စားအုန်းဆီးဈေးနှုန်းများမှာ ပြည်ပဈေး FOB တစ်တန် ဒေါ်လာ ၇၄၀ နှုန်းသို့ ရောက်ရှိလာမှုနှင့်အတူ ပြည်ပပို့ကုန်ရငွေ၊ ငွေ လဲနှုန်းမှာလည်း ကျပ် ၉၉၅ ၀န်းကျင်ရှိလာ၍ စက်တင်ဘာလ ၃၀ ရက်တွင် FOB တစ်တန်ဈေးနှုန်း ဒေါ်လာ ၇၄၀၊ ငွေလဲနှုန်း ကျပ် ၉၉၃ ဖြင့် ဆိပ်ကမ်းရောက် တစ်ပိဿာရောင်းဈေး ကျပ်၁,၄၀၀ ဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၉ ရက်တွင် FOB တစ် တန် ဒေါ်လာ ၇၃၅၊ ငွေလဲနှုန်း ကျပ် ၉၉၅ ရှိရာ ပြည်ပအရင်းဈေးနှင့် ရန်ကုန်ဈေးကွက် ကွာခြားမှုနည်းကြောင်း ဆီရောင်း ချသူများက ပြောသည်။ ပြည်ပမှ တင်သွင်းလာသော ပဲပုပ်ဆီများ ပြည်တွင်းဈေးကွက်တွင် မကြာမီရက်အတွင်း ရောက်ရှိဖြန့်ဖြူးမှုများ ရှိလာနိုင်ခြင်း၊ နယ်သာလန်မှ စားသုံးဆီ တင်သွင်းရန် ပြည်တွင်းဈေးကွက်တွင် ဆွေးနွေးမှုများရှိခြင်း၊ ပြည်တွင်းမြေပဲဆီအပါအ၀င် ဆီထုတ် လုပ်မှုလုပ်ငန်းများ အဆင့်မြင့်ထုတ်လုပ်နိုင်ရန် ပြည်ပသို့ သွားရောက်လေ့လာနိုင်ရန် ပြည်ပနိုင်ငံမှ လာရောက် ဆွေးနွေးကူ ညီပေးရန် စီစဉ်နေခြင်းများ ယခုလပိုင်းတွင် ဆီဈေးကွက်တွင် ကြုံတွေ့နေရရာ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်ရောင်းချခြင်း တွင် အသွင်သစ်များဖြစ်လာနိုင်ရန်ရှိသည်ဟု ဆီကုန်သည်တစ်ဦးက ပြောသည်။ - မောင်စေအောင် http://www.thefarmermedia.com/%E1%81%BE%E1%80%80%E1%80%80%E1%80%B9%E1%80%9E%E1%80%BC%E1%80%94%E1%80%B9%E1%80%94%E1%80%AE%E1%80%B1%E1%80%85%E1%80%BA%E1%80%B8%E1%82%8F%E1%82%88%E1%80%94%E1%80%B9%E1%80%B8-%E1%80%80%E1%80%BA%E1%80%86/
0 comments:
Post a Comment