။ အဲဒီလိုစက်မျိုးသူတို့ဆီမှာ ရှိအောင် လည်းလုပ်ရမယ်။ မလုပ်နိုင်ရင်လည်း ဘုံပိုင်ဆိုင်မှုမျိုး ဆီထွက်သီးနှံထွက်တဲ့ တစ်မြို့တစ်နယ်မှာ တစ်ခုနှုန်း တည်ထောင်ပြီးတော့မှ လိုတဲ့သူကသွားပြီး နဝလီပေးတဲ့စနစ်နဲ့ အခြောက်ခံတာတို့၊ အအေးခံတာတို့လုပ်လို့ရမယ်။ တစ်ဦးချင်းမဝယ်နိုင်ရင် စုပေါင်းဝယ်ပေါ့။ စိုက်ပျိုးတဲ့နေရာမှာ မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးနိုင်အောင် အကြံဥာဏ် ပေးရမယ်။ မေး။ ။မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးနိုင်ဖို့ လိုအပ်တာလေးတွေလည်း ပြောပြပေးပါဦး။ ဖြေ။ ။အဲဒါက အသင်းအဖွဲ့နဲ့လုပ် မှရမယ်။ ဒါပေမယ့် မိရိုးဖလာအရ သန့်သန့်ရှင်းရှင်းကိုင်တဲ့ နယ တွေက သူနယ်နဲ့ သူရှိတယ်။ မိရိုးဖလာအရ သန့်သန့်ရှင်းရှင်းကိုင်ပြီးတော့ အခုအချိန်ထိလည်း ပစ္စည်းကောင်းကိုင်တဲ့ နယ်တွေကို ဈေးကောင်းပေးပြီး ရွေးဝယ်ရမယ်။ ပစ္စည်းကောင်း ကောင်းကောင်း မကိုင်တတ်တဲ့နယ်တွေကိုလည်း ကောင်းကောင်းကိုင်တတ်အောင် သင်ပေးပြီးတော့ စွဲခေါ်ရမယ်။ စည်းရုံးရမယ်။ မေး။ ။ ပြည်တွင်းစားသုံးဆီဖူလုံဖို့အတွက် ဘယ်လောက်ထိထုတ်လုပ်ရပါမလဲ။ လက်ရှိ ပြည်ပက တင်သွင်း နေတဲ့ စားအုန်းဆီနဲ့ ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ စားသုံးဆီအပိုင်းကိုလည်း ရှင်းပြပေးပါဦး။ ဖြေ။ ။ ပြည်တွင်းစားသုံးဆီဖူလုံဖို့အတွက် ခန့်မှန်း ထားကြတာကတော့ တစ်နှစ်ကို တန်ချိန်ခြောက်သိန်း ခန့်မှန်း ထားတယ်။ အဲလိုခန့်မှန်းထားရာမှာ ပြည်ပကနေ တစ်လကို တန်သုံးသောင်းနဲ့ တစ်နှစ်ကို သုံးသိန်းခွဲ လောက်သွင်း တယ်။ ပြည်တွင်းက နှစ်သိန်းခွဲလောက်ထုတ်လုပ်တယ်လို့ပြောတယ်။ မေး။ ။ လက်ရှိမှာ ဆီထွက်သီးနှံတွေကို ပြည်ပတင်ပို့ခွင့်ပြုမှုအခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။ ဖြေ။ ။ အခုက ဆီကုန်ကြမ်းကို အားလုံးပြည်ပတင်ပို့ခွင့်ပြုလိုက်ပြီ။ အဲလိုဖွင့်ပေးလိုက်တဲ့အကျိုးဆက် ကတော့ နှမ်းဆီက အညာက အဓိကစားတာဆိုတော့ သိပ်ထိခိုက်မှုမရှိပေမယ့် နှမ်းဖက်ကတော့ ရှားသွား တယ်။ နှမ်းဖက် တစ်ပိဿာတစ်ထောင်လောက်ဖြစ်သွားတယ်။ မြေပဲကို ခွင့်ပြုလိုက်တာကတော့ တော်တော် ထိခိုက်တယ်။ နှမ်းဆီကို မြန်မာနိုင်ငံမှာ ၂ဝ ရာခိုင်နှုန်းလောက်ပဲစားတာ။ မြေပဲဆီကို ၈ဝ ရာခိုင်နှုန်းလောက် စားတယ်။ မေး။ ။ အဲလိုဆိုတော့ ပဲဆီ၊ နှမ်းဆီရဲ့ ဈေးကွက်ဈေးနှုန်းအပေါ် အကျိုးသက်ရောက်မှုကရော ဘယ်လို ရှိပါသလဲ။ ဖြေ။ ။ ဆီထွက်သီးနှံကို ပြည်ပကိုတင်ပို့တဲ့အတွက် ဈေးတွေအရမ်းမြင့်သွားတယ်။ အရင်တုန်းက မြေပဲဆန် က တစ်ပိဿာ ၁၅ဝဝ၊ ၁၆ဝဝ ကနေ အခု ၂၅ဝဝ ထိအောင်ဖြစ်သွားတယ်။ အဲဒီအတွက် လယ်သမားတွေက ဈေးကောင်းရသွားတယ်။ ပို့တဲ့သူ တွေအလုပ်ဖြစ်သွားတယ်။ ဒါပေမယ့် ပြည်တွင်းဆီစားသူတွေက အရင်က ၃၈ဝဝ လောက်နဲ့ဝယ်စားရ တာကနေ ၅၃ဝဝ ဖြစ်သွားတယ်။ပြည်တွင်း မွေးမြူရေးလုပ်ငန်းရှင်တွေက ပဲဖတ် ၆၅ဝ လောက်နဲ့ ဝယ်လို့ရနေရာကနေ ၁ဝဝဝ လောက်ဖြစ်သွားတယ်။ ကုန်ကြမ်းဈေးတက်ပြီဆိုတာနဲ့ အဲဒီကုန်ကြမ်းနဲ့ ဆက်စပ်နေတဲ့ ကုန်ချော၊ ဘေးထွက်ပစ္စည်းအားလုံး လိုက်တက်သွားတယ်။ မေး။ ။ ပြည်တွင်းစားသုံးဆီဖူလုံစွာထုတ်လုပ်နိုင်ဖို့နဲ့ပတ်သက်ပြီး ဆီစက်လုပ်ငန်းရှင်တွေဘက်က သဘော ထားနဲ့ တာဝန်ယူမှုအပိုင်းကို ပြောပြပေးပါဦး။ ဖြေ။ ။ မြန်မာနိုင်ငံပြည်တွင်းစားသုံးဆီ ဖူလုံဖို့နဲ့ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်ဖို့ ကိစ္စသည် ပြည်တွင်း စက်မှု လက်မှု လုပ်ငန်းရှင်ဖြစ်တဲ့ ဆီစက်လုပ်ငန်းရှင်များရဲ့ ရပိုင်ခွင့်ဖြစ်သလို တာဝန်လည်းဖြစ်တယ်။ ပြည်တွင်း ဆီဖူလုံဖို့ က ကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်။ အဲဒီ ပြည်တွင်းဆီရောင်းချခြင်း၊ ထုတ်လုပ်ခြင်း၊ ပြည်တွင်း ဆီထွက်သီးနှံဖွံ့ဖြိုး တိုးတက်အောင် အားပေးခြင်းဆိုတဲ့ကဏ္ဍတွေကလည်း ကျွန်တော်တို့ရဲ့ တာဝန်ပဲ။ အဲဒီက ဖြစ်ပေါ်လာတဲ့။ စားသုံးသူတွေက ပေးလာတဲ့အကျိုးအမြတ်တွေကလည်း ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်ပဲ။ မေး။ ။ အဲလိုရပိုင်ခွင့်နဲ့ တာဝန်ယူလုပ်ဆောင်နိုင်မှုအတွက် အသင်းအဖွဲ့တစ်ခုအနေနဲ့ ရပ်တည်လုပ် ဆောင် သင့်တယ်လို့ မြင်ပါသလား။ အသင်းတစ်ခုရဲ့ အရေးပါမှုကိုလည်း ပြောပြပေးပါဦး။ ဖြေ။ ။ ဆီစက်လုပ်ငန်းရှင်များအသင်းဖြစ်ပေါ်လာရေး အရေးပါမှုက မြန်မာနိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လည်း အခြေခံအကြောင်းတရားထဲမှာပါတယ်။ ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စသည် ဆီထွက်သီးနှံ စိုက်ပျိုးပြီး ဆီထွက် သီးနှံကုန်ကြမ်းရောင်းရရုံလောက်နဲ့တော့ စိုက်ပျိုးသူနဲ့ ရောင်းသူပဲ ပိုက်ဆံရသွားမယ်။ ပြည်တွင်း စက်မှုလက်မှုလုပ်ငန်းတိုးတက်လာမှာမဟုတ်ဘူး။ မေး။ ။အဲဒီအသင်းဖြစ်ပေါ်လာဖို့ရော လုပ်ဆောင်နေပါသလား။ ဖြေ။ ။ ဆီစက်လုပ်ငန်းရှင်များအသင်းဖြစ်ပေါ်လာဖို့ ဆီစက်ပိုင်ရှင်တော်တော်များများက သက်ဆိုင်ရာလူကြီး တွေ ဆီကို ဆင့်ကဲဆင့်ကဲတင်ပြထားတယ်။ အခုလက်ရှိပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကလည်း ဖွဲ့ပေးဖို့ ပြောထားပြီးပြီ။ ဘယ်အချိန်မှာ အခြေအနေပေးမယ်ဆိုတာကတော့ မသိရသေးဘူး။ အဲဒီ့အသင်း မြန်မြန်ဖြစ် လေကောင်းလေပဲ။ မြန်မြန်ဖြစ်ရင် စိုက်ပျိုးတဲ့တောင်သူတွေလည်း စိုက်ပျိုးသီးနှံအတွက် အာမခံချက် ရှိလာ မယ်။ မေး။ ။အဲဒီအသင်းပေါ်ပေါက်လာရင် ရရှိမယ့်အကျိုးကျေးဇူးကိုလည်း သုံးသပ်ပေးပါဦး။ ဖြေ။ ။ မြန်မာနိုင်ငံကို စိုက်ပျိုးရေးအခြေခံစက်မှုလက်မှုနိုင်ငံလို့ပြောလိုက်တာနဲ့ကို ဆီစက်လုပ်ငန်းရှင်များ အသင်း ဟာ ဂုဏ်ဒြပ်အနေနဲ့ရှိကိုရှိရမယ်။ ဆီစက်လုပ်ငန်းရှင်များအသင်းပေါ်လာတာနဲ့ ဆီစက်လုပ်ငန်း ရှင်များ အသင်းရဲ့ ရည်ရွယ်ချက်က ပါလာရမယ်။ အဲဒီမှာ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သူတွေဘဝမြင့်မား ဖို့။ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ သန့်ရှင်းလက်ဆတ်တဲ့ဆီရရှိဖို့။ မွေးမြူရေုးလုပ်ငန်းရှင်တွေအတွက် ဘေးထွက် ပစ္စည်းတွေကိုလည်း သန့်ရှင်းကောင်းမွန်တဲ့ ဘေးထွက်ပစ္စည်းတွေ ရရှိဖို့။ နိုင်ငံတကာ ကျန်းမာရေးအဆင့် အတန်းနဲ့ညီတဲ့ စားသုံးဆီ တွေတင် ပို့နိုင်ဖို့။ အဲဒီ့ရည်ရွယ်ချက်တွေ ပါလာမှာပဲ။ oiol မှတ်ချက်။ အဆိုပါဈေးနှုန်းများသည် စက်တင်ဘာလ ၁၂ ရက်နေ့ ဈေးနှုန်းများ ဖြစ်သည်။

Eleven မှာ ပါတဲ့ ဒေါက်တာခင်မောင်ညိုရဲ့ဆောင်းပါးပါ

မြန်မာ့ဆိုရှယ်လစ်စနစ် စလိုက်တယ် ဆိုကတည်းက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ထူးထူးခြားခြား ပေါ်ထွက်လာတာကတော့ ဆီစာအုပ်ပါပဲ။ မြန်မာ့ဆိုရှယ်လစ် ဖခင်ကြီး ဦးနေ၀င်းဟာ ကွမ်းယာဆိုင်တွေကအစ လမ်းဘေးဈေးဆိုင်တွေကို ပြည်သူပိုင် သိမ်းလိုက်လေတော့ လူတွေမှာ ပဲပြုတ်ကို ဆီဆမ်းပြီး စားဖို့ဆီတောင် ၀ယ်လို့မရတော့ဘူးလို့ ညည်းညူသံတွေကို ကြားဖူးပါတယ်။ ဆီဆိုတာကတော့ လူတွေရဲ့ အစားအသောက်တွေထဲမှာ ၁၀ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၃၀ အထိ လိုအပ်တယ်လို့ ဆိုထားတယ်လေ။ မြန်မာတွေကတော့ ဆီလက်ကြား ယိုစားတတ်တယ်။ အဲဒီ အချိန်မှာ ဆီတစ်ပိဿာ နှစ်ကျပ်ခွဲကနေ သုံးကျပ်ခွဲအထိ မှောင်ခိုဈေးမှာ တက်သွားလေတော့တယ်။ ဒါနဲ့ပဲ လူတိုင်းဆီဝယ်နိုင်ဖို့ အခွင့်အလမ်း ရှာကြရတယ်။ ဆိုရှယ်လစ် ဖခင်ကြီးတွေရဲ့ စီမံချက်အတိုင်း ဆီစာအုပ် ဆိုတာကို ရှာဖွေတွေ့ရှိ ခဲ့တယ်။ ဆိုရှယ်လစ် ၀ါဒဟာ သာတူညီမျှ ဖြစ်ရမှာကိုး။ မရှိအတူ ရှိအတူ ငါးပိ အတူတူစားဆိုတဲ့ ၀ါဒပေါ့။ ဒီလို စာအုပ်တွေကို လုပ်ပေးဖို့ ရပ်ကွက်ရှိ ငါးဦးကော်မတီ အဖွဲ့တွေ ဖွဲ့စည်းတော့တယ်။ ငါးဦးကော်မတီဟာ အာဏာပိုင် အဖွဲ့အစည်း တစ်စိတ်တစ်ဒေသ ဖြစ်လာတယ်။ လက်ကိုင်တုတ်တွေ ဖြစ်လာတယ်လို့လည်း အချို့က ဆိုတယ်။ ဒါကြောင့် ဆီစာအုပ်ဟာ အုပ်ချုပ်ရေး အဖွဲ့ကို အာဏာစတင် အပ်နှင်းလိုက်တာပဲလို့ ပြောနိုင်ပါတယ်။ ဆီစာအုပ်ဟာ အာဏာဆိုတာ သိသွားတဲ့ မဆလ အစိုးရဟာ အိမ်ထောင်စု သန်းခေါင်စာရင်း စာရွက်တွေနဲ့ ဆီစာအုပ်တွေကို တလေးတစား လုပ်လာကြတာ ဖြစ်တယ်။ ဆင်းရဲသားတွေကလည်း ဆီစာအုပ်ဟာ ပိုင်ဆိုင်မှု တစ်ခုလို့ သိလာတယ်။ ဆီစာအုပ်ကို ပေါင်လို့ရတယ်။ ရောင်းလို့လည်း ရလာတယ်။ တကယ်လည်း အာဏာပိုင် အဖွဲ့အစည်းတွေဟာ ၂၀၁၀ ပြည့်နှစ်အထိ စားအုန်းဆီတွေကို ထိန်းချုပ်ရောင်းဝယ် နေကြပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာထွက်တဲ့ မြေပဲဆီဟာ အင်မတန် ကောင်းမွန်ပြီး စားသုံးရန်သင့်တဲ့ ဆီပါပဲ။ သူဟာ မပြည့်ဝတဲ့ အဆီတွေ ပါနေတယ်လို့ အင်မတန် ကောင်းတဲ့ဆီလို့ ဆိုနိုင်တယ်။ ဒါပေမဲ့ မြေပဲဆီဟာ ဈေးကြီးတယ်။ ဈေးပေါတဲ့ စားအုန်းဆီကို ကုမ္ပဏီတွေက မတန်တဆ အမြတ်ကြီးစားကာ တင်သွင်းကြပြန်တယ်။ တစ်ဖက်ကလည်း ကုန်သည်ဝိသမ လောဘသားတွေက ဒီစားအုန်းဆီကို အရောင်ဆိုး အနံ့ထည့်ကာ အမြတ်တင် ရောင်းပြန်သေးတယ်။ မြေပဲဆီ အတုပေါ့။ ဒါပေမဲ့ ပြည်သူက သိတယ်။ မြေပဲဆီမှာ မပြည့်ဝ ဖက်တီးအက်စစ်တွေ များတယ်။ ဒါကြောင့် ရေခဲသေတ္တာထဲ ထည့်ရင် တော်ရုံတန်ရုံနဲ့ မခဲပါဘူး။ စားအုန်းဆီကတော့ ခဲတာပဲ။ ဒီတော့ ဆီမခဲရအောင် ဆီရဲ့အရည်ခဲမှတ်ကို နှိမ့်ချလိုက်တယ်။ ဒါကို Depression of freezing point လို့ ခေါ်ပါတယ်။ အတု လုပ်သူတွေဟာ အရည်တစ်ခုထဲကို ဆားတစ်ခုခု ပျော်ဝင်စေလိုက်ရင် ခဲမှတ်နိမ့်ကျ သွားမယ်ဆိုတာကို သိဟန်တူတယ်။ ရေခဲသေတ္တာထဲမှာ တော်ရုံနဲ့ မခဲတော့ဘူးပေါ့။ ဒါပေမဲ့ ဆားတွေဟာ ဆီထဲမပျော်ဝင်ဘူး။ ဒီတော့ သူတို့ဘာလုပ်လဲ။ ဆပ်ပြာရည်ကို ထည့်တော့တာပဲ။ ဆပ်ပြာဆိုတာ ဆားပါ။ သူ့ကို Sodium salt of fatty acid လို့ ခေါ်တယ်။ ဆိုဒီယံ ဆားပေါ့ဗျာ။ သူဟာ ရေထဲလည်း ပျော်သလို ဆီထဲလည်း ပျော်ဝင်တယ်။ အဲဒီ ဆပ်ပြာပျော်ဝင်နေတဲ့ ဆီဟာ ခဲမှတ်နိမ့်သွားပါတယ်။ ရေခဲသေတ္တာထဲမှာ တော်ရုံနဲ့ မခဲတော့ဘူး။ ဒါဆို သူတို့အတွက် အဆင်ပြေတာပေါ့။ အဲဒီ ဆပ်ပြာထည့်ထားတဲ့ ဆီကို အရောင်ဆိုး မြေပဲအနံ့ ထည့်လိုက်တော့ သူတို့လိုတဲ့ဈေးနဲ့ ရောင်းလို့ရတာပေါ့။ ပျမ်းမျှ တစ်ပိဿာ ကျပ်နှစ်ထောင်ဈေးရှိတဲ့ စားအုန်းဆီဟာ ကျပ်လေးထောင် အသာလေး ရောင်းလို့ရလာတယ်။ အဲဒီဆီ ဘာဆိုးကျိုးပေးလဲ။ မသိကြတာ အမှန်ပဲ။ ကမ္ဘာမှာ ဒီလိုပြဿနာတွေ ရှိမှမရှိဘဲ။ လုပ်ငန်းရှင်များဟာ ပြည်သူများကို ငဲ့ညှာသောအားဖြင့် မှန်မှန်ကန်ကန်လုပ်ဖို့ လိုသလို ဒါကိုစစ်ဆေးဖို့၊ တားဆီးဖို့ အစိုးရအပြင် စားသုံးသူများ ကာကွယ်စောင့်ရှောက်ရေး အသင်းအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ပါတယ် . . . . . မကြာသေးမီကလည်း ဆီထဲကို ပလတ်စတစ် ရေသန့်ဘူးတွေထည့်ပြီး အကြော်တွေ ကြော်သတဲ့။ ဒါဟာလည်း ဆူမှတ်မြင့်စေတဲ့ elevation of boiling point ဖြစ်လို့ အကြော်တွေဟာ ကြွပ်ရွသွားပါတယ်။ သို့သော် ဆိုးကျိုးအများကြီး ဖြစ်စေမှာ အသေအချာပေါ့။ မြန်မာပြည်က ၀ိသမ လောဘသားတွေဟာ ဒီလိုဥာဏ်နီ ဥာဏ်နက်တွေများပြီး ဘနဖူးကို သိုက်တူးတာ ဆိုးပါတယ်။ တကယ်တော့ ပြည့်ဝဆီ အချို့ဟာ လူတွေထင်သလောက် ကိုယ်လက်စထရောကို မတက်စေပါဘူး။ လူတွေကိုလည်း ဒုက္ခသိပ် မပေးပါဘူး။ ဥပမာ-စာအုန်းဆီမှာ ပါဝင်တဲ့ဆီ Palmitic acid ကို လေ့လာကြည့်တဲ့အခါ သူဟာ ပြည့်ဝဆီ ဖြစ်သော်လည်း ကိုယ်လက်စထရောအပေါ် သက်ရောက်မှု မရှိဘူး။ ဓာတ်ပြယ်နေပါတယ်။ Neutral ဖြစ်နေသတဲ့။ အဲဒါအပြင် စာအုန်းဆီဟာ သွေးမှာရှိတဲ့ ကိုယ်လက်စထရောကို လျော့ကျစေတယ်။ တကယ်တော့ ဦးနှောက်ကို ကောင်းကောင်းအလုပ်လုပ်ဖို့ ပြည့်ဝဆီတွေ လိုပါတယ်။ အုန်းဆီ၊ သတ္တ၀ါတွေရဲ့အဆီ နွားနို့ထောပတ် စတာတွေဟာ အတိုင်းအတာ တစ်ခုအထိ စားသောက်နိုင်ပါတယ်။ အုန်းဆီကို ကျွန်တော်တို့ အိမ်နီးနားချင်းတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ သီရိလင်္ကာတို့က နေ့စဉ်စားသုံး နေကြပါတယ်။ အုန်းဆီဟာ အင်မတန် ပြည့်ဝတဲ့ဆီပါပဲ။ ဒီဆီတွေဟာ ကောင်းတဲ့ကိုယ်လက်စထရောကို မြင့်တက်စေတယ်လို့ ဆိုတယ်။ ကျွန်တော်တို့တစ်တွေက ရေခဲသေတ္တာထဲထားရင် ခဲတဲ့ဆီကို မကောင်းဘူးလို့ ယူဆကြတယ်။ ဒါကြောင့် ၀ိသမ လောဘသမားတွေက ဆီကိုမခဲအောင် မမှန်ကန်တဲ့ နည်းတွေနဲ့ ကြိုးစားလာကြတာ ဖြစ်တယ်။ ဒါဟာ အကြီးအကျယ် လွဲမှားနေပါတယ်။ အချုပ်ပြောရရင်တော့ ဈေးပေါတဲ့ စားအုန်းဆီ စားသုံးတာဟာ ပိုပြီးလို့တောင် အန္တရာယ်ကင်းသလို ဖြစ်နေပါသေးတယ်။ တစ်ခုတော့ ရှိတယ်။ မြန်မာပြည်ကို မလေးရှားက ဆပ်ပြာချက်တဲ့ Industrial လုပ်ငန်းသုံး အုန်းဆီတွေကို မသွင်းဖို့တော့ လိုပါတယ်။ လုပ်ငန်းရှင်များဟာ ပြည်သူများကို ငဲ့ညှာသောအားဖြင့် မှန်မှန်ကန်ကန်လုပ်ဖို့ လိုသလို ဒါကိုစစ်ဆေးဖို့၊ တားဆီးဖို့ အစိုးရအပြင် စားသုံးသူများ ကာကွယ်စောင့်ရှောက်ရေး အသင်းအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ တရားဥပဒေ စိုးမိုးနိုင်ပါစေ။

ဖတ်ကြည့်သင့်တဲ့ ဆောင်းပါးလေးပါ

နှလုံးရောဂါ သဘာဝကာကွယ်ဆေး နှလုံးရောဂါ သဘာဝကာကွယ်ဆေး: ယနေ့ ကမ္ဘာတွင် အသက် ၄၀-အထက် ယောက်ျားများနှင့် သွေးဆုံးပြီးသည့် အမျိုးသမီးများ အသက်ဆုံးရှုံးကြရခြင်း၏ အဓိကအကြောင်းမှာ နှလုံးသွေးကြောပိတ် လေဖြတ်ခြင်းကြောင့် ဖြစ်ရပါသည်။ ဤရောဂါစုသည် တချိန်က တိုးတက်ပြီးနိုင်ငံများမှ လူသားများကိုသာ ဒုက္ခပေးခဲ့၍ ယနေ့ မြန်မာနိုင်ငံ ကဲ့သို့ တိုးတက်ဆဲနိုင်ငံများမှာလည်း ရောဂါဖြစ်သည့်နှုန်းသည် တိုးတက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အသက် ၃၀-မှ ၃၅-အရွယ် ယောက်ျားလေးများမှာပင်လျှင် ဤရောဂါစုကို ခံစာေးနရသူတွေ တယောက်စ နှစ်ယောက်စ ဆိုသလို တွေ့မြင်နေရပါသည်။ ထို့ကြောင့်ပင်လျှင် သွေးထဲ အဆီဓာတ် မတက်ရအောင် နေ့စဉ်စားသုံးဆီကို ထက်ဝက်ခန့် လျှော့ချကြရန် သတိပေးနေရခြင်း ဖြစ်သည်။ စားသုံးဆီတွင်ပါဝင်သော အဆီဓာတ်တို့ကို အမျိုးအစားခွဲလိုက်လျှင် အောက်ပါအတိုင်း လေးမျိုးလေးစား ရှိသည်ကို တွေ့ရပါမည်။ ၁။ Total Cholesterol စုပေါင်း ကိုလက်စထရောဓာတ်။ ၂။ High Density Lypoprotein (HDL) သိပ်သည်းဆ မြင့်သော လိုင်ပိုပရိုတင်း ကိုလက်စထရောဓာတ်။ ၃။ Low Density Lypoprotein (LDL) သိပ်သည်းဆ နိမ့်သော လိုင်ပိုပရိုတင်း ကိုလက်စထရောဓာတ်။ ၄။ Total Glyceride ဂလစ်စရိုက်ဓာတ်ပေါင်းတို့ ပါဝင်ကြသည်။ အဆိုပါ ဓာတ်ပေါင်းလေးမျိုးအနက် Total Cholesterol က အဓိကရောဂါဖြစ်သော တရားခံ ဖြစ်ပါသည်။ Cholesterol ဓာတ်သည် ဝက်သား၊ ဝက်ဆီ၊ ဝက်ဦးနှောက်၊ ကြက်ဥအနှစ်၊ အုန်းသီး စသည်တို့၌ ပေါများစွာပါရှိသည်။ ထို့ကြောင့် ကျန်းမာရေးကို အလေးထားသူများက ယခုအခါ ဝက်သားနှင့် အုန်းသီးတို့ကို ရှောင်နေကြပြီ ဖြစ်ပါသည်။ သို့သော် ယင်းတို့သည်လည်း အရေးကြီးသော ဓာတ်များ ဖြစ်ကြ ပါသည်။ စာရေးသူ၏ဖခင်သည် ဆီးချိုအခံရှိရာက နှလုံးသွေးကြောပိတ်ရောဂါဖြင့် အသက်သေဆုံးခဲ့ရသည်။ ထို့ကြောင့် စာရေးသူကိုယ်တိုင်လည်း သွေးထဲ ကိုလက်စထရောဓာတ် မတက်ရအောင် အမြဲသတိပြု နေထိုင်ခဲ့သည်။ ယင်းသို့ နေထိုင်သည့်တိုင် လွန်ခဲ့သော ငါးနှစ်လောက်က ဒေါသထွက်ရာမှ လေဖြတ်ခံရလု အဆင့် T.I.A Transient Ischaemic Attack ကို ရောက်ခဲ့သေးသည်။ ထိုအချိန်က စာရေးသူ၏သွေးထဲ ကိုလက်စထရောနှင့် သကြားဓာတ်တို့သည် မြင့်တက်နေခြင်း အလျဉ်းမရှိ။ နောက်ဆုံး ခေတ်ပေါ်ကွန်ပျူတာ နည်းဖြင့် သွေးကို စစ်လိုက်သောအခါမှ Triglycerides ထရိုင်ဂလစ်စရိုက်ဓာတ်သည် ရှိသင့်သည်ထက် များစွာတက်နေသည်ကို တွေ့ရှိခဲ့ရသည်။ ယင်းဓာတ်တို့ကို အလေးပေး၍ ရှောင်စရာရှိသည်များကို အစားအသောက်မှ ရှောင်လိုက်ခြင်းဖြင့် ဤရောဂါစုများ ဒုက္ခပြန်မပေးတော့ခြင်း ဖြစ်သည်။ ဤသို့ သွေးထဲ ကိုလက်စထရောနှင့် အခြားအဆီဓာတ်အမျိုးမျိုးကို ချပေးနိုင်သော ဆေးဝါးများ အမျိုးမျိုးရှိကြပါသည်။ သို့သော် ဆေးတန်ဖိုးက တလအတွက် ကျပ်သုံးထောင်ကျော်မှ လေးထောင်နီးပါး သုံးရမည်ဖြစ်ပြီး အသက်သေဆုံးချိန်အထိ နောင် အနှစ်နှစ်ဆယ်၊ သုံးဆယ်ဆက်တိုက် သောက်သုံးရဦးမည် ဖြစ်၍ တိုးတက်ဆဲနိုင်ငံသူ နိုင်ငံသားများအဖို့ အိပ်မက်ပင် မမက်ဝံ့နိုင်သောကိစ္စ ဖြစ်နေသည်။ သို့ကြောင့် စာရေးသူ ဆေးခန်းသို့ ရောက်လာသော လူနာများကို သံလွင်ဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာစေ့ဆီ တို့ကိုသာ ဦးစားပေး သုံးစွဲစေသင့်ကြောင်း အကြံပြုပြီး ဝက်ဆီ၊ အုန်းဆီတို့ကို ရှောင်စေခြင်း၊ ကြက်ဥ၊ ဘဲဥတို့ကို ကန့်သတ်စားသုံးစေခြင်း၊ ခန္ဓာကိုယ် အလေးချိန် မမြင့်တက်ရအောင် ထိန်းထားစေခြင်းတို့ဖြင့် အကြံပေးဖြစ်သည်။ နှလုံး ကျန်းမာသန်စွမ်းစေဖို့ ဝိုင်အရက် (Red Wine) နှင့် ဘီယာအနက် (Dark Beer) တို့ကို နည်းနည်းစီ သောက်သုံးစေခြင်း၊ ဆေးလိပ်ကို လုံးဝ ဖြတ်တောက်စေခြင်း၊ ပူပင်သောကကို တတ်နိုင်သလောက် နည်းမျိုးစုံဖြင့် လျှော့ချစေခြင်း၊ Vitamin ဆေးဝါးများဖြင့် အားဖြည့်ပေးခြင်း၊ သင့်တင့်သော အစားအသောက်များ ရွေးချယ်စားသောက်ခြင်းတို့ကို ပြုလုပ်ပေးရမည်။ သဘာဝနည်းဖြင့် ကိုလက်စထရောဓာတ်ကို ထိန်းခြင်း--- အောက်ပါနည်းများဖြင့်လည်း သွေးထဲမြင့်နေသော ကိုလက်စထရောကို ချပေးနိုင်ပါသေးသည်။ (၁) ကောင်းသော အဆီဓာတ်ကို ဦးစားပေး စားသုံးပါ၊ သွေးကြောများတွင် သွေးခဲများ ပိတ်ဆို့စေတတ်သော အဓိကဇာတ်ကောင်မှာ L.D.L ကိုလက်စထရောဓာတ်ဖြစ်သည်။ ဤ L.D.L ကိုလက်စထရောဓာတ် မတက်ရအောင် ထောပတ်အစား သာမန်ဟင်းရွက်ဆီကို အစားထိုင်းနိုင်သည်။ မလိုင်အပြည့်ပါသော နွားနို့ကို သောက်မည့်အစား မလိုင်နှုတ်ထားသောနွားနို့ကို သောက်သုံးခြင်း စသည့်နည်းများဖြင့် ကာကွယ်၍ ရ၏။ (၂) ကြက်ဥ၊ ဘဲဥများတွင် ကိုလက်စထရောဓာတ်များ ပါရှိသည့်ဟု ဆိုထားသော်လည်း H.D.L ပြည့်ဝသော ကိုလက်စထရောဓာတ် အဓိကပါဝင်သည်။ ယင်းဓာတ်တက်စေရန် ကြက်ဥ၊ ဘဲဥကို စားသုံးနိုင်ပါသည်ဟု ဆိုလာကြသည်။ သို့ကြောင့် ယခုအခါ နှလုံးရောဂါသည်များပင်လျှင် ရက်သတ္တတပတ်လျှင် ဘဲဥ၊ ကြက်ဥ နှစ်လုံးမျှကို စားသုံးစေပါသည်။ (H.D.L ကောင်းသော ကိုလက်စထရောဓာတ် တက်နေပါက မကောင်းသော ကိုလက်စထရော L.D.L ဓာတ်ကို အချိုးကျကျ ဆင်းစေသောကြောင့် ဖြစ်၏) (၃) မကောင်းသည့် အဆီများကို ကန့်သတ်၍စားသုံးပါ။ စားသုံးသည့် အဆီသည်လည်း နေ့စဉ် စားသုံးနေသော အာဟာရဓာတ်၏ ၃၀-ရာခိုင်နှုန်းထက် မပိုစေရပါ။ ကောင်းသောအဆီဆိုသည်ကား ဟင်းရွက်ဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ စားအုန်းဆီတို့ ဖြစ်၍ မကောင်းသော အဆီဆိုသည်ကား ဝက်ဆီ၊ အမဲဆီ၊ အုန်းဆီတို့ကို ဆိုလိုသည်။ (၄) ခန္ဓာကိုယ် အလေးချိန် မတိုးအောင် ထိန်းထားပါ။ ခန္ဓာကိုယ်အလေးချိန် လျှော့ချနိုင်ပါက H.D.L မြင့်တက်လာပါလိမ့်မည်။ (၅) လှုပ်ရှားသွားလာပါ။ လေ့ကျင့်ခန်း မှန်မှန်ပြုပါ။ လှုပ်ရှားမှုနည်းသော သွေးဆုံးပြီး အမျိုးသမီးများတွင် ထရိုင်းဂလစ်စရိုက်ဓာတ်သည် သွေးမဆုံးမီ အမျိုးသမီးတို့ထက် ၈၅-ရာခိုင်နှုန်းအထိ မြင့်တက်နေတတ် ပါသည်။ ကိုယ်လက်လှုပ်ရှားခြင်းကြောင့် သွေးထဲ အဆီမျိုးစုံကို ကျစေသည်။ ကောင်းသော ကိုလက်စထရောများကို မြင့်တက်စေပါသည်။ (၆) အနီရောင် ဝိုင် သို့မဟုတ်-အနက်ရောင် ဘီယာတို့ကို နည်းနည်းစီ သောက်ခြင်းဖြင့် သွေးထဲ ကိုလက်စထရောဓာတ် အားလုံးကိုကျစေပါသည်။ (၇) ဆေးလိပ်ကို ဖြတ်ပါ။ ဆေးလိပ်သောက်သူများတွင် လူကိုအကျိုးပြုသော H.D.L ကျဆင်းစေပါသည်။ ဆေးလိပ်ဖြတ်မှသာ ယင်း H.D.L များ ပြန်တက်သွားလေ့ရှိပါသည်။ (၈) ပူပင်သောကရှိသူများ၊ ဒေါသကို အောင့်ထားရသူများ၊ ဒေါသကြီးသူများတွင် L.D.L ဓာတ် မြင့်တက်နေတတ်သည်။ (၉) ဗိုက်တာမင်မျိုးစုံထဲတွင် ဗိုက်တာမင် အီးသည် သွေးထဲရှိ L.D.L နှင့် ပေါင်းပြီး သွေးကြောထဲ သွေးခဲပိတ်ဆို့မနေရအောင် ကာကွယ်ပေးပါသည်။ H.D.L နိမ့်ကျသည့်အခါ၊ ထရိုင်ဂလစ်ဆရိုက် မြင့်နေသည့်အခါ၊ နိုင်ရာဆင် Niacin (ဗိုက်တာမင် ဘီ တမျိုး) က အန္တရာယ်ဖြစ်မလာရအောင် အကာအကွယ် ပေးပါသည်။ (၁၀) ကောင်းသောအစားအစာများကို ပိုမိုစားပါ။ အထူးသဖြင့် ပဲအမျိုးမျိုး၊ ဘာလီ၊ လိမ္မော်၊ ရှောက်၊ သံပရာ တို့ကို ပိုမိုသောက်သုံးပါ။ ဆော်လမွန်ငါး၊ ငါးကွမ်းရှက်တို့၏ အဆီများသည် ပြည့်ဝအဆီ ပါဝင်မှုနည်းသောကြောင့် လူကို အကျိုးပြုပါသည်။ ထို့ပြင် အမျှင်ပေါကြွယ်ဝသော အစားအစာများ၊ ဥပမာ-ဟင်းသီးဟင်းရွက် မျိုးစုံနှင့် သစ်သီးဝလံမျိုးစုံကို ဦးစားပေး စားသုံးစေခြင်း၊ ပဲမှ ထုတ်လုပ်ရရှိသော တိုဟူး၊ ပဲနို့ စသည်တို့ကို ဦးစားပေး စားသုံးစေခြင်း စသည့်နည်းများဖြင့် ကိုလက်စထရောဓာတ်ကို လျှော့ချပေးနိုင်ပါသည်။ သို့သော် ယင်းအစားအသောက် များကို ရှောင်ကြဉ်ရန် ဝန်လေးနေကြသူများအတွက်လည်း ပူပင်စရာ မလိုတော့ပါ။ သင့်တော်ရာ ဆေးဝါး များကို မှီဝဲရုံဖြင့် အဆင်ပြေနိုင်ပါသည်။ ယင်းဆေးကား ဈေးလည်း များလှသည်မဟုတ်သည့်အပြင် စားသုံးရာတွင်လည်း ကရိကထ မများလှသည့်ဆေးဖြစ်သည်။ ကြားဖူးကြမည်ထင်ပါသည်။ မြောက်ဝင်ရိုးစွန်းတန်းအနီး ရေခဲတုံးများကို အိပ်ဆောက်ကာ နေထိုင်ခဲ့ကြသည့် အက်စကီးမိုး လူမျိုးတို့အကြောင်းပင် ဖြစ်သည်။ ဤလူမျိုးတို့သည်ကား ကျန်းမာရေးအမြင်အရ အမှန်ပင် စိတ်ဝင်စားစရာ ကောင်းလှပါသည်။ ယင်းလူမျိုးတို့သည် ဗိုက်ရွှဲနေသူဟူ၍ မရှိ။ နှလုံးရောဂါတိုသည်လည်း သူတို့ဆီမှာ မကြားစဖူး၊ ဆီးချိုရောဂါဆိုသည်လည်း သူတို့ပတ်ဝန်းကျင်တွင် အစိမ်းသက်သက်၊ သူတို့စားကြသည့် အစားအစာများကလည်း အဆီဓာတ်နှင့် ပြည့်နေသော ငါးမျိုးစုံကိုသာ အဓိကစားသုံးကြသည်။ 'Eat fish to Live Long" အသက်ရှည်စေရန် ငါးကို ပိုမိုစားသုံးကြပါ။ 'Eat Fat and Grow Slim"လူတွေ မဝကြရအောင် ငါးမှရသော အဆီကို သဘောရှိ စားသုံးကြပါ။ စသည့်အချက်အလက်တို့ကို ရေးသားပြုစုထားသော စာအုပ်စာတမ်းများသည် နောက်တိုင်းတွင် ရောင်းမလောက်အောင် ထုတ်ဝေနိုင်ခဲ့ကြသည်။ ယင်းအချက်တို့ကို သိပ္ပံပညာရှင်များကလည်း ထောက်ခံမှုပေးထားသော စာတမ်းများလည်း ပလူပျံအောင် ထွက်ခဲ့ပြီး ဖြစ်သည်။ ယင်း အက်စကီးမိုး ဒေသ၌ ပေါများစွာ စားသုံးနေကြသော အဆီတို့ကို V-Omega အမည်ဖြင့် ကမ္ဘာတွင် တွင်ကျယ်စွာ ရောင်းချလျက်ရှိရာ မြန်မာနိုင်ငံ၌လည်း ယင်းဆေးလုံးများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ နှလုံးသွေးကြောပိတ် လေဖြတ်အန္တရာယ်နှင့် နီးစပ်သောလူကြီးများ အသက်ရှည်ကျန်းမာမှုအတွက် ဤငါးများမှ ထုတ်လုပ်ရရှိသော အဆီဓာတ် ဆေးလုံးကလေးများကို မှီဝဲကြည့်ပါ။ ဆေးဝါးမဟုတ်သော (နောက်ကွယ်၌ ခေတ်ပေါ်ဆေးဝါးကဲ့သို့ အန္တရာယ်လိုက်လာမှု မရှိသော) ဤဆေးလုံးများက မုချအကူအညီ ပေးမှာ သေချာပါသည်။ ဤဆေးလုံးများသည် Vitamin A နှင့် D ဓာတ်များ ရရှိရန် သောက်သုံးလျက်ရှိကြသော ငါးကြီးဆီအလုံး နှင့် လုံးဝမသက်ဆိုင်ပါ။ ဤအဆီက အပူပိုင်းဒေသ ငါးကြီးများ၊ ကောငါးကြီးများမှ ထုတ်လုပ်ရရှိသော Cod Liver Oil အဆီ ဖြစ်သတည်း။ ဆရာဝန် တင်ရွှေ

အညာမြေက ဆီထွက်သီးနှံများ (၂)

အညာမြေက ဆီထွက်သီးနှံများ(၁)

SkyNet Up to Dat ရဲ့ ဆီဈေးနှုန်းများ

စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး (မြ၀တီသတင်းစာ)

စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး Thursday, Sep 12 2013 Written by ကေတု Смесители для душа и ванны Детские игрушки, развивающие игры Print Email စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့ထုတ် မြဝတီ သတင်းစာနှင့် ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့ထုတ် မြန်မာ့ အလင်း သတင်းစာတို့တွင် ကိတ်မုန့် စားသုံးရာမှ အစာ အဆိပ်သင့်၍ သေဆုံးသော သတင်းတစ်ပုဒ် ပါလာသည်။ သတင်းမှာ စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်းမြို့နယ် တောင်ပုံကျေးရွာနေ အသက် သုံးနှစ်အရွယ် ကလေးငယ် တစ်ဦးဖြစ်သူ မမေမြတ်နိုးသည် ကိတ်မုန့် စားသုံးမိရာမှ အော့အန်ပြီး သတိလစ် မေ့မြောခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကန့်ဘလူမြို့နယ် ပြည်သူ့ဆေးရုံ၌ သေဆုံးခဲ့သည့် သတင်းဖြစ် သည်။ နှစ်ဆန်းပိုင်း ကာလကလည်း မန္တလေးတိုင်း ဒေသကြီး နှင့် ဒေသအချို့တို့၌ လူအချို့တွင် အစာ အဆိပ်သင့်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းများ ကြားသိခဲ့ရသည်။ ထို့ပြင် အိမ်နီးချင်း နိုင်ငံကြီးတစ်ခုတွင် မကြာသေးသော ကာလကလည်း စာသင်ကျောင်း တစ်ခု၌ အစာ အဆိပ်သင့် မှု ဖြစ်ပွားခဲ့သဖြင့် ကျောင်းသားငယ် အချို့ သေဆုံးမှု ရှိခဲ့ကြောင်းနှင့် ကျောင်းသား အများအပြား ဆေးကုသမှု ခံယူခဲ့ကြရကြောင်း သတင်းများ တွင် တွေ့မြင်ခဲ့ရသည်။ နိုင်ငံတွင်း၌ ထုတ်လုပ်/ တင်သွင်း/တင်ပို့/ ရောင်းချ နေကြသော မည်သည့် အစားအသောက်မဆို၊ မည်သည့် ဆေးဝါးမဆို၊ မည်သည့် အလှကုန် ပစ္စည်းမဆို ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီး ဌာန၌ မှတ်ပုံတင်ပြီးနောက် တရားဝင် ခွင့်ပြုချက် ရရှိမှသာ ထုတ်လုပ်ဖြန့်ချိ တင်သွင်း ရောင်းချပိုင်ခွင့် ရှိသည်။ ဤကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော် အစိုးရမှ ဥပဒေများ ပြဋ္ဌာန်း၍ တိတိကျကျ သတ်မှတ် ထားပြီး ဖြစ်သည်။ သို့သော် အစားအသောက်၊ ဆေးဝါး၊ အလှကုန်ပစ္စည်း ထုတ်လုပ်တင်သွင်း ရောင်းချသူများ အားလုံးက ဥပဒေပါ သတ်မှတ်ထားချက် များကို တိတိကျကျ လိုက်နာကျင့် သုံးမှု ရှိကြပါရဲ့လားဆိုသည်ကို စိစစ်လေ့လာ ဆန်းစစ်ကြ ရန် အထူးပင် လိုအပ်နေပြီ ဖြစ်သည်။ အစားအသောက်၊ ဆေးဝါး စသည်ဖြင့် စားသုံးဖွယ်ရာ များကို ထုတ်လုပ် ရောင်းချသူ အချို့၏ စည်းမျဉ်းစည်းကမ်း မလိုက်နာမှု များကြောင့် ပြည်သူတို့ စားသုံးရန် မသင့်သော အစားအသောက်များ၊ ဆေးဝါးများ စသည်ဖြင့် ကြေညာချက်များကို မကြာခဏဆိုသလို သတင်းစာများတွင် တွေ့မြင်နေ ရခြင်းဖြစ်ပါသည်။ ပြည်တွင်း ဈေးကွက်များ၌ ရောင်းချနေကြသော အစားအသောက်များကို လေ့လာကြည့်ရာတွင် ဓာတုဗေဒ ဆိုးဆေး ကင်းသော၊ ပိုးသတ်ဆေးကင်းသော အစားအသောက်ဟူ၍ မတွေ့ရသလောက် ရှားပါးနေပြီဖြစ်သည်။ မျှစ်တွင်လည်း ဆေးနီ၊ ဆေးဝါ ဆိုးသည်။ သားငါးများတွင်လည်း လတ်ဆတ်သည် ထင်ရအောင် ဆိုးဆေးများ ဆိုးသည်။ သရက်သီး၊ ငှက်ပျောသီးစသည့် အသီးအနှံများကိုလည်း မြန်မြန် ရင့်မှည့်စေရန် ဓာတုဆေးရည်များ သုံးစွဲသည်။ ပုစွန်ခြောက်တွင်လည်း ဆိုးဆေးပါသည်။ ထို့အတူ ဝက်အူချောင်း၊ ကြက်အူချောင်း စသည်တို့တွင်လည်း ဓာတုပစ္စည်း မကင်းပါ။ လက်ဖက် ခြောက်နှင့် လက်ဖက်အစို တို့ကိုလည်း ဆိုးဆေးများ ဆိုးကြသည်။ နောက်ဆုံးတွင် နနွင်းမှုန့်နှင့် ငြုပ်သီးမှုန့်တို့ အထိ ဆိုးဆေးက ပါလိုက်သေးသည်။ စာရေးသူတို့ နိုင်ငံ၌ အစားအသောက်များ ထဲတွင် ထည့်သွင်း အသုံးပြုရန် အန္တရာယ် မရှိသော (အန္တရာယ် မရှိသော ဆိုတာထက် အန္တရာယ်နည်းသော ဆိုတာက ပိုမှန်ပါလိမ့်မည်) ဆိုးဆေးမျိုး ၂ဝ ခန့်ကို ခွင့်ပြုထားသော်လည်း အဆိုပါ ဆိုးဆေးများမှာ ဈေးကြီးလွန်းသဖြင့် ချည်ထည် ဆိုးဆေးများကို အစားထိုး အသုံးပြုကြကြောင်း ကြားသိ နေရသည်။ ကြောက်စရာ အလွန်ကောင်းသည်။ စာရေးသူတို့ လူမျိုးကလည်း တော်တော် ထူးဆန်းသည်။ အစားအသောက် ဝယ်ယူရာ၌ပင် လှတာမက်ကြသည်။ အရောင်လှလှ လေးတွေ ကိုမှ ရွေးဝယ်ကြသည်။ မျှစ်ဆိုလျှင်လည်း နီရဲနေမှ သဘောကျသည်။ ဒီတော့ စီးပွားရေးသမားများ (အထူးသဖြင့် ဘယ်သူသေသေ ငတေမာပြီးရောဆိုသည့် အတ္တကြီးသော စီးပွားရေး သမားများ)၏ စိတ်ကြိုက် တွေ့ကုန်ကြတော့သည်။ ထမင်းဝိုင်းတွင် မပါလျှင် မပြီးသည့် မြန်မာလူမျိုး အကြိုက် ငါးပိရည်ကျို ထဲတွင် ဓာတ်မြေသြဇာများ ပါဝင်နေကြောင်း တလောတုန်းက သတင်းများ ကြားသိရပြန်တော့ ငါးပိရည်ကျို ကြိုက်သည့် စာရေးသူမှာ ငါးပိရည်ကျို မစားရဲ တော့ပါ။ အစားအသောက် သီးနှံများကို ပိုးမွှားအန္တရာယ်မှ ကာကွယ်ရန်၊ အထွက်တိုးရန် ဆိုသည့် ရည်ရွယ်ချက်များဖြင့် ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာများ ပက်ဖျန်းကြရသည်။ ဤနေရာတွင် သီးနှံများကို ပက်ဖျန်းရမည့် ပိုးသတ်ဆေး ပမာဏ၊ ဓာတ်မြေသြဇာ ပမာဏကို တိတိကျကျ သိရှိ၍ သတ်မှတ်ချက် အတိုင်း လိုက်နာကြရန်လည်း လိုအပ်သည်။ သီးနှံပင်များ ကို ပိုးသတ်ဆေး ပက်ဖျန်းပြီး ရက်မည်မျှကြာမှ ခူးဆွတ်ရ မည်ဟူသော သတ်မှတ်ချက်ကိုလည်း လိုက်နာကြရပေမည်။ အဆိုပါ သတ်မှတ်ချက်ကို မလိုက်နာဘဲ ပိုးသတ်ဆေးပက် ဖျန်းပြီး သတ်မှတ်ရက် မရောက်မီ အချိန်စောကာ ခူးဆွတ် စားသုံးမိ၍ အန္တရာယ် ဖြစ်ကြရသည့် သာဓကများကလည်း မနည်းတော့ပါ။ ထို့အတူ နိုင်ငံခြားက လာသည်ဟု ပြောကြသော (မှန်ချင်လည်း မှန်မည်/မှန်ချင်မှလည်း မှန်မည်)ပန်းသီးကြီး ကြီးပွပွကြီးများ၊ မာလကာသီး ကြီးကြီး ပွပွကြီးများ၊ ဆီးသီး ကြီးကြီး ပွပွကြီးများက မြန်မာပြည်တွင်းဖြစ် ပန်းသီးများ၊ မာလကာသီးများ၊ ဆီးသီးများ နေရာတွင် အစားထိုး ဝင်ရောက် နေရာယူလာကြသည်။ ၎င်းအသီးအနှံ များကလည်း အသီးအား ကောင်းစေသော ဆေးဝါးများ၊ ရင့်မှည့် မြန်စေသော ဆေးဝါးများ တန်ခိုးဖြင့် ကြီးချင်တိုင်းကြီးပြီး ရင့်မှည့် မြန်နေကြတာဖြစ်သည်။ ဤမျှမကသေးပါ။ စားသုံးဆီ ပြဿနာကလည်း မသေးပါ။ ပြည်တွင်း၌ မြေပဲဆီ၊ နှမ်းဆီ စစ်စစ်တွေရှိပါ လျက် မိမိတို့သည် ဘာကြောင့် ဆီစစ်စစ်တွေကို မစား ကြရပါသလဲဆိုတာ စဉ်းစားစရာပါ။ ဝိသမလောဘသား စီးပွားရေးသမားများက ဆီများကို ဓာတုပစ္စည်းတွေရော နှောပြီး ဈေးပေါပေါနှင့် ရောင်းချကြသည်။ အခြေခံ လူတန်းစား၊ လက်လုပ်လက်စားများ၏ အားနည်းချက်ကို ခုတုံးလုပ်၍ မူမမှန် စီးပွားရှာကြခြင်းဖြစ်သည်။ စိတ်ဓာတ် အောက်တန်းကျသူတို့၏ စီးပွားရေး ရှာနည်းဖြစ်သည်။ မြေပဲဆီ လိုချင်သလား၊ နှမ်းဆီ လိုချင်သလား ဈေးသက် သက်သာသာနှင့် အကုန်ရရသည်။ မြေပဲဆီ အစစ်၊ နှမ်းဆီ အစစ်တော့ မဟုတ်ပါ။ မြေပဲဆီ အနံ့၊ နှမ်းဆီအနံ့ ထည့်ထားခြင်း ဖြစ်ပါသည်။ ကြိုက်ရာအနံ့ ရော၍ ရသည်ဟု ကြားသိ ရပါသည်။ ဆီများ ခဲမသွားစေရန်လည်း ဓာတုပစ္စည်းတစ် မျိုးထည့်သည်ဟု ကြားသိရပါသည်။ ဒီလို စားသုံးဆီမျိုးတွေ ကလည်း ဈေးကွက်အနှံ့ နေရာယူ ထားကြပေသည်။ ကလေးများစားသော မုန့်ပဲ သရေစာများကလည်း အန္တရာယ် ပေးတတ်ပါသည်။ အိမ်နီးချင်း တရုတ်နိုင်ငံမှ တင်သွင်းလာသော မုန့်များကို အချို့သော စာသင်ကျောင်း များက ရောင်းချခွင့် မပြုကြောင်း ကြားသိရသည်။ စားသောက်ကုန် ထုတ်လုပ်ခြင်း လုပ်ငန်းများ၌ လုပ်ကိုင် နေကြသော အစားအသောက် ကိုင်တွယ်သူ ဝန်ထမ်းများအား သက်ဆိုင်ရာမြို့နယ် ကျန်းမာရေး ဦးစီးဌာနများတွင် ဆေး စစ်ချက် မှတ်တမ်း ရယူထားမည်ဖြစ်ပြီး တစ်နှစ်တစ်ကြိမ် ပြန်လည် စစ်ဆေးရန်လည်း လိုအပ်သည်။ အဓိကကျသော ဤအချက်ကိုပင် အပြည့်အဝ လိုက်နာကြပါရဲ့လား ဆိုသည်ကို ဆန်းစစ်ရန် လိုအပ်ပေသည်။ အစားအသောက် ထုတ်လုပ်သော လုပ်ငန်းအနေဖြင့် အစားအသောက်၏ အမှတ်တံဆိပ်တွင် ဖော်ပြရန်အတွက် သတ်မှတ်ထားသည့် အချက်များ ရှိပေသည်။ ဥပမာ- ကိတ် မုန့်ဆိုပါစို့၊ ကိတ်မုန့်နှင့် ပတ်သက်၍ အမှတ်တံဆိပ် (Brand Name) ၊ အစားအသောက် အမည် (Kind of Food) ၊ ပါဝင် ပစ္စည်း အမျိုးအမည် ဖော်ပြချက် (Ingredients) ၊ ပါဝင်မှု ပမာဏ (Net Weight) ၊ ထုတ်လုပ်ရက်စွဲ အမှတ်အသား (Date Marking) ၊ ထုတ်လုပ် အပတ်စဉ် အမှတ် (Code No./ Batch No./Lot No.) ၊ ထုတ်လုပ် ရက်စွဲ (Manufacturing Date) ၊ သက်တမ်းကုန် ရက်စွဲ၊ အကောင်းဆုံး စားသုံးရန် ရက်စွဲ (Expiry Date/ Best Before Date) ၊ ထုတ်လုပ်သူ အမည်နှင့် လိပ်စာ ဖော်ပြချက် (Manufacturer Name and Address) ၊ ထုတ်လုပ်သည့် တိုင်းပြည် (Country of Origin) ၊ အခြား ဖော်ပြချက်များ ထားသိုရန် အညွှန်း (Storage Instruction)၊ သုံးစွဲရန်အညွှန်း (Direction for Use) စသည်တို့ကို ပြည့်စုံ စွာ ဖော်ပြရန် လိုအပ်သည်။ သို့သော် စာရေးသူတို့ တိုင်းပြည် အတွင်း၌ ထုတ်လုပ် ရောင်းချနေကြသော အစားအသောက် အချို့တို့မှာ အထက်ပါ အချက်များကို လိုက်နာ ကျင့်သုံးခြင်း မရှိကြောင်း တွေ့ရှိ နေရသည်။ စာရေးသူ နေထိုင်ရာ ဒေသတွင် ရောင်းချနေသော နာမည်ကြီး မုန့်တစ်မျိုးသည် များသောအားဖြင့် မုန့်ဘူး၊ မုန့်အိတ်တို့၌ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန် ရက်စွဲတို့ မပါဝင်သည်ကို တွေ့နေရသည်။ နောက်ပိုင်းတွင် အဆိုပါ မုန့်တိုက်မှ ထုတ်သော အချို့မုန့်ဘူး၊ မုန့်အိတ်များ တွင် သက်တမ်းကုန် ရက်စွဲ ကပ်ထားသည်ကို သတိထားမိ ပါသည်။ ထိုသို့ ကပ်ထားသည် ဆိုရာတွင်လည်း အဆိုပါ မုန့်တိုက်မှ ထုတ်သော မုန့်ထုပ်အားလုံးတွင် မဟုတ်သေးပါ။ အဆိုပါ မုန့်တိုက်မှ ထုတ်သော မုန့်အမျိုးအစား အချို့တွင် ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲတို့ မပါသေးသည်ကို တွေ့နေရသည်။ အချို့သော မုန့်ထုပ်၊ မုန့်ဘူးများတွင် ကပ်ထားသည့် သက်တမ်းကုန် ရက်စွဲ အမှတ်အသားများသည် ကုန်ပစ္စည်း များ၌ ဈေးနှုန်းကပ်သည့် စတစ်ကာ စက္ကူလေးများဖြင့် ရိုက်နှိပ်၍ ကပ်ထားကြောင်းကိုလည်း တွေ့နေရသည်။ အဆိုပါ စက္ကူစလေးများသည် အချိန်မရွေး အလွယ်တကူ ကွာကျ သွားနိုင်သည်ကိုလည်း တွေ့ရှိရသည်။ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန် ရက်စွဲကပ်ခြင်းနှင့် ပတ်သက်၍ ထိုကဲ့သို့ ကပ်ထားသော စာရွက်များသည် မုန့်ထုပ်၊ မုန့်ဘူးများပေါ်မှ အလွယ်တကူ ကွာထွက်သွား ခြင်း မရှိစေရန် ဆောင်ရွက်သင့်ပေသည်။ အမှတ်တံဆိပ် ပေါ်တွင် ပါရှိသည့် အချက်များကို စားသုံးသူက သာမန် အခြေအနေ၌ အလွယ်တကူ မြင်နိုင် ဖတ်ရှုနိုင်ရန် ဖော်ပြ သင့်ပေသည်။ သို့သော် အချို့သော စားသောက်ကုန်များ၊ အချို့သော ဆေးဝါးကတ်များတွင် ဖော်ပြထားသော သက်တမ်းကုန် ရက်စွဲများသည် အတော်ပင် ခက်ခက်ခဲခဲ ဖတ်မှ ဖတ်၍ရသည့် အနေအထားတွင် ရှိနေသည်။ အစားအသောက် ထုတ်လုပ် ရောင်းချသူများ အနေဖြင့် မိမိထုတ်လုပ် ရောင်းချမည့် အစားအသောက်နှင့် ပတ်သက်၍ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ သတ်မှတ်ထားသော ထုပ်ပိုးခြင်း၊ တံဆိပ်ကပ်ခြင်း၊ ကြော်ငြာခြင်း ဆိုင်ရာ လိုက်နာရမည့် သတ်မှတ်ချက်များ အတိုင်း ပြုလုပ်၍ ဈေးကွက်သို့ တင်ပို့ရောင်းချ သင့်သည်။ စားသုံးသူကို တန်ဖိုးထား လေးစားသင့်ပေသည်။ အစားအသောက် အတွင်း ထည့်သွင်း ပြုလုပ်ရသော ကုန်ကြမ်း ပစ္စည်းများ၏ အရည်အသွေးနှင့် ပတ်သက်၍လည်း သတ်မှတ်ထားချက်များ အတိုင်း စစ်မှန်သော ပစ္စည်းများကိုသာ သုံးစွဲသင့်ပေသည်။ သက်တမ်း ကုန်ဆုံးမည့် ရက်စွဲကိုလည်း တိတိကျကျနှင့် စနစ်တကျ သတ်မှတ်ပြီး အလွယ်တကူ ဖတ်ရှု၍ ရသောနေရာ၌ ရေသား ထားသင့်သည်။ စားသုံးသူများအား ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များ စားသုံးနိုင်ခွင့် ရရှိရေး အတွက် စားသုံးသူ အကာအကွယ် ပေးရေးနှင့် ပတ်သက်သော ဥပဒေများကို အာဆီယံနိုင်ငံအများစုတွင် ရေးဆွဲပြဋ္ဌာန်း ထားပြီး ဖြစ် ကြောင်း သိရှိရပေသည်။ ယခုအခါ၌ မြန်မာနိုင်ငံ အနေနှင့် လည်း စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် စတင်ကြိုးပမ်း ဆောင်ရွက် နေပြီဖြစ်သည်။ ပြည်ပမှ တရားမဝင် ဝင်ရောက်လာသော ကုန်ပစ္စည်း များကိုလည်း မိုဘိုင်း စစ်ဆင်ရေး အဖွဲ့များဖြင့်ရှာဖွေစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းများတွင် တွေ့မြင်နေရသည်။ သို့ပါ၍ ဆေးဝါး၊ အစားအသောက်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ၏ အရည်အသွေး ကောင်းမွန်မှု၊ အကျိုး အာနိသင်ရှိမှုနှင့် ကျန်းမာရေး အတွက် ဘေးအန္တရာယ် ကင်းရှင်းစေမှု တို့ကို စံချိန်စံညွှန်း စနစ်တကျ သတ်မှတ်ပေး ရန်နှင့် သုံးစွဲသူပြည်သူများ ကျန်းမာရေးဘေးကင်း လုံခြုံရေးကို စောင့်ရှောက်မှုပေးရန် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ပေသည်။ သို့မှသာ ဆေးဝါး၊ အစားအသောက်၊ လူသုံးကုန်နှင့် အလှကုန် ပစ္စည်းများမှ ဘေးအန္တရာယ် ဖြစ်ပွားခြင်းများ လျော့နည်း ပပျောက်သွားကာ စားသုံးသူများ အတွက် လုံလောက်သော အာမခံချက်များ ရရှိပြီး စိတ်ချလက်ချ စားသောက် သုံးစွဲနိုင်မည် ဖြစ်သဖြင့် ပြည်သူများ ရောဂါဘယ ကင်းရှင်းကာ ပျမ်းမျှ လူ့သက်တမ်းနှင့် ကိုယ်ခန္ဓာ ကျန်းမာ ကြံ့ခိုင်မှုများ မြင့်မား တိုးတက်လာမည် ဖြစ်ပါကြောင်းနှင့် မလိုလားအပ်သော အသက် ဆုံးရှုံး နေရမှုများမှလည်း ကာကွယ် ပေးနိုင်မည် ဖြစ်ပါကြောင်း ရေးသား တင်ပြအပ် ပါသည်။ ။

ကျန်းမာရေးနဲ့ ညီညွတ်ရန်အတွက် ဘယ်အဆီ အကောင်းဆုံးလဲ

ကျန်းမာရေးနဲ့ ညီညွတ်ရန်အတွက် ဘယ်အဆီ အကောင်းဆုံးလဲ အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ ကျန်းမာရေး ဗဟုသုတလေ့လာ သူတိုင်း သိကြမှာဖြစ်တဲ့ အချက်တစ် ခုကတော့ နှလုံးသွေးကြောရောဂါ ဖြစ်စေတဲ့ အဓိက လက်သည် တရား ခံတွေထဲမှာ လူတွေ နေ့စဉ် စားသုံးနေ ကြသော အဆီ လည်း ပါဝင် ပါတယ်။ အဆီတွေ မစားနဲ့ အဆီတွေ လျှော့စားကြ ဆိုပြီး အဆီကို ဝိုင်းပြီး လက်ညှိုးထိုး နေကြပေမယ့် လည်း လူတိုင်း အာဟာရဓာတ် ပြည့်ဝစွာ စားရမယ့် အစားအစာ တွေထဲမှာ အဆီလည်း မပါမဖြစ် ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆီရနိုင်တဲ့ နေရာ အဓိက ၂မျိုးရှိတယ်။ တိရစ္ဆာန်က ရသော အဆီနဲ့ ဟင်းသီးဟင်းရွက် များမှရသော အဆီ တို့ဖြစ်ပါတယ်။ စားသောက် ဖွယ်ရာ များကို ချက်ပြုတ် ပြင်ဆင်တဲ့ အခါ ဆီပါမှ ပိုပြီး စားလို့ ကောင်းတယ်။ အသုပ် စတဲ့ ဟင်းပွဲမျိုးမှာ ဆီစိမ်း သုံးလေ့ ရှိပြီး များသော အားဖြင့် တော့ ဟင်း တွေကြော်တဲ့၊ ချက်တဲ့ အခါ ဆီကို သုံးကြ ပါတယ်။ "ဆီကို ရေချိုး၊ ဆေးရိုးမီးလှုံ့၊ စပါးတောင်လိုပုံ" ဆိုတဲ့ မြန်မာ့ ဆိုရိုးကို ကြည့်ခြင်း အားဖြင့် ဆီကို ဘယ်လောက် တန်ဖိုး ထားတယ်၊ ဆီသုံးစွဲ နိုင်ခြင်း သည် ကြွယ်ဝမှု ကို ပြတယ် ဆိုတာ သိနိုင် ပါတယ်။ ဆီကြိုက်တဲ့ မြန်မာတွေ ဘိုးစဉ် ဘောင်ဆက် ကတည်းက သုံးစွဲလာခဲ့ သော ဆီတွေ ကတော့ နှမ်းနှင့် မြေပဲမှ ထုတ်လုပ် ထားတဲ့ ဟင်းသီး ဟင်းရွက် ဆီတွေဖြစ်ပါတယ်။ ဓာတုဗေဒ ရှုထောင့် ကကြည့်ရင် ဖွဲ့စည်းပုံ ကိုလိုက်ပြီး ပြည့်ဝ ဆီ (Saturated Fat) နှင့် မပြည့်ဝ ဆီ (Unsaturated Fat) ဟူ၍ ခွဲခြားနိုင် တယ်။ လူ့ရဲ့ကျန်းမာ ရေးကို တိတိကျ ကျပြောရရင် နှလုံးသွေး ကြောရောဂါ များကို ဖြစ်စေနိုင် အောင် အားပေး တာကတော့ ပြည့်ဝဆီ တွေဖြစ်ပါတယ်။ ယေဘုယျ အားဖြင့် ပြောရရင် တိရစ္ဆာန်ဆီ များဟာ ပြည့်ဝ ဆီများလို့ ခေါ်နိုင်ပြီး ဟင်းသီး ဟင်းရွက်မှ ထုတ်လုပ် ထားတဲ့ ဆီတွေ ထဲမှာတော့ ပြည့်ဝဆီ ရော မပြည့်ဝ ဆီပါ နှစ်မျိုး စလုံး သူ့အချိုးအစား နဲ့သူ ပါဝင် နေပြန်တာ ဖြစ်ပါတယ်။ တကယ်တော့ ပြည့်ဝဆီရော မပြည့်ဝ ဆီပါ လူ့ခန္ဓာ ကိုယ် အတွက် လိုအပ်တာဖြစ်ပြီး ပြည့်ဝဆီ ကတော့ နည်းနည်းလေး မျှ လိုအပ် ပါတယ်။ ၄င်းက ဦးနှောက် လုပ်ငန်း တာဝန်တွေ ကောင်းစေနိုင်ပါ တယ်။ မပြည့်ဝဆီက အကြမ်းဖျင်း အားဖြင့် ဓာတုဗေဒ ဖွဲ့စည်းပုံ နှစ်မျိုးရှိ ပြန်ပါတယ်။ ခပ်တိုတို ပြောရရင် Mono မပြည့်ဝဆီနဲ့ Poly မပြည့်ဝဆီလို့ ခေါ်ပြန်ပါတယ်။ ဒါ့ကြောင့် ဘယ်လို ဆီ အမျိုးအစား တွေထဲမှာ ပြည့်ဝဆီက ဘယ်လောက်ပါတယ်။ Mono မပြည့် ၀နဲ့ Poly မပြည့်ဝ ဘယ်လောက် ပါတယ် ဆိုတာ အကြမ်းဖျင်း လေး ဇယားဖြင့် နှိုင်းယှဉ် ဖော်ပြလိုပါတယ်။ တိရစ္ဆာန် ကရတဲ့ အဆီတွေရော မြန်မာနိုင်ငံ မှာ အသုံးများတဲ့ ဟင်းသီး ဟင်းရွက်ဆီ တွေပါ ကောက်နုတ် ဖော်ပြချင်ပါတယ်။ အဲဒီဇယားကိုကြည့်ရင် ပြည့်ဝဆီ ပါဝင်တဲ့နှုန်း Mono မပြည့်ဝ Poly မပြည့်ဝပါဝင်တဲ့နှုန်းဆိုပြီး ခွဲခြား ဖော်ပြပါမယ်။ မည်သည့်ဆီကို သုံးသင့်သလဲဆို တာ မေးရင် ပြည့်ဝဆီပါဝင်မှု နည်းသောဆီ ကိုသာ သုံးသင့် တယ်လို့ ဆိုချင်ပါတယ်။ မပြည့်ဝဆီ ပါဝင်မှုများတဲ့ အဆီ တွေ ဟာ သွေး တွင်း မကောင်း သော ကိုလက် စထရောလ် ကို ကျစေပြီး ကောင်းသော ကိုလက် စထရောလ်ကို တက်စေ တဲ့ အ တွက် နှလုံး သွေး ကြော ကျဉ်းရောဂါ ကို ကာကွယ်ပေး ပါတယ်။ ဟင်းချက် ရာမှာ သုံးတဲ့ အဆီ တွေနဲ့ ပတ်သက်ပြီး သိထားသင့်တာ ကတော့ အခန်း အပူချိန်မှာ ကျန်းမာ ရေး အတွက် ကောင်းမယ့် မီးပူပေး လိုက်တဲ့အခါ တစ်စုံတစ်ခု သော ဒီဂရီ ထက် ကျော်သွားရင် ကျန်းမာရေး အတွက် ထိခိုက်နိုင် ပါတယ်။ ဒါကြောင့် တစ်ခါ ကြော်ပြီးသား ဆီတွေကို နောက်တစ်ခါ ထပ်ပြီး မကြော် သင့်ပါ ဘူး။ ဇယားမှာ ကြည့်ပြီး ပြည့်ဝဆီ ပါဝင်မှု နှုန်းနည်းသော ဆီများကို ရွေးချယ် သုံးစွဲမယ်ဆိုရင် အကောင်း ဆုံးပါပဲ။ မြေထဲ ပင်လယ်ဒေသမှ လူများ စားတဲ့ အစားတွေဟာ ကျန်းမာရေး နဲ့ ညီညွတ်စေတယ်လို့ နာမည်ကြီး ပါတယ်။ သူတို့ဟာ အခြားသော သူများနှင့် နှိုင်းယှဉ် လျှင် နှလုံးသွေး ကြောရော ဂါဖြစ်ပွားနှုန်းလည်း နည်းပါး ကြပါတယ်။ သူတို့ အစားအစာထဲမှာ သုံးတဲ့ ဆီကတော့ သံလွင်ဆီပဲ ဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် သံလွင် ဆီ ဆိုတာ တောင်မှ အမျိုးအစား ခွဲခြား ထားပါသေးတယ်။ သံလွင်ဆီ ကြိတ်တဲ့အခါ အကြမ်းအတိုင်း ကြိတ်ထားသော ဆီကြမ်း (Virgin Olive Oil) က နူးညံ့နေအောင် (တစ်နည်းအားဖြင့် အရပ်ထဲမှာပြော ကြသလို ပြန်သန့်ထားတဲ့) ဆီအနုစား (Refined Olive Oil) တို့ကို နှိုင်းယှဉ် လျှင် ဆီကြမ်း ထဲမှာသာ နှလုံးရောဂါ ကို ကာကွယ်ပေးနိုင်သော အင်တီ အောက်စီးဒင့်တွေ ပါဝင်ပါတယ်။ သံလွင်ဆီ ကြမ်းထဲမှာ ဩညသ မပြည့် ဝဆီရော၊ အင်တီ အောက်စီးဒင့်တွေပါ ပါတဲ့ အတွက် နှလုံး ကျန်းမာရေး အတွက် အကျိုးပြုမှာ ဖြစ်ပါတယ်။ လေ့လာမှုများ အရလည်း သံလွင်ဆီ အကြမ်းကို တစ်နေ့လျှင် ထမင်းစား ဇွန်း တစ်ဇွန်းစားသူ၊ သံလွင်ဆီ အနုကို စားစေသူ နှင့် နှစ်မျိုး စပ်စားစေသူ များဟူ၍ အုပ်စု ၃ စုခွဲ၍ လေ့လာခဲ့ရာ သံလွင်ဆီကြမ်းကိုသာ စားတဲ့သူတွေ မှာ ကောင်းသော ကိုလက်စထ ရောလ်များလာခြင်းနှင့် အင်တီ အောက်စီးဒင့်ဖြစ်သည့် Polyphenols မြင့်မားစွာ ပါဝင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ဆိုးတဲ့ ကိုလက်စထရောလ်များ ဓာတ်တိုးပြီး သွေးခဲမှု မဖြစ်စေအောင်လည်း ကာ ကွယ်ပေးတဲ့ အတွက် နှလုံးတိုက်ခိုက် မှုခံရခြင်း၊ လေဖြတ် ခံရခြင်းတို့ ကိုလည်း ကာကွယ် ပေးပါတယ်။ ယနေ့ မြန်မာနိုင်ငံ ဈေးကွက် တွင် ရွေးချယ် စရာဆီ တွေ အမျိုးမျိုး ရှိလာ ပြီမို့ အကောင်း ဆုံး အသင့် တော်ဆုံးဆီ ရွေးချယ်နိုင်ရန် ဖော်ပြ လိုက်ခြင်း ဖြစ်ပါတယ်။

စားအုန်းဆီကို ဆပ်ပြာမှုန့်နှင့် ရောစပ်ပြီး ပဲဆီအဖြစ်လိမ်ရောင်း

မူရင်းပို့စ်က တင်ထားတာ ကြာပြီဖြစ်ပေမယ့် ပါဝင်တဲ့ အကြောင်းအရာကတော့ ယခုအချိန်ထိ မှန်ကန်နေဆဲ၊ ဖြစ်ပျက်နေဆဲပါပဲ ... အေးလျွင် ခဲတတ်သော အာနိသင် ရွိသည့် စားအုန်းဆီကို မခဲရန် အနံ့ပော့် ဆပ်ျပာမွုန့္မ်ား ရောကိုကာ ပဲဆီအနံ့ သြင်းပြီး ပဲဆီအျဖစ် ရောင်းခ် မွုမ်ား ရွိနေ ကြောင်း တောင္ဒဂုံ စက္မွုဇုန္မွ ဆုံဆီသီးသန့် ရောင်းခ်သူ တစ်ဦးကျေပာကြားသည်။ vဈေးသက်သာသော စားအုန်းဆီကို မီးအပူပေး ကိုပြီး အနံ့သိပ္မျပင်းသည့် ဆပ်ျပာမွုန့္မ်ားနွင့် ရောလျွင် စားအုန်းဆီသည် ရေခဲသေတ္တာထဲ ထည့္လျွင္ပင် မခဲဘဲ အေရာင္မွာလည်း ကြည္လာကြောင်း၊ ဆပ်ျပာမွုန့် ရောထားသည့် စားအုန်းဆီ တစ္ပီပါကိုျေမပဲရနံ့ တစ်အောင် စေရာလျွင် ပဲဆီနွင့် ဆင္တူယိုးမွာျးဖစ်ြသားပြီး ပဲဆီအျဖစ် ဈေျးမှင့် ရောင်းကြေကြာင်း ၎င်းက ဆက္လက် ရွင်ျးပသည်။ အိမ်ရွင္မ အမ်ားစုသည် စားအုန်းဆီသာ ခဲပြီး ပဲဆီဆိုလျွင် မခဲဟု လြဲမွားစြာ မွတ်ယူထား ကြသျဖင့် မခဲအောင် ဆပ်ျပာမွုန့် ရောက်ျိုခင်ျးဖစ်ပြီး ယခုခေတ္တြင် ဓာတုဗေဒ နည်းပညျာဖင့် ထုတ္လုပ္ထားသော ရနံ့မိုးစုံ လြယ္ကူစြာ ဝယ်ယူရေနသျဖင့် မခဲအောင် လုပ္ထားသည့် စားအုန်းဆီကို အနံ့သြင်းပြီးျေမပဲဆီအျဖစ် လိမ်ညာရောင်းခ်ျခင်ျးဖစ်ကြောင်း အထက္ပါ ပုဂ္ဂိုလ္က ဆိုသည်။ျေမပဲဆီမွန္လျွင် မခဲဟုသာ မွတ်ယူထားသော အိမ်ရွင္မမ်ား၏ ဗဟုသုတသည် လြဲမွားနေကြာင်း၊ျေမပဲဆီ ကြိတ္လျွင် ရေနြးဖ်န်းပြီးမွ ကြိတ်ရပြီး ဆီစစ္မ်ားနွင့် ကောင်းစြာ မစစ္နိုင္လျွင်ျေမပဲဆီ အစစ်သည္လည်း ရေခဲသေတ္တာထဲကို ထည့္ထားလျွင် ခဲကြောင်း၊ ယချုဖစ္စဉ်သည် အိမ်ရွင္မမ်ား အသိအမွတ် လြဲမွုအေပါ် အခြင့်အေရးယူ အသုံးခ်ျခင်ျးဖစ်ကြောင်း ပခုက္ကူမြို့မွ ဆီစက္လုပ်ငန်းရွင် တစ်ဦးကျေပာဆိုသည်။ ယခင္က စားအုန်းဆီနွင့်ျေမပဲဆီ ရောပြီး အနံ့ကောင်းစေရန်ျေမပဲရနံ့ ထည့်ကြောင်း၊ ယခု စားအုန်းဆီကို မခဲအောင် လုပ်ပြီး ေ်မပဲရနံ့်ဖင့္ ေ်မပဲဆီဟု ရောင်းနေသည္ကို ကြားနေရေကြာင်း ၎င်းက ရွင်ျးပသည်။ "ျေမပဲဆီ အစစ္ဆိုရင် လျွာပေါ်မွာ ဆိမ့်ပြီး က်န္ခဲ့တဲ့ အရသာ ရွိတာကို သတျိပုသင့္တယ်" ဟု ၎င်းက ရွင်ျးပသည်။ လက်ရွိျေမပဲဆီ လက္ကားဈေး တစ္ပိဿာ ၃၇၀၀၊ ၄၀၀၀ က်ပ္ခန့် ရွိပြီးျေမပဲဆန် တစ္ပိဿာ ၁၂၀၀၊ ၁၀၀၀ က်ပ္ခန့် ရွိကာ စားအုန်းဆီ လက္ကား တစ္ပိဿာ ၁၆၅၀၊ ၁၇၀၀ က်ပ္ခန့်သာ ရွိသျဖင့် ဆီရော ရောင်းလိုသူမ်ားပင် တြက်ျေခကိုက်ကြောင်း ရန္ကုန် ဘုရင့်နောင် စားအုန်းဆီ ဈေးကြက်အတြင်း စုံစမ်းသိရွိရသည်။ Source By; ဧဒင်ဥယာဉ်

Friday, November 1, 2013

“ဆီသန့်ရင် အသားလည်းမဖြစ်၊ ဘေးလည်းမဖြစ် ဆီမသန့်ရင် အသားမဖြစ်သော်လည်း ဘေးဖြစ်သည်”

ကျန်းမာရေး အသိပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိမျှုတွေအရ ဆီ ကို အလွန်အကျွံစားသုံးမယ်ဆိုရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ် စေနိုင်ကြောင်း၊ အသဲအဆီဖုံးခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ အ၀လွန်ခြင်း စတဲ့..... ရောဂါပေါင်းသောင်းခြောက်ထောင် ဖြစ်စေနိုင်ကြောင်း ဒါကြောင့် ဆီကို အလွန်အကျွံမစားသုံးကြဖို့ သတင်းတွေ၊ ဆောင်းပါးတွေ၊ စာအုပ်တွေ ထဲမှာ ဖတ်ခဲ့ဖူးပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှလည်း “ဆီစားလို့ အသားမဖြစ်၊ ဆီများ၍ ဘေးဖြစ် သည်” ဆိုတဲ့ ပညာပေးဇာတ်လမ်းလေးကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည် ကိုလည်း အကြိမ်ကြိမ် ကြည့်ခဲ့ဖူးပါတယ်။ ဒါတွေက ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် ဆီရဲ့ ဆိုးကျိုးတွေပါ။ သို့သော် . . . . . လူမှုရေးရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ဆန့်ကျင်ဖက်တွေ တွေ့ရမှာပါ။ ကျွန်တော်တို့ မြန်မာ (ဗမာ) တိုင်းရင်းသားများဟာ ဟိုး ရှေးပဝေသဏီ ဘိုးဘွားဘီဘင်များ လက်ထက်ကစလို့ ယခုအချိန်အခါအထိ မည်သည့် စားသောက်ဖွယ်ရာများကို စီမံချက်ပြုတ်သည် ဖြစ်စေ ဆီကို မြောက်မြားစွာ ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။ အဲဒီလို ဆီများစွာ ထည့်ချက်ထားတဲ့ ဟင်းလျားများပေါ်မှာလည်း ဂုဏ်ယူဝံ့ကြွားလေ့ရှိကြပါတယ်။ ဆီမပါတဲ့ဟင်းလျား (ဆီနည်းတဲ့ ဟင်းလျာ)တွေကို မြန်မာလူများတို့ရဲ့ အရသာခံ အာရုံတွေက စားလို့မကောင်းဘူးလို့ သတ်မှတ်ခဲ့တာ နှစ်ပေါင်းရာထောင်ချီခဲ့ပါပြီ။ ဘာဟင်းမှ မပါရင်နေပါစေ ထမင်းခဲကြမ်းကို ပဲဆီမွှေမွေးလေးဆမ်း၊ ဆားဖြူးပြီး မနက်စာကို ပြီးမြောက်စေပါတယ်တဲ့။ ဆမ်းထားတဲ့ ဆီမကောင်းရင်တော့ စားဖို့ မပြောနဲ့ နမ်းတောင်မကြည့်တာက မြန်မာတို့ရဲ့ စွဲလမ်းမှု တစ်ခုပါပဲ။ ဒါ့အပြင် . . . . . ဥရောပနိုင်ငံတွေမှာ တွေ့ရခဲပြီး၊ အာရှတိုက်က နိုင်ငံတွေမှာသာ အတွေ့ရ များတဲ့ လက်သုပ်စုံ အစားအစာတွေဟာ မြန်မာတို့ရဲ့ အသဲစွဲ အစားအစာများပါပဲ။ မြန်မာ့ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ လက်ဖက်ရည်ကြမ်း၊ လက်ဖက်သုပ်၊ ထန်းလျက်၊ ဆေးလိပ်၊ ကွမ်းအစ်တို့နဲ့ ဧည့်သည်ကို ဧည့်ခံတတ်တဲ့ဓလေ့ဟာလည်း မြန်မာ့လူ့အသိုင်းအ၀န်းရဲ့ ဖော်ရွေမှု၊ သိတတ်မှု၊ ဧည့်ဝတ်ကျေပွန်မှု၊ သဘောထားဖြူစင်မှုတွေကို ပြသနေသည့် အပြင် မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ ဒါနပါရမီတွေကို ဖြည့်ဆည်းနေကြတယ်လို့ ယူဆမည်ဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ . . . . ကျွေးရပြီး အကောင်းပြော မခံရတဲ့ အဖြစ်တွေကလည်း ရှိနေပါသေးတယ်။ “ဟင် မင်းတို့ လက်ဖက်သုပ်ကလည်း ဆီမပါ ပျားမပါနဲ့” “ဟင် လက်ဖက်သားလေးက ကောင်းပါရဲ့ကွာ၊ ဆီက မကောင်း တော့ စားရတာ အဆင်မပြေဘူး” စတဲ့ ဝေဖန်သံတွေက ကြားနေ ကြ စကားသံတွေပေါ့။ ကျွေးတဲ့လူကလည်း စေတနာ အပြည့်၊ စားတဲ့လူကလည်း ကျေးဇူးတင်မှုတွေ အပြည့်နဲ့ပေမဲ့လည်း ဆီလေး တစ်စက်အတွက် စကားများ၊ ရန်ဖြစ်ကြတဲ့ မိတ်ဆွေတွေ အများကြီးတွေ့ဖူးမှာပေါ့။ ကဲ..... ရေးတာတွေလည်း များနေပြီ။ နိဂုံးချုပ်ကြပါစို့။ ပြဿနာတွေ ဖြေရှင်းရာမှာ (Second Way) ဒုတိယနည်းလမ်းဆိုတာ ရှိစမြဲပါ။ ဆီများလို့ ဘေးဖြစ်သည်နဲ့ ဆီမပါရင် မစားတတ်ဘူးဆိုတဲ့ ပြဿနာကို ဆီသန့်၊ ဆီစစ်ကို လိုအပ်သလောက်သာ စားမည်လို့ ဖြေရှင်းကြည့်ရအောင်ဗျာ။ အဓိကပြောချင်တာက ..... ရှေးမြန်မာတွေ ဆီရွှဲရွှဲစားခဲ့ပေမဲ့ ဒီဘက်ခေတ်လောက် ရောဂါတွေ မဖြစ်တာ ဘာကြောင့်လဲ? ဒီခေတ်မြန်မာတွေမှာတော့ (ငွေကြေး၊ အခက်အခဲ၊ ကျန်းမာရေးအသိတွေကြောင့်) ဆီများများ မစားပေမဲ့ ရောဂါတွေ ဖြစ်ကြတာ ဘာကြောင့်? အဖြေက ရှင်းပါတယ်။ ရှေးမြန်မာများသည် ကျန်းမာရေးနဲ့ သင့်တော်သော ဆီသန့်၊ ဆီစစ်များ၊ သဘာဝအတိုင်း ရရှိသော ဆီများကိုသာ စားသုံးကြ၏။ ယနေ့ခေတ်မြန်မာများသည် ကျန်းမာရေးနှင့် မသင့်တော်သော ဆီမသန့်၊ ဆီမစစ် (အရောအနှောများပါဝင်)၊ သဘာဝအတိုင်း ရရှိခြင်း မဟုတ်ဘဲ ဓာတုပစ္စည်းများဖြင့် ဖော်စပ်ထုတ်လုပ်သော ဆီများကို စားသုံးနေကြလို့ပါဘဲ။ အောက်တစ်ပိုဒ်က ကြော်ငြာပါ ....................... ကျွန်တော့်မှာ ကိုယ့်အတွေးနဲ့ကိုယ် ဖော်ထုတ်ထားတဲ့ ဆောင်ပုဒ် တစ်ခုရှိတယ်။ “မိမိ တို့၏ အမြတ်အစွန်းကို စားသုံးသူ၏ ကျန်းမာရေးနှင့် မလဲလှယ်ပါ”လို့။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဆီစက်ပိုင်တွေ၊ ဆီထုတ်လုပ်သူတွေအတွက် စားအုန်းဆီ ဆိုတာကြီးက တကယ့်ကို ဒုတိယဘုရားသခင်ပါပဲ။ သူ့ကိုသာ အသုံးချမယ်ဆိုရင် အမြတ်အစွန်းက အဆမတန်ကို များပြားတာ အသေချာပဲ။ ဒါပေမဲ့ စားသုံးသူတွေအတွက် ရလာမဲ့ ကျန်းမာရေးဆိုးကျိုးတွေကလည်း အဆမတန် များပြားမှာ အသေအချာပါပဲ။ ကျွန်တော်တို့ ဆီစက်ကတော့ အဲဒီလို အဆမတန် များပြားတဲ့ အမြတ်အစွန်းတွေကို လျစ်လျူ ရှုပြီး စားသုံးသူတွေဖြစ်လာမဲ့ အဆမတန် များပြားတဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ဂရုစိုက်လို့ စားအုန်းဆီဆိုတဲ့ ဒုတိယဘုရားသခင်ကြီးကို မကိုးကွယ်ခဲ့၊ မကိုး ကွယ်ဆဲ၊ နောင်မှာလည်း ကိုးကွယ်မှာ မဟုတ်ဘဲ စားသုံးသူတွေရဲ့ သစ္စာတရားကို အမြဲတမ်း ထာဝရ စောင့်သိနေမှာပါ။ အားလုံးကို အကြံပေးချင်တာက ရေတို ဈေးသက်သာမှု တစ်ခုတည်းကို မကြည့်ဘဲ ရေရှည်မှာ ကျန်းမာရေးအတွက် ပိုမို သင့်တော်သည့် မြေပဲဆီ စစ်များကိုသာ စားသုံး ကြပါလို့။ မြေပဲဆီ စစ်စစ်ကလည်း ကျွန်တော်တို့ “အောင်ကောင်းမြတ်” ဆီစက် တစ်ခုတည်းက ထွက်တယ်လို့ မပြောပါ (မဆိုလိုပါ)ဘူး။ ကျွန်တော်တို့လို စားသုံး သူအပေါ်မှာ သစ္စာရှိတဲ့၊ စီးပွားရေးကို ဘာသာရေးအသိဥာဏ်နဲ့ ယှဉ်ပြီးလုပ်တဲ့ အခြား အခြားသော ဆီစက်တွေ၊ ဆီဆိုင်တွေ၊ ဆီလုပ်ငန်းရှင်တွေ မြောက်မြားစွာ ရှိတဲ့အထဲက မိမိတို့နဲ့ နီးစပ်ရာ လက်လှမ်းမီရာ ဆီသန့်၊ ဆီစစ်များကို ရွေးချယ် စားသုံးနိုင်ကြပါစေ။ ကဲ....... ဆောင်ပုဒ်လေးတွေကို ပြောင်းလဲကြည့်လိုက်ကြရအောင်။ “ဆီသန့်ရင် အသားလည်းမဖြစ်၊ ဘေးလည်းမဖြစ် ဆီမသန့်ရင် အသားမဖြစ်သော်လည်း ဘေးဖြစ်သည်”

Wednesday, October 30, 2013

ကြော်ငြာလို့ပဲ ဆိုပါစို့