မိဘတွေက ဆီစက်လုပ်ငန်းလုပ်ကိုင်ခဲ့တာ ဆယ်စုနှစ် နှစ်ခုကျော်ကြာနေပြီဖြစ်ပါတယ်။ တတ်သိလွန်းလို့ မဟုတ်ပါဘူး။ ဗဟုသုတဝေမျှတဲ့ အနေနဲ့ ဒီဘလော့ဂ်လေး ရေးဖြစ်တာပါ။

Friday, October 10, 2014

အပူပိုင်းဇုံ ဒေသများတွင် မိုးရေချိန်အလိုက် စိုက်ပျိုး နည်းသင်တန်းများ ပို့ချသွားမည်

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနနှင့် လယ်ယာ စိုက်ပျိုး ရေးနှင့် ဆည်မြောင်း ၀န်ကြီး ဌာနတို့ ပူးပေါင်း၍ အပူပိုင်း ဇုန် ဒေသများ ဖြစ်သော ညောင်ဦး၊ ပုဂံတို့တွင် စိုက်ပျိုးရေး သီးနှံများ ထုတ်လုပ် မှုမြင့်မား စေရေးနှင့် ရရှိလာ သည့် မိုးရေချိန်၊ အပူချိန်၊ စိုထိုင်းဆ၊ လေတိုက် နှုန်းစသည့် နည်းပညာများ အားစိုက်ပျိုးရေး လုပ်ငန်းအတွက် လက်တွေ့ အသုံးချနိုင်စေရန် စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။ “RIME အဖွဲ့ရဲ့ အကူအညီနဲ့ အပူပိုင်းဇုန်ဒေသ၊ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ ပုဂံညောင်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ မုံရွာတို့ မှာ စိုက်ပျိုးရေးဝန်ထမ်းတွေကို စပြီး သင်ကြားပေးသွားမယ်။ အဲဒီကမှ ဆင့်ပွားသင်တန်းပို့ချဖို့ စီစဉ်ထားတယ်””ဟု လယ်ဆည်ဝန် ကြီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်အောင်ရှိန်က ပြောသည်။ အဆိုပါသင်တန်းအား စက်တင်ဘာ ၂၃၊ ၂၄၊ ၂၅၊ ၂၆ ရက်များအဖြစ် နေပြည်တော် မြနန်းယုံတွင် စတင်ပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက်နေ့ များတွင် ပုဂံညောင်ဦးတွင် သင်တန်းပို့ချပေးသွားမည်ဖြစ်ကာ အောက်တိုဘာလ ၂၀၊ ၂၁၊၂၂၊ ၂၃၊ ၂၄ ရက်နေ့များတွင် မုံရွာသို့ ဆက်လက်သင်တန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။ “အဲ့ဒီမှာ တောင်သူတွေကို စာတွေပါမက လက်တွေ့ပါလုပ်ခိုင်းမယ်။ နှစ်ပတ်တစ်ကြိမ် စစ်တမ်းကောက်ရမယ်။ စစ်တမ်းကောက်ရ မယ် ပုံစံတွေလည်း ပေးသွားမယ်။ နောက်ပြီး ကိုယ့်ဒေသရဲ့ ရေမြေသဘာဝကို သင်းပေးသွားမယ်”ဟု ဦးထင်အောင်ရှိန်က ပြော သည်။ သင်တန်းတွင် မိုးလေ၀သအခြေအနေပေါ်မူတည်၍ သီးနှံစိုက်ပျိုးမှုပုံစံများ၊ မိုးရေထိန်သိမ်းနည်းများနှင့် သင်တော်သည့်သီးနှံများကို အလှည့်ကျ (Cross Rotational) စိုက်နည်းပုံစံများအား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။“မိုးကောင်းတုန်းရေခံ၊ လ သာတုန်း ဗိုင်းငင်ဆိုသလို မိုးရေကို စနစ်တကျသုံးဖို့လိုတယ်။ ဒီဘက်တော့ မသိဘူး။ ရေရှားတဲ့အထက်ဘက်ဆို မိုးရွာရင်ရွာတဲ့အ ချိန်ည ဆိုရင်တောင် မီးထွန်းပြီး စိုက်တာတွေ့ရတယ်။ အစိုဓာတ်ဖမ်းစိုက်တဲ့ သဘောပါပဲ”ဟု ဦးထင်အောင်ရှိန်က ဆက်လက်ပြော ကြားခဲ့သည်။ - ပိုင်စိုးသူ http://www.thefarmermedia.com/%E1%80%A1%E1%80%95%E1%80%B0%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%87%E1%80%AF%E1%80%B6-%E1%80%B1%E1%80%92%E1%80%9E%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%90%E1%80%BC%E1%80%84/

0 comments:

Post a Comment