မန္တလေး ကုန်စည်ဒိုင်၏ အောက်တိုဘာလ အစပိုင်း ကုန်စည် ဈေးကွက်တွင် တရုတ် နိုင်ငံဘက်မှ ဆက်တိုက် ၀ယ်လိုအား ကောင်း မွန် နေသည့် အတွက် မြေပဲဆံ အုပ်စုဝင် များဖြစ်သော အက်စ်ဝမ်းလုံးဆံ မြေပဲဆံနှင့် ဂျပန်လုံးဆံ မြေပဲဆံတို့မှာ ဈေးနှုန်း ဆက် တိုက်မြင့်တက်နေပြီး ပြည်ပပို့ ကုန်တစ်မျိုးဖြစ်သည့် ပဲမာအုပ်စုဝင် မတ်ပဲဈေးနှုန်းမှာမူ ထပ်မံကျဆင်းသွားကြောင်း ထိုကုန်စည်ဒိုင် အခြေစိုက် ပဲကုန်သည်များထံမှသိရှိ ရသည်။ “မြေပဲဆန် ဈေးကွက် ထဲမှာတော့ ဂျပန်လုံး ဆံမြေပဲ ကတော့ ဈေးနှုန်းကို ဆက်တိုက် တက်နေတာ။ အခုဈေးက ဒီနှစ်ထဲမှာအမြင့် ဆုံးဈေးကိုတောင် ရောက်နေတယ်လို့ ပြောလို့ရတယ်။ တရုတ်ဝယ်လိုအား တော်တော်ကောင်းတယ်။ ပြီးတော့ အက်စ် ၀မ်းလုံးဆံ မြေပဲဆံဈေးလည်း ထပ်တက် လာတယ်။ မတ်ပဲကုန်စည် ဈေးနည်းနည်း ထပ်ကျသွားပြန်တယ်။ ပြည်ပလိုင်း ၀ယ်လိုအားနည်း နေ သေးတယ်”ဟု အဆိုပါ ပဲကုန်သည်က ပြောသည်။ အောက်တိုဘာလအစပိုင်း ကုန်စည် ဈေးကွက်တွင် မြေပဲဆံ ဈေးနှုန်းမှာ ဆက်တိုက် မြင့်တက် လာခဲ့ပြီး တရုတ် ၀ယ်လိုအား ကောင်းမွန် သည့် ဂျပန် လုံးဆံ မြေပဲဆံမှာ တစ်ပိဿာကျပ် ၂,၃၅၀မှ ကျပ် ၂,၄၀၀ အထိပေါက် ဈေးရှိသည့်အတွက် ယခင်သီတင်း ပတ်ပေါက်ဈေးတစ်ပိသာ ကျပ် ၂,၀၄၀ နှင့် နှိုင်းယှဉ်ပါက တစ်ပတ်အတွင်း တစ်ပိဿာကျပ် ၃၀၀ ကျော်အထိ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုနှစ် ကုန်စည်ဈေးကွက်တွင် တရုတ်ဝယ်လိုအား ဆက်တိုက်ကောင်းမွန် နေသည့်အတွက် မြေပဲဆံဈေးနှုန်းသည် ဆက်တိုက် ကောင်းမွန်နေခြင်းဖြစ်ပြီး ဈေးနှုန်းအမြင့်ပိုင်းတွင် ဆက်တိုက် ရှိနေသည်မှာ နှစ်လကျော် ကြာမြင့် နေပြီဖြစ်ရာ ယခုအောက်တို ဘာလ အစပိုင်းတွင် ဂျပန် လုံးဆံမြေပဲဆံ တစ်ပိဿာ ကျပ် ၂,၄၀၀ အထိရရှိခြင်းမှာ အမြင့်ဆုံးဈေးနှုန်းဖြစ်လာကြောင်း ကုန် သည်များမှ သိရသည်။ အလားတူ အက်စ်ဝမ်းလုံးဆံမြေပဲ ဆံဈေးကွက်တွင်လည်း အောက်တိုဘာလ အစပိုင်းက တစ်ပိဿာကျပ် ၂,၀၇၅ မှ ကျပ် ၂,၁၅၀ အထိ ပေါက်ဈေး ရရှိနေသည့် အတွက် ယခင်သီတင်း ပတ်ပေါက်ဈေး တစ်ပိဿာ ကျပ် ၂,၀၀၀ နှင့် နှိုင်းယှဉ်ပါက တစ်ပတ်အတွင်း တစ်ပိဿာကျပ် ၁၀၀ ကျော် ပေါက်ဈေး မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပဲမာအုပ်စုတွင် ပြည်ပပို့ကုန် တစ်မျိုးဖြစ်သည့် မတ်ပဲ ကုန်စည် ဈေးကွက်မှာ အနည်းငယ် အေးစက်နေပြီး ဈေးနှုန်းပိုင်းတွင်လည်း ဈေးထပ်မံကျဆင်းသွားကြောင်း သိရသည်။ အောက်တိုဘာလ အစပိုင်းကုန်စည် ဈေးကွက်တွင် မတ်ပဲတစ်အိတ် ကျပ် ၆၉,၀၀၀ မှ ကျပ် ၇၂,၀၀၀ အထိသာ ပေါက် ဈေးရှိသည့်အတွက် ယခင်သီတင်းပတ် ပေါက်ဈေး တစ်အိတ်ကျပ် ၇၄,၀၀၀ မှ ကျပ် ၇၅,၀၀၀ နှင့် နှိုင်းယှဉ်ပါက တစ်ပတ်အတွင်း တစ်အိတ်ကျပ် ၃,၀၀၀ ၀န်းကျင်ဈေးနှုန်းကျ ဆင်းသွားကြောင်း သိရသည်။ မတ်ပဲဈေးကွက်သည် စက်တင်ဘာလ လယ်ပိုင်းမှ စတင်ကာ ဈေးနှုန်းတစ်စ တစ်စကျဆင်းလာခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ လယ် တွင် တစ်အိတ်ကျပ် ၈၁,၀၀၀ မှ အောက်တိုဘာလအစပိုင်းဈေးကွက်တွင် တစ်အိတ်ကျပ် ၇၂,၀၀၀ အထိ ကျဆင်းသွား ခြင်းဖြစ်ကြောင်း သိရသည်။ အလားတူ ကုလားပဲအုပ်စုဝင်များ သည်လည်း ဈေးကွက်တွင် အရောင်းအ၀ယ် အေးစက်နေပြီး ဈေးနှုန်းအပိုင်း တွင်လည်း ဈေး အေးနေကြောင်း သိရသည်။ တရုတ်ဝယ်လိုအားရှိသော နှမ်းနက် (စမုံ)ဈေးကွက်မှာမူ အောက်တိုဘာလအစ ပိုင်းတွင် အမြင့်ပိုင်း ဈေးကွက်တွင်သာ ဆက်လက်ရှိနေပြီး တစ်အိတ်ကျပ် ၁၇၅,၀၀၀ မှ ကျပ် ၁၈၉,၀၀၀ အထိ ပေါက်ဈေးရှိကြောင်း သိရသည်။ နှမ်းနက်(စမုံ) ဈေးကွက်သည် စက်တင်ဘာလကုန်ပိုင်းတွင် ဈေးနှုန်းပြန်လည် မြင့်တက်လာခဲ့ပြီး အောက်တိုဘာလအစပိုင်းဈေး ကွက်အမြင့်တန်းဈေးတွင် ဆက်လက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ တခြားနှမ်းမျိုးစုံ ဈေးကွက်တွင်မူ နှမ်းညို ဈေးကွက်သည် အောက်တိုဘာလ အစပိုင်းတွင် တစ်အိတ်ကျပ် ၁၂,၁၀၀အထိ ပေါက်ဈေးရှိသည့်အတွက် ယခင်သီတင်းပတ်ပေါက်ဈေး တစ် အိတ်ကျပ် ၁၁၇,၀၀၀ မှ ကျပ် ၁၁၈,၀၀၀ နှင့်နှိုင်းယှဉ်ပါက တစ်ပတ်အတွင်း ကျပ် ၃,၀၀၀ ၀န်းကျင် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ - ကျော်သူရမျိုး http://www.thefarmermedia.com/%E1%80%90%E1%82%90%E1%80%AF%E1%80%90%E1%80%B9%E1%81%80%E1%80%9A%E1%80%B9%E1%80%9C%E1%80%AF%E1%80%AD%E1%80%A1%E1%80%AC%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%BB/
0 comments:
Post a Comment