မိဘတွေက ဆီစက်လုပ်ငန်းလုပ်ကိုင်ခဲ့တာ ဆယ်စုနှစ် နှစ်ခုကျော်ကြာနေပြီဖြစ်ပါတယ်။ တတ်သိလွန်းလို့ မဟုတ်ပါဘူး။ ဗဟုသုတဝေမျှတဲ့ အနေနဲ့ ဒီဘလော့ဂ်လေး ရေးဖြစ်တာပါ။

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, October 10, 2014

မြေပဲထုတ်လုပ်မှုနှင့် ထွက်ရှိရာဒေသ

-အောင်လံ၊ ပခုက္ကူ၊ ပြည်၊ ပန်းတောင်းနှင့် သရက်တို့မှ တစ်နိုင်ငံလုံး၏ ၆၇% ထွက်ရှိတယ်လို့ သိရပါတယ်။ - ကြံခင်း၊ မြန်အောင်၊ ဗန်းမော်၊ ကသာ၊ မိုးကောင်း၊ ညောင်ရွှေ၊ ပဲခူး၊ ဝေါ၊ ညောင်လေးပင်၊ ကျိုက်ထို တို့မှလည်း ထွက်ပါတယ်။ - တစ်နိုင်ငံလုံးအတိုင်းအတာအရ တစ်နှစ်ကို မက်ထရစ်တန်ချိန် 0.85 သန်း ထွက်ရှိတယ်လို့ ဆိုပါတယ်။ Ref : ဒေါက်တာမျိုးသန့်(မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်)

မြေပဲဆီ(စစ်စစ်) ဈေးကြီးတယ်လို့ ထင်ပါသလား?

မိတ်ဆွေတို့ အနေနဲ့ မြေပဲဆီ(စစ်စစ်)ဟာ ဈေးကြီးလွန်းတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဟုတ်တာပေါ့။ ပဲဆီသန့် တစ်ပိဿာ ကို ရန်ကုန်ပေါက်ဈေး ၄၀၀၀ ကျော်ဖြစ်နေပါတယ်။ ဘာကြောင့်ပါလိမ့်။ တချို့က ဆီစက်လုပ်ငန်းရှင်တွေ အမြတ်တင်လွန်းလို့ လို့ မြေပဲဆီ ဈေးကြီးနေရတာလို့ ထင်ကောင်းထင်နိုင်ပါတယ်။ အဲလိုထင်တယ်ဆိုရင် တော့ မှားနေပါတယ်လို့ပဲ ဆိုပါရစေ။ မြေပဲဆီမှမဟုတ်ပါဘူး။ ဘယ်လိုထုတ်ကုန်မျိုးပဲဖြစ်ဖြစ် ထုတ်လုပ်မှု ကုန်ကျစရိတ်လို့ခေါ်တဲ့ Production Cost များရင် ဈေးကွက်မှာ ရောင်းတဲ့ဈေးကလည်း ကြီးမြင့်မှာပါပဲ။ ဆီစက်ပိုင်ရှင်တွေလည်း အများကြီးမြတ်လှတာမဟုတ်ပါဘူး။ လုပ်ငန်းမရပ်တန့်ရုံ လည်ပတ်နေ ကြသူတွေများပြီး တိုးချဲ့နိုင်သူ အလွန်ရှားပါးပါတယ်။ ကုန်ကြမ်း၊ သယ်ယူပို့ဆောင်စရိတ်၊ ထုတ်လုပ်မှုကုန်ကျစရိတ်၊ လုပ်သားစရိတ် စတဲ့ စရိတ် စရိတ်ပေါင်းများစွာထဲမှာ အမြတ်အစွန်း ပါးပါးလေးပဲ ပေါင်းထည့်ထားတာက ဈေးကွက်ရဲ့ ပေါက်ဈေးဖြစ်ပေါ်လာ တာပါ။ လူတိုင်းဟာ စီးပွားရေး တစ်ခုတော့ လုပ်နေကြတာဆိုတော့… အရိုးရှင်းဆုံးဥပမာတစ်ခုပေါ့။ မိတ်ဆွေက တခြားဈေးတစ်ခုကနေ ကန်စွန်းရွက်တစ်စီး ကျပ် ၅၀ နဲ့ ၀ယ်လာတယ်ဆိုပါစို့။ နောက်တစ်နေရာ ရောက်ဖို့ ကားခက ကျပ် ၂၀ ကျတယ်။ ဒါဆိုရင် နောက်ဈေးတစ်ခုမှာ ပြန်ရောင်းတဲ့ အခါ အဲဒီကန်စွန်းရွက်ကို အနည်းဆုံး ၇၅ ကျပ် ရမှဖြစ်မှာ ပေါ့။ ဒါမှလည်း မိတ်ဆွေအတွက် အမြတ် ၅ ကျပ် ရမှာပါ။ ဒီ ၅ ကျပ်ကို တောင်မိတ်ဆွေ အကုန်မြတ်တာမဟုတ်ပါဘူး။ မိတ်ဆွေရဲ့ လုပ်အားခဆို တာ ထည့်တွက်ရင် ၂ ကျပ်ခွဲတောင် အနိုင်နိုင်ပဲ အမြတ်ရပါလိမ့်မယ်။ ကောင်းပါပြီ။ မိတ်ဆွေက ဘာစီးပွားရေးမှ မလုပ်ပါဘူး။ ၀န်ထမ်းပါဆိုရင် လည်း ဥပမာက ရှိပါသေးတယ်။ ဘာ ပညာအရည်အချင်း၊ ဘာအသက်မွေးဝမ်းကျောင်းမှ ကျွမ်းကျင်စွာ တတ်မြောက်မထားတဲ့ ၀န်ထမ်းတစ်ယောက်…ဒါဆိုရင်တော့ အလုပ်ကြမ်းအလုပ် လုပ်ရတဲ့ ၀န်ထမ်းပဲဖြစ်မှာပါ။ သူ့အတွက် ပေးရတဲ့ လုပ်အားခကလည်း နည်းပါးပါလိမ့်မယ်။ အရင်းဖြစ်တဲ့ ကျွမ်းကျင်မှုမရှိလို့ ပေါက်ဈေးကလည်း နည်းတာပါ။ ဒီတော့ အမြတ်လည်းနည်းပြီပေါ့။ ဟုတ်ပြီ။ ဘွဲ့တွေ၊ လက်မှတ်တွေ၊ အတတ်ပညာတွေမျိုးစုံနဲ့ ၀န်ထမ်းတစ် ယောက်… ဒါဆိုရင်တော့ သူ့ရဲ့လစာဟာ အဆပေါင်းများစွာ များပြားလာ ပါလိမ့်မယ့်။ အရင်းကလည်းများတာကိုး။ ပေါက်ဈေးလည်း များပြီပေါ့။ ဒီတော့ သူ့ရဲ့ အကျိုးခံစားခွင့် အမြတ်ကလည်း များလာတာ မဆန်းပါ ဘူး။ ဒီသဘောတရားပါပဲ။ မြေပဲဆီဈေးကြီးရတာဟာ… ကုန်ကြမ်းဖြစ်တဲ့ မြေပဲက ဈေးကြီးပါတယ်။ သယ်ယူပို့ဆောင်စရိတ် ဈေးကြီးပါတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ် များပြားပါတယ်။ --- အစစ အရာရာဈေးကြီးပါတယ်။ ဒီတော့ မိတ်ဆွေအနေနဲ့ မြေပဲဆီစစ်စစ် ကောင်းကောင်း သန့်သန့် စားချင်တယ်ဆိုရင် ဒီကုန်ကျစရိတ်တွေ ဈေးကျပါစေလို့ ဆုတောင်းပေးပါ။ မြေပဲဆီဈေး သူ့အလိုလို ကျသွားပါ လိမ့်မယ်။ အဲ… မကျဘူး ဆိုရင်တော့ ဆီစက်လုပ်ငန်းသမားတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေလို့ မေတ္တာပို့ပေါ့။ ကျေကျေနပ်နပ် ခံယူပါ့မယ်။ လောလောဆယ်တော့…………

ကုန်ချောထုတ်လုပ်မှု

ကုန်ကြမ်းရရှိမှု အခြေအနေ

Contact

About

ပဲကုန်သည်တချို့၊ ငွေကြေးအရှုပ်အရှင်း ထပ်မံပေါ်ပေါက်၍ ဖြေရှင်းနေရ

ပဲဈေးနှုန်းတစ်နေ့တည်းတွင် အမျိုး မျိုးဖြစ်နေသည့်အတွက် အမှန်တကယ် ငွေချေ၊ ပစ္စည်းလွှဲပြောင်းလက်ခံရယူသည့် ပုံမှန် အရောင်းအ၀ယ်ပြုလုပ်ခြင်းထက် ယုံ ကြည်မှုအခြေခံ လေရောင်းလေ၀ယ် ပြုလုပ်ခြင်း များပြားလာ ကြရကြောင်း၊ သက်ဆိုင်ရာ မှ တားမြစ်မှုရှိသော်လည်း မိမိတို့ အချင်းချင်း နှုတ်ကတိဖြင့် ပြုလုပ်ခြင်းအပေါ် အရေးယူနိုင်မှု အားနည်းကြောင်း၊ သို့သော် ၎င်း သို့ နှုတ်ကတိဖြင့် အရောင်းအ၀ယ်ပြုလုပ် ခြင်းမှ ငွေကြေးအလျော်အစားပြုလုပ်ရခြင်းလည် လက်ငင်းအစား နှစ်နှစ်၊ သုံးနှစ် ကာလကြာ သည်အထိ ရွှေ့ပြောင်း ဆွဲယူလာတတ် ရာ ကာလ အချိန်ကြာ သည်နှင့်အမျှ အလျော် အစားပြုလုပ်ရမည့် ငွေပမာ ဏများပြားလာ ကြောင်း၊ ယခု ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်း တွင် ပြန်လည်ပေါ်ပေါက်လာသော ရန်ကုန်ပဲ ကုန်စည်ဒိုင်ငွေကြေး ပြဿနာ ထပ်မံဖြစ် ပေါ်မှုတွင် ကုန်သည်တချို့ထပ်မံ ပေါ်ပေါက်လာရာ တိမ်းရှောင်သွားခြင်း၊ ပိုင်ဆိုင်သည့် ပစ္စည်းများ ထုခွဲ ရောင်းချပေးလျော်ခြင်းများ ရှိလာသည်ဟု ပဲအရောင်းအ၀ယ်ပြုလုပ် သူများက ပြောသည်။ ၂၀၁၁ ခုနှစ်ဝန်းကျင် ပဲလောက ငွေ ကြေးအရှုပ်အရှင်းကြောင့် ပြည်ပသို့ တိမ်းရှောင်သွားသည့် ကုန်သည်တစ်ဦး အကြောင်း မေ့ပျောက်၍ မရချိန်တွင် မြစ်ဝကျွန်းပေါ်ဒေသတွင် ပဲလုပ်ငန်းလုပ်ကိုင်သူ တချို့ ငွေကြေးပြဿနာဖြစ်ပွားခြင်း၊ ၂၀၁၄ ခုနှစ် မန္တလေးကုန်စည်ဒိုင်တွင် ပဲစင်းငုံ အထူးပြုကုမ္ပဏီတစ်ခု၏ ငွေကြေး ပြဿနာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ မိမိ ပိုင် ဆိုင် မှုပစ္စည်းအ၀၀ကို အပ်နှံဖြေရှင်း သဖြင့် တရားဝင်တင်ပြနိုင်သော အရောင်းအ၀ယ် များ၏ ၉၀ ရာခိုင်နှုန်း ငွေကြေးပြန် လည်ရရှိပြီး ၁၀ ရာခိုင်နှုန်းသာ ငွေကြေးမပေးချေနိုင်ဟု သိရပြီး ၎င်း ၁၀ ရာခိုင်နှုန်း မှာလည်း ငွေကြေး ပမာဏ ကျပ်သိန်း ပေါင်း တစ်သောင်းဝန်းကျင်ရှိသည်ဟု သက်ဆိုင်ရာ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ၂၀၀၈ တွင် ဖြစ်ပွားသော ပဲ ကုန်သည်ကြီး များ၏ ငွေကြေး ပြဿနာဖြစ်ပွားမှုသည် ပဲလောကတွင် စံချိန်တင်အများဆုံးဖြစ် ခဲ့ ကာ ငွေကြေးပမာဏ ကျပ် ၂၀၃ ဘီလျံရှိပြီး ပဲကုန်သည်ကြီး ရှစ်ဦးနှင့် ပတ်သက်၍ ငွေကြေးဆုံးရှုံးသည့် နစ်နာသူဦးရေ ၅၀၀ ၀န်းကျင်ရှိကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၀၉ ခုနှစ်ထုတ် အပတ်စဉ်သတင်းဂျာနယ်တွင်လည်းကောင်း၊ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ၂၄ ရက်ထုတ် အပတ်စဉ်ဂျာနယ်တွင် ပြည်ပ သို့ ထွက်ပြေးတိမ်းရှောင်သွားသော ဘုရင့် နောင်ပွဲရုံဝင်း အတွင်းရှိ ပဲကုန်သည်တစ်ဦး မှ လိမ်လည်သွားသော ငွေကြေးပမာဏမှာ ကျပ်သိန်းငါးသောင်းကျော် ရှိသည်ဟု လည်း ကောင်း ဖော်ပြထားသည်ကို ဖတ်ရှု ၍ သိရှိရကြောင်း ပဲကုန်သည်များက ပြောသည်။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ရန်ကုန်ပဲလောက၌ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းဒေသတွင် ပဲအရောင်း အ ၀ယ်အဓိကထားပြုလုပ်သော ရန်ကုန် အခြေစိုက် ၎င်းင်းပဲခူးတိုင်းဒေသကြီးအရှေ့ ဘက်ခြမ်းသားတစ်ဦး၏ ငွေကြေးပြဿနာ များ ပေါ်ပေါက်လာရာတွင် နယ်များမှ ပဲ ရောင်းဝယ်သူများ ငွေကြေးဆုံးရှုံးမှုများကြောင်း ကျောက်တံခါးနယ်သား ပဲအရောင်း အ၀ယ် ပြုလုပ်သူတစ်ဦးက ပြောသည်။ ယခုရက်ပိုင်း ထပ်မံ၍ ဘုရင့်နောင်ပွဲ ရုံဝင်း အခြေစိုက် ပဲကုန်သည်တစ်ဦး၏ ပိုင်ဆိုင်မှု ပစ္စည်းများ ထုခွဲရောင်းချ၍ ပဲဖိုးငွေ ကြေးရှင်းလင်းမည့်သတင်း ပဲလောကမှ ထပ်မံကြား သိရသည်။ သို့ဖြစ်ရာ လေရောင်းလေ၀ယ် ပဲမျိုးစုံအရောင်းအ၀ယ်ကို မပြုလုပ်ရန် တားမြစ် နေသည့်ကြားမှ ငွေကြေးပြဿနာများ ပမာဏကြီးမားသည်ထိ ဖြစ်ပေါ်နေခြင်း များ ထပ်မံဖြစ်ပေါ် ကြားသိနေရသဖြင့် နေ့စဉ်ပဲလောကသားတို့၏ အရောင်း အ၀ယ်ပြုလုပ်နေသည့် လက်ငင်းအခြေ အနေမှန်များကို ပွင့်လင်း မြင်သာစွာ ဖော် ထုတ်စစ်ဆေးပြီး လေပတ်ကားကြိုရောင်း ကြိုဝယ်ပြုလုပ်နေမှုကို ထိရောက်စွာ တား ဆီးပေးရန် လိုအပ်နေ ကြောင်း ပဲကုန်စည် ဒိုင်သို့ နေ့စဉ်လာရောက်သူကုန်သည်များ က ပြောသည်။ - မောင်စေအောင် http://www.thefarmermedia.com/%E1%80%85%E1%80%AD%E1%80%94%E1%80%B9%E1%80%B1%E1%80%81%E1%81%9A%E1%80%99%E1%82%88%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7-%E1%80%91%E1%80%94%E1%80%B9%E1%80%B8%E1%80%9C%E1%80%BA%E1%80%80%E1%80%B9/

စားသုံးဆီကို အနောက်နိုင်ငံများမှ တင်သွင်းရန်ရှိလာ

စားအုန်းဆီးဈေးနှုန်းများမှာ ပြည်ပဈေး FOB တစ်တန် ဒေါ်လာ ၇၄၀ နှုန်းသို့ ရောက်ရှိလာမှုနှင့်အတူ ပြည်ပပို့ကုန်ရငွေ၊ ငွေ လဲနှုန်းမှာလည်း ကျပ် ၉၉၅ ၀န်းကျင်ရှိလာ၍ စက်တင်ဘာလ ၃၀ ရက်တွင် FOB တစ်တန်ဈေးနှုန်း ဒေါ်လာ ၇၄၀၊ ငွေလဲနှုန်း ကျပ် ၉၉၃ ဖြင့် ဆိပ်ကမ်းရောက် တစ်ပိဿာရောင်းဈေး ကျပ်၁,၄၀၀ ဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၉ ရက်တွင် FOB တစ် တန် ဒေါ်လာ ၇၃၅၊ ငွေလဲနှုန်း ကျပ် ၉၉၅ ရှိရာ ပြည်ပအရင်းဈေးနှင့် ရန်ကုန်ဈေးကွက် ကွာခြားမှုနည်းကြောင်း ဆီရောင်း ချသူများက ပြောသည်။ ပြည်ပမှ တင်သွင်းလာသော ပဲပုပ်ဆီများ ပြည်တွင်းဈေးကွက်တွင် မကြာမီရက်အတွင်း ရောက်ရှိဖြန့်ဖြူးမှုများ ရှိလာနိုင်ခြင်း၊ နယ်သာလန်မှ စားသုံးဆီ တင်သွင်းရန် ပြည်တွင်းဈေးကွက်တွင် ဆွေးနွေးမှုများရှိခြင်း၊ ပြည်တွင်းမြေပဲဆီအပါအ၀င် ဆီထုတ် လုပ်မှုလုပ်ငန်းများ အဆင့်မြင့်ထုတ်လုပ်နိုင်ရန် ပြည်ပသို့ သွားရောက်လေ့လာနိုင်ရန် ပြည်ပနိုင်ငံမှ လာရောက် ဆွေးနွေးကူ ညီပေးရန် စီစဉ်နေခြင်းများ ယခုလပိုင်းတွင် ဆီဈေးကွက်တွင် ကြုံတွေ့နေရရာ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်ရောင်းချခြင်း တွင် အသွင်သစ်များဖြစ်လာနိုင်ရန်ရှိသည်ဟု ဆီကုန်သည်တစ်ဦးက ပြောသည်။ - မောင်စေအောင် http://www.thefarmermedia.com/%E1%81%BE%E1%80%80%E1%80%80%E1%80%B9%E1%80%9E%E1%80%BC%E1%80%94%E1%80%B9%E1%80%94%E1%80%AE%E1%80%B1%E1%80%85%E1%80%BA%E1%80%B8%E1%82%8F%E1%82%88%E1%80%94%E1%80%B9%E1%80%B8-%E1%80%80%E1%80%BA%E1%80%86/

တရုတ်ဝယ်လိုအားကောင်းသဖြင့် မြေပဲဆံဈေး ဆက်တိုက်မြင့်တက်ပြီး မတ်ပဲဈေးကျဆင်းနေ

မန္တလေး ကုန်စည်ဒိုင်၏ အောက်တိုဘာလ အစပိုင်း ကုန်စည် ဈေးကွက်တွင် တရုတ် နိုင်ငံဘက်မှ ဆက်တိုက် ၀ယ်လိုအား ကောင်း မွန် နေသည့် အတွက် မြေပဲဆံ အုပ်စုဝင် များဖြစ်သော အက်စ်ဝမ်းလုံးဆံ မြေပဲဆံနှင့် ဂျပန်လုံးဆံ မြေပဲဆံတို့မှာ ဈေးနှုန်း ဆက် တိုက်မြင့်တက်နေပြီး ပြည်ပပို့ ကုန်တစ်မျိုးဖြစ်သည့် ပဲမာအုပ်စုဝင် မတ်ပဲဈေးနှုန်းမှာမူ ထပ်မံကျဆင်းသွားကြောင်း ထိုကုန်စည်ဒိုင် အခြေစိုက် ပဲကုန်သည်များထံမှသိရှိ ရသည်။ “မြေပဲဆန် ဈေးကွက် ထဲမှာတော့ ဂျပန်လုံး ဆံမြေပဲ ကတော့ ဈေးနှုန်းကို ဆက်တိုက် တက်နေတာ။ အခုဈေးက ဒီနှစ်ထဲမှာအမြင့် ဆုံးဈေးကိုတောင် ရောက်နေတယ်လို့ ပြောလို့ရတယ်။ တရုတ်ဝယ်လိုအား တော်တော်ကောင်းတယ်။ ပြီးတော့ အက်စ် ၀မ်းလုံးဆံ မြေပဲဆံဈေးလည်း ထပ်တက် လာတယ်။ မတ်ပဲကုန်စည် ဈေးနည်းနည်း ထပ်ကျသွားပြန်တယ်။ ပြည်ပလိုင်း ၀ယ်လိုအားနည်း နေ သေးတယ်”ဟု အဆိုပါ ပဲကုန်သည်က ပြောသည်။ အောက်တိုဘာလအစပိုင်း ကုန်စည် ဈေးကွက်တွင် မြေပဲဆံ ဈေးနှုန်းမှာ ဆက်တိုက် မြင့်တက် လာခဲ့ပြီး တရုတ် ၀ယ်လိုအား ကောင်းမွန် သည့် ဂျပန် လုံးဆံ မြေပဲဆံမှာ တစ်ပိဿာကျပ် ၂,၃၅၀မှ ကျပ် ၂,၄၀၀ အထိပေါက် ဈေးရှိသည့်အတွက် ယခင်သီတင်း ပတ်ပေါက်ဈေးတစ်ပိသာ ကျပ် ၂,၀၄၀ နှင့် နှိုင်းယှဉ်ပါက တစ်ပတ်အတွင်း တစ်ပိဿာကျပ် ၃၀၀ ကျော်အထိ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုနှစ် ကုန်စည်ဈေးကွက်တွင် တရုတ်ဝယ်လိုအား ဆက်တိုက်ကောင်းမွန် နေသည့်အတွက် မြေပဲဆံဈေးနှုန်းသည် ဆက်တိုက် ကောင်းမွန်နေခြင်းဖြစ်ပြီး ဈေးနှုန်းအမြင့်ပိုင်းတွင် ဆက်တိုက် ရှိနေသည်မှာ နှစ်လကျော် ကြာမြင့် နေပြီဖြစ်ရာ ယခုအောက်တို ဘာလ အစပိုင်းတွင် ဂျပန် လုံးဆံမြေပဲဆံ တစ်ပိဿာ ကျပ် ၂,၄၀၀ အထိရရှိခြင်းမှာ အမြင့်ဆုံးဈေးနှုန်းဖြစ်လာကြောင်း ကုန် သည်များမှ သိရသည်။ အလားတူ အက်စ်ဝမ်းလုံးဆံမြေပဲ ဆံဈေးကွက်တွင်လည်း အောက်တိုဘာလ အစပိုင်းက တစ်ပိဿာကျပ် ၂,၀၇၅ မှ ကျပ် ၂,၁၅၀ အထိ ပေါက်ဈေး ရရှိနေသည့် အတွက် ယခင်သီတင်း ပတ်ပေါက်ဈေး တစ်ပိဿာ ကျပ် ၂,၀၀၀ နှင့် နှိုင်းယှဉ်ပါက တစ်ပတ်အတွင်း တစ်ပိဿာကျပ် ၁၀၀ ကျော် ပေါက်ဈေး မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပဲမာအုပ်စုတွင် ပြည်ပပို့ကုန် တစ်မျိုးဖြစ်သည့် မတ်ပဲ ကုန်စည် ဈေးကွက်မှာ အနည်းငယ် အေးစက်နေပြီး ဈေးနှုန်းပိုင်းတွင်လည်း ဈေးထပ်မံကျဆင်းသွားကြောင်း သိရသည်။ အောက်တိုဘာလ အစပိုင်းကုန်စည် ဈေးကွက်တွင် မတ်ပဲတစ်အိတ် ကျပ် ၆၉,၀၀၀ မှ ကျပ် ၇၂,၀၀၀ အထိသာ ပေါက် ဈေးရှိသည့်အတွက် ယခင်သီတင်းပတ် ပေါက်ဈေး တစ်အိတ်ကျပ် ၇၄,၀၀၀ မှ ကျပ် ၇၅,၀၀၀ နှင့် နှိုင်းယှဉ်ပါက တစ်ပတ်အတွင်း တစ်အိတ်ကျပ် ၃,၀၀၀ ၀န်းကျင်ဈေးနှုန်းကျ ဆင်းသွားကြောင်း သိရသည်။ မတ်ပဲဈေးကွက်သည် စက်တင်ဘာလ လယ်ပိုင်းမှ စတင်ကာ ဈေးနှုန်းတစ်စ တစ်စကျဆင်းလာခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ လယ် တွင် တစ်အိတ်ကျပ် ၈၁,၀၀၀ မှ အောက်တိုဘာလအစပိုင်းဈေးကွက်တွင် တစ်အိတ်ကျပ် ၇၂,၀၀၀ အထိ ကျဆင်းသွား ခြင်းဖြစ်ကြောင်း သိရသည်။ အလားတူ ကုလားပဲအုပ်စုဝင်များ သည်လည်း ဈေးကွက်တွင် အရောင်းအ၀ယ် အေးစက်နေပြီး ဈေးနှုန်းအပိုင်း တွင်လည်း ဈေး အေးနေကြောင်း သိရသည်။ တရုတ်ဝယ်လိုအားရှိသော နှမ်းနက် (စမုံ)ဈေးကွက်မှာမူ အောက်တိုဘာလအစ ပိုင်းတွင် အမြင့်ပိုင်း ဈေးကွက်တွင်သာ ဆက်လက်ရှိနေပြီး တစ်အိတ်ကျပ် ၁၇၅,၀၀၀ မှ ကျပ် ၁၈၉,၀၀၀ အထိ ပေါက်ဈေးရှိကြောင်း သိရသည်။ နှမ်းနက်(စမုံ) ဈေးကွက်သည် စက်တင်ဘာလကုန်ပိုင်းတွင် ဈေးနှုန်းပြန်လည် မြင့်တက်လာခဲ့ပြီး အောက်တိုဘာလအစပိုင်းဈေး ကွက်အမြင့်တန်းဈေးတွင် ဆက်လက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ တခြားနှမ်းမျိုးစုံ ဈေးကွက်တွင်မူ နှမ်းညို ဈေးကွက်သည် အောက်တိုဘာလ အစပိုင်းတွင် တစ်အိတ်ကျပ် ၁၂,၁၀၀အထိ ပေါက်ဈေးရှိသည့်အတွက် ယခင်သီတင်းပတ်ပေါက်ဈေး တစ် အိတ်ကျပ် ၁၁၇,၀၀၀ မှ ကျပ် ၁၁၈,၀၀၀ နှင့်နှိုင်းယှဉ်ပါက တစ်ပတ်အတွင်း ကျပ် ၃,၀၀၀ ၀န်းကျင် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ - ကျော်သူရမျိုး http://www.thefarmermedia.com/%E1%80%90%E1%82%90%E1%80%AF%E1%80%90%E1%80%B9%E1%81%80%E1%80%9A%E1%80%B9%E1%80%9C%E1%80%AF%E1%80%AD%E1%80%A1%E1%80%AC%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%BB/

အပူပိုင်းဇုံ ဒေသများတွင် မိုးရေချိန်အလိုက် စိုက်ပျိုး နည်းသင်တန်းများ ပို့ချသွားမည်

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနနှင့် လယ်ယာ စိုက်ပျိုး ရေးနှင့် ဆည်မြောင်း ၀န်ကြီး ဌာနတို့ ပူးပေါင်း၍ အပူပိုင်း ဇုန် ဒေသများ ဖြစ်သော ညောင်ဦး၊ ပုဂံတို့တွင် စိုက်ပျိုးရေး သီးနှံများ ထုတ်လုပ် မှုမြင့်မား စေရေးနှင့် ရရှိလာ သည့် မိုးရေချိန်၊ အပူချိန်၊ စိုထိုင်းဆ၊ လေတိုက် နှုန်းစသည့် နည်းပညာများ အားစိုက်ပျိုးရေး လုပ်ငန်းအတွက် လက်တွေ့ အသုံးချနိုင်စေရန် စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။ “RIME အဖွဲ့ရဲ့ အကူအညီနဲ့ အပူပိုင်းဇုန်ဒေသ၊ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ ပုဂံညောင်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ မုံရွာတို့ မှာ စိုက်ပျိုးရေးဝန်ထမ်းတွေကို စပြီး သင်ကြားပေးသွားမယ်။ အဲဒီကမှ ဆင့်ပွားသင်တန်းပို့ချဖို့ စီစဉ်ထားတယ်””ဟု လယ်ဆည်ဝန် ကြီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်အောင်ရှိန်က ပြောသည်။ အဆိုပါသင်တန်းအား စက်တင်ဘာ ၂၃၊ ၂၄၊ ၂၅၊ ၂၆ ရက်များအဖြစ် နေပြည်တော် မြနန်းယုံတွင် စတင်ပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက်နေ့ များတွင် ပုဂံညောင်ဦးတွင် သင်တန်းပို့ချပေးသွားမည်ဖြစ်ကာ အောက်တိုဘာလ ၂၀၊ ၂၁၊၂၂၊ ၂၃၊ ၂၄ ရက်နေ့များတွင် မုံရွာသို့ ဆက်လက်သင်တန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။ “အဲ့ဒီမှာ တောင်သူတွေကို စာတွေပါမက လက်တွေ့ပါလုပ်ခိုင်းမယ်။ နှစ်ပတ်တစ်ကြိမ် စစ်တမ်းကောက်ရမယ်။ စစ်တမ်းကောက်ရ မယ် ပုံစံတွေလည်း ပေးသွားမယ်။ နောက်ပြီး ကိုယ့်ဒေသရဲ့ ရေမြေသဘာဝကို သင်းပေးသွားမယ်”ဟု ဦးထင်အောင်ရှိန်က ပြော သည်။ သင်တန်းတွင် မိုးလေ၀သအခြေအနေပေါ်မူတည်၍ သီးနှံစိုက်ပျိုးမှုပုံစံများ၊ မိုးရေထိန်သိမ်းနည်းများနှင့် သင်တော်သည့်သီးနှံများကို အလှည့်ကျ (Cross Rotational) စိုက်နည်းပုံစံများအား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။“မိုးကောင်းတုန်းရေခံ၊ လ သာတုန်း ဗိုင်းငင်ဆိုသလို မိုးရေကို စနစ်တကျသုံးဖို့လိုတယ်။ ဒီဘက်တော့ မသိဘူး။ ရေရှားတဲ့အထက်ဘက်ဆို မိုးရွာရင်ရွာတဲ့အ ချိန်ည ဆိုရင်တောင် မီးထွန်းပြီး စိုက်တာတွေ့ရတယ်။ အစိုဓာတ်ဖမ်းစိုက်တဲ့ သဘောပါပဲ”ဟု ဦးထင်အောင်ရှိန်က ဆက်လက်ပြော ကြားခဲ့သည်။ - ပိုင်စိုးသူ http://www.thefarmermedia.com/%E1%80%A1%E1%80%95%E1%80%B0%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%87%E1%80%AF%E1%80%B6-%E1%80%B1%E1%80%92%E1%80%9E%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%90%E1%80%BC%E1%80%84/

သီးနှံပေါ်ချိန် ရောင်းချနေရခြင်းနှင့် လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်မှု နည်းပါးခြင်းတို့ကြောင့် အရည်သွေးနိမ့်သီးနှံများသာ မြန်မာအတွက်ကျန်

မြန်မာ နိုင်ငံ၏ လယ်ယာ ထွက်ကုန် များမှာ သီးနှံ ပေါ်သည့် အချိန်တွင် အိမ်နီးချင်း နိုင်ငံ များမှ အ၀ယ် တော်များ ၏ ၀ယ်ယူ မှုများနှင့် မိမိတို့၏ တောင်သူ များမှ သီးနှံအား ဈေးကောင်း ရချိန်ထိ စောင့်မရောင်း နိုင်ခြင်း များကြောင့် ပြည်တွင်း အသုံးပြု ရန် သီးနှံ အကျ များသာ ကျန်နေခဲ့ ကြောင်း မြန်မာနိုင်ငံ သားငါး ကဏ္ဍဖွံ့ဖြိုး မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေး ပွဲမှ သိရသည်။ “ပစ္စည်းပေါ် တဲ့အချိန်မှာ တောင်သူရော၊ မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်တွေပါ ၀ယ်ယူနိုင်တဲ့အားက အရမ်းနည်းတယ်။ ထွက် လာတဲ့ပမာဏက များသလောက် Purch-asing Power က နည်းတဲ့အတွက် ပေါ်လာတဲ့အချိန်မှာ ဈေးကျလေ့ရှိတယ်။ ပြည်ပ ကိုယ်စားလှယ်တွေက မြေပဲလုံးကောင်း၊ နှမ်းလုံးကောင်းတွေကို ၀ယ်တယ်။ ကျွန်တော်တို့ နိုင်ငံမှာ၄၀ ရာခိုင်းနှုန်းသော အကျ တွေနဲ့ အနည်းငယ်သော မြေပဲဆန်သာ ကျန်တယ်””ဟု မြန်မာ နိုင်ငံ ဆီစက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်စိုးက ပြော သည်။ မြန်မာ နိုင်ငံတွင် ဆီစက်ပေါင်း ၂,၀၀၀ ကျော်ခန့်ရှိပြီး တစ်နှစ် ပတ်လုံး လည်ပတ် နိုင်သည့် ဆီစက်သည် ၂၀ ရာခိုင်နှုန်းပင်မရှိ ကြောင်း သိရသည်။ ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် သီးနှံပေါ်သည့်အချိန်တွင် နောက်သီးနှံမပေါ်မီ စပ်ကြား ကာလ သုံးလ၊ လေးလတွင် ကြိုတင်ကာဝယ်ယူလှောင်ထားနိုင်မည်ဆိုပါက ပြည်တွင်းစိုက်ပျိုးရေးလုပ်ငန်းရှင်များအနေဖြင့် လည်း ထိုက်သင့်သည့်ဈေးနှုန်းအား ထိန်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ “၀ယ်တဲ့အချိန်မှာ သူတို့ဝယ်တဲ့အားနဲ့ ကျွန်တော်တို့ဝယ်တဲ့အားက အရမ်းကို ကွာနေတယ်။ ဒီလိုဝယ်ယူတဲ့အချိန်မှာ ကျွန် တော်တို့ ဆီစက်လုပ်ငန်းရှင်တွေဟာ ပြိုင်ဝယ်ဖို့ဆိုတာက ကျွန်တော်တို့က ၀ယ်ပြီးမှကြိတ်တယ်။ ကြိတ်ပြီးတော့မှ ရောင်း တယ်။ ရောင်းပြီးပေါ်တဲ့ ငွေနဲ့ပြန်ဝယ်တဲ့အခါ အလျင်မမီပါဘူး””ဟု ဦးခင်စိုးကဆက်လက်ပြောကြားခဲ့သည်။ ကမ္ဘာသစ်အော်ဂဲနစ်စိုက်ပျိုးရေး မန်နေဂျာ ဦးသန်းအောင်က “ခေတ်အဆက်ဆက်ပေါ့။ တော်လှန်းရေးကောင်စီတက်ပြီး လက်ရှိမျက်မှောက်ကာလထိ မြန်မာရဲ့ သစ်သီးဝလံ၊ မြန်မာရဲ့ စားသောက်ကုန်၊ မြန်မာ့လယ်ယာထွက်ပစ္စည်းကို အဆင့်မီမီနဲ့ နိုင်ငံခြား ဈေးကွက်တင်ပို့နိုင်အောင် အစိုးရကလည်း ကူညီရမယ်။ စိုက်ပျိုးရေးနဲ့ပတ်သက်လို့ နည်းပညာရှင်တွေကလည်း နည်းပညာပံ့ပိုးပေးမယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေကို အားမကိုးဘဲနဲ့ တိုက်ရိုက်ပို့နိုင်မယ်ဆိုမှ ပိုအကျိုး ရှိနိုင်မှာ ဖြစ်ပါတယ်” ဟု မြန်မာတောင်သူကြီးများဂျာနယ်သို့ ပြောသည်။ ထို့ပြင် ၎င်းမှ “တောင်သူတွေမှ သီးနှံမရှိတော့ဘူးဆိုရင် ဈေးက မြင့်တက်သွားပြီ။ ပြည်တွင်စားသုံးမှုတွေ၊ နိုင်ငံခြားပို့ကုန်တွေ အပေါ်မှာလည်း ဈေးနှုန်းက အပြောင်းအလဲဖြစ်နိုင်တယ်။ နောက်တစ်ခုက အော်ဂဲနစ် (ဓာတုလွတ်) မှာ နည်းပညာမကြွယ်ဝ တဲ့အတွက် အဆင့်မီအောင် မစိုက်နိုင်ဘူး။ သဘာဝကိုကျော်လွန်ပြီး စိုက်ကြပျိုးကြတဲ့အတွက် ပြည်ပနိုင်ငံတွေကလည်း များ သောအားဖြင့် ယူပြီးမသုံးကြဘူးပေါ့””ဟု ဆက်လက်ပြောကြားခဲ့သည်။ အဆိုပါ ကိစ္စရပ်များကြောင့် ပြည်တွင်းဈေးကွက်တွင် ဆီစားသုံးသူများအနေဖြင့် အရောအနှောများ ပါဝင်လာကာ အာဟာရ မပြည့်ဝမှုများနှင့် ကြုံနေရပြီး ဈေးနှုန်းမှာလည်း တည်ငြိမ်မှုမရှိကြောင်း သိရသည်။ - ပိုင်စိုးသူ http://www.thefarmermedia.com/%E1%80%9E%E1%80%AE%E1%80%B8%E1%82%8F%E1%80%BD%E1%80%B6%E1%80%B1%E1%80%95%E1%81%9A%E1%80%81%E1%80%BA%E1%80%AD%E1%80%94%E1%80%B9-%E1%80%B1%E1%80%9B%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%81%E1%80%BA/

ပဲလောကအတွက် မကုစားနိုင်သေးသည့် ဗိုင်းရပ်စ်

ကမ္ဘာ့ စီးပွားရေး စစ်မျက်နှာ တွင် မြန်မာ ကုန်သည် များ ဂုဏ်ငယ် အရှက်ရ စေနိုင်သည့် ကုန်သည် စည်းကမ်း ချိုးဖောက် မှု (ဗိုင်းရပ်စ်)သည် ပဲ ကုန်သည် အသိုင်း အ၀ိုင်း ကြားတွင် ကုစား မရနိုင် သည့် အမြစ်စွဲ နာတစ်ခု ဖြစ်လာသည်။ နည်းဥပဒေ သများ၊ အမိန့် ကြေညာ စာများ၊ တရားဝင် တားမြစ် ချက်များ ထုတ်ပြန် ထားသော် လည်း ပဲလုပ်ငန်း ရှင်များ အနေဖြင့် ကုန် သည် စည်းကမ်း ချိုးဖောက် ကာ ကြိုတင် ငွေရယူပြီး ကုန်တင်ပို့ရန် ပျက်ကွက်မှု တစ်လခြား တစ်ခါ ပေါ်ပေါက်လာ နေသည် ဟု ဆိုနိုင်သည်။ ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်းက ကြိုပွိုင့်စနစ်ဖြင့် ကျပ် သန်းပေါင်း သုံးဘီလျံခန့်တန်ဖိုးရှိ ပဲကုန် ပစ္စည်းများ တင်ပို့မှုကိုလည်း ဘုရင့်နောင် ကုန်စည်ဒိုင် အဖွဲ့ဝင် ပဲကုန်သည် တစ်ဦးက ချိုးဖောက်ခဲ့သည်။ အလားတူ ကြိုပွိုင့်တင်ပို့ရန် ပျက် ကွက်သည့်ကိစ္စရပ်များသည် ငွေပမာဏ အနည်းအများအပေါ်တွင် မူတည်ကာ မကြာခဏ ဆိုသလို ပေါ်ပေါက်နေခြင်းကြောင့် ပဲလုပ်ငန်းရှင်များအတွက် ၀ယ်လက်များ၏ ယုံကြည်မှုလျော့ကျလာနိုင်ပြီး မြန်မာ့ ပဲမျိုး စုံကုန်အမှတ်တံဆိပ်မှာ နိုင်ငံတကာဈေးကွက်တွင် ပုံရိပ်များကျလာနိုင်ကြောင်း ပဲလုပ်ငန်းရှင်များက သုံးသပ်ကြသည်။ ဘုရင့်နောင်ကုန်စည်အဖွဲ့ဝင် ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ ပြန်ကြား ရေးတာဝန်ခံ ဒေါက်တာမြတ်စိုးက “အရင်တုန်း ကတော့ ရောင်းတဲ့ဝယ်တဲ့သူတွေကိုစာချုပ်နဲ့၊ စရန်နဲ့ ၀ယ်ဖို့လုပ်ထားတယ်။ ဒါပေမယ့် သူတို့က မလိုက်နာကြဘူး။ ယုံကြည်မှု နဲ့လုပ်နေတာဆိုတော့ ပြဿနာတွေက တစ်ခုပြီးတစ်ခုဖြစ်လာတာပေါ့”ဟု ပြောသည်။ အမှန်တကယ် ၀ယ်ရောင်းလုပ်မည် ဆိုပါက စရန်ငွေပေါ်တွင် အခြေခံကာ ရောင်းဝယ်ကြရမည်ဖြစ်ပြီး အရောင်းအ ၀ယ်ခိုင်မာမှုရှိရန် ကုန်စည်ဒိုင်အနေဖြင့် ကြား ၀င် ဆောင်ရွက်တော့မည်ဖြစ်ကာ စတော့အိတ်ချိန်း အသေးစားပုံစံဖြင့် လုပ် ငန်းလည်ပတ်သွားမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။ ၎င်း ကိစ္စများ ပေါ်ပေါက်ရခြင်းမှာ ကုန်သည်များအနေဖြင့် ဈေးကွက်အတက် အကျပေါ်တွင်မူတည်ကာ ဈေးချိတ်ဆက် ၀ယ်ယူ မှုများ ပြုလုပ်လျက်ရှိခြင်းကြောင့် အတက်အကျ အပြောင်းအလဲပေါ်တွင် ၎င်း ကဲ့သို့ အရောင်းမှား၊ အ၀ယ်မှားကိစ္စများပေါ် ပေါက် လာခြင်း ဖြစ်သည်။ ထို့ပြင် ယုံကြည်မှုဖြင့် စာချုပ်၊ စရန်မရှိဘဲ ရောင်းဝယ်ခဲ့ခြင်းကြောင့် ဖြေရှင်းရန် ခက်ခဲလာပြီး အ လား တူကိစ္စရပ်များ မကြာခဏပေါ် ပေါက်လာနေခြင်း ဖြစ်သည်။ “Over Volume ဖြစ်သွားတာ။ ဈေးတွေက တက်လိုက်ကျလိုက်ဆိုတော့ မနိုင်မနင်း ဖြစ်သွားတယ်။ အဲဒီလိုမဖြစ်အောင်ခြေ ချုပ်နဲ့ လုပ်ရမယ်”ဟု ၎င်းက ဆက်ပြောသည်။ ပဲလောကအတွက် ငွေကြေးအရှုပ် အရှင်းကိစ္စကိုပြောမည်ဆိုပါက ၂၀၀၈ ခုနှစ် ကဖြစ်ပေါ်ခဲ့သည့် ရောင်းမှား၊ ၀ယ်မှားဖြစ်မှုမှာ ကျပ်ဘီလျံ ၂၀၆ သန်း ရှိခဲ့ပြီး ပမာဏ အများဆုံးဖြစ်ခဲ့သည်။ ပဲမျိုးစုံ ပြည်တွင်းရောင်းဝယ်မှုနှင့် ပြည်ပ တင်ပို့မှု လုပ်ငန်းများတွင် မမှန်မကန် ဈေး ကစားမှုများ၊ ကုန်ပစ္စည်း မရှိဘဲ DO (delivery order)များကို လက်ပြောင်း လက်လွှဲ ပြုလုပ်ပြီး လေရောင်းလေ၀ယ် ဆောင်ရွက်မှုများကြောင့် ဈေးကွက်မတည် ငြိမ်မှုများ ဖြစ်ပေါ်နေပြီး ပဲဈေးကွက်အရောင်းအ၀ယ်စနစ်တကျရှိစေရန် စာချုပ်ချုပ်ဆိုပြီးမှသာ ရောင်းဝယ်မှုပြုလုပ်ရန် လိုအပ် မည်ဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်ရောင်းဝယ်ရေး ၀န်ကြီးဌာန၏ စာရင်းဇယားများအရ ပဲမျိုးစုံတင်ပို့မှုသည် လယ်ယာထွက်ကုန်များထဲ တွင် ၀င်ငွေအများဆုံးပို့ကုန်ဖြစ်ပြီး ဒေသတွင်း အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံ သည် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု အများ ဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ ပြည်တွင်းထုတ်လုပ်မှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကို ပြည်ပသို့တင်ပို့နေပြီး အိန္ဒိယနိုင်ငံမှာ အဓိကဈေးကွက်ဖြစ်သည်။ ပဲမျိုး စုံတင်ပို့သူများ၏ အဆိုအရ ပြည်ပသို့ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ သုံးမျိုးတင် ပို့မှုတန်ချိန် တစ်သန်းခွဲနီးပါးခန့် တင်ပို့မှု ပြု နေပြီး ပဲမျိုးစုံစုစုပေါင်းမှာ တန်ချိန် နှစ်သန်းနီးပါးရှိနေသည်။ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တစ်ခုလုံး တွင် ပဲမျိုးစုံတင်ပို့မှုတန်ချိန် ၁၅ ဒသမ ၁၁၀ သန်း၊ အမေရိကန်ဒေါ်လာ ၁၀၀၈ ဒသမ ၄၆၂ သန်း တင်ပို့ထားပြီး ပြည်တွင်း၏ နေရာ ဒေသအမျိုးမျိုးတွင် စိုက်ပျိုးထုတ်လုပ်နိုင် ခြင်းကြောင့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု မြှင့် တင်ရန် အလားအလာကောင်းများစွာ ရှိနေသည်။ သို့သော် ယုံကြည်မှုနှင့်ရောင်းဝယ်မှုလုပ်နေကြသည် ပဲကုန်သည်များအနေ ဖြင့် ကုန်သည်စည်းကမ်းချိုးဖောက်မှု ရေရှည် ကျူးလွန်နေပြီဆိုပါက နိုင်ငံတကာဈေးကွက်တွင် မျက်နှာပျက်စရာများဖြစ်ပေါ် လာနိုင်ကြောင်း ပဲမျိုးစုံပြည်ပတင်ပို့သည့့်် လုပ်ငန်းရှင်များက သုံးသပ်ကြသည်။ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်သူများအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းဘဉာဏ်က မြန်မာ့ထွက်ကုန်ဖြစ် ပါက ယုံကြည်မှုကင်းမဲ့လာနိုင်သည် အထိ သက်ရောက်မှုရှိနိုင်သည်ဟု ပြီးခဲ့သည့် နှစ်ကုန်ပိုင်း အောက်တိုဘာလအတွင်းက စင်ကာပူနိုင်ငံ ကုမ္ပဏီတစ်ခုသို့ အမေရိကန် ဒေါ်လာ နှစ်သန်းကျော် တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ရန် ပျက်ကွက်ခဲ့ခြင်း ကိစ္စတွင် မြန်မာတောင်သူကြီးများဂျာနယ်ကို မှတ် ချက်ပေးခဲ့သည်။ “အရင်က ပစ္စည်းမတင်ခင် ငွေချပေးတယ်။ အဲဒီအတွက် သဘောင်္မတင်ခင် ကုန်သည်တွေအနေနဲ့ ပြည်တွင်းမှာ ကြိုပြီးဝယ် နိုင်တယ်။ အဲဒီလိုကိစ္စတွေဖြစ်လာတဲ့ အတွက် ကြိုငွေမချပေးရင် ၀ယ်ယူရာမှာ အခက်အခဲရှိလာမယ်”ဟု ၎င်းက ပြောသည်။ ရောင်းသူနှင့် ၀ယ်သူနှစ်ဦးနှစ်ဖက် စလုံးကို ထိခိုက်နိုင်သည့် အဆိုပါဖြစ်ရပ် များသည် ပြည်တွင်းပဲလုပ်ငန်းရှင်များ ကြားတွင် မကြာခဏဆိုသလို ပေါ်ပေါက် လျက်ရှိနေပြီး ကောင်းမွန်သည့်မူဘောင် များချမှတ်ခြင်းထက် ကုန်သည် တစ်ဦးချင်းစီ၏ ကိုယ့်ကျင့် တရား အစမ်းသပ် ခံနိုင်မှုမှာ ပိုမိုအဓိကကျလာသည်။ သို့သော် အဆိုပါကိစ္စရပ်များကို ထိန်းချုပ်နိုင်ဖွယ်ရှိသည့် ပဲမျိုးစုံရောင်းဝယ် ဖောက်ကားမှု Community Exchange Center ကို ယခုလဆန်းပိုင်းတွင် လည်ပတ်နိုင်ရန် စီစဉ်ထားပြီး ကုန်သည်များ အရောင်းမှား၊ အ၀ယ်မှားကိစ္စရပ်များ မပေါ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောသည်။ ၎င်း စင်တာသည် ပဲရောင်းဝယ်မှု လုပ်ငန်းအတွက် အာမခံချက်ရှိစေသည့် စနစ်တစ်ခုကို ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု ယူဆ ရပြီး ပထမအဆင့်အနေဖြင့် ယုံကြည်မှုနှင့် တရားမ၀င်ဖောက်ကားနေသည့် ၀ယ်ရောင်းစနစ်ကို အဆုံးသတ်ပေးနိုင်လိမ့်မည် ဖြစ်သည်ဟု ၎င်းက ပြောသည်။ “ပိုက်ဆံရှိသလောက်ဘဲ ရောင်းနိုင် ၀ယ်နိုင်တဲ့ ပုံစံဖြစ်လာမယ်။ တစ်ရာရှိရင် တစ်ရာဖိုးလောက်ဘဲ ရောင်းနိုင်ဝယ်နိုင်မှာဖြစ် တဲ့အတွက် လက်ရှိလေ ရောင်းလေ၀ယ်စနစ်ကလည်း တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။ အနာဂတ်ပဲတင်ပို့မှု လုပ်ငန်းများကို ပျက်ပြားထိခိုက်စေနိုင်သည့် အဆိုပါလုပ် ရပ်ကျူးလွန်သူ ပဲကုန်သည်များကို ကုန်စည်ဒိုင် ၏ အသင်းဝင်အဖြစ်မှ ထုတ်ပယ်ချင်း များပြုလုပ်ခဲ့ပြီး ပဲနှမ်းအသင်းအနေဖြင့်လည်း ကြားဝင်စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ် ပေးခဲ့ သည်။ ကြိုငွေစုစုပေါင်း၏ ၆၀ သို့ ၈၀ ရာခိုင်နှုန်းကျော်ပေးချေမှုများ ပြုလုပ်ညှိနှိုင်း သည့်သာဓကများရှိခဲ့ပြီး ကုန်သည်တချို့ အနေဖြင့် အလွန်အကျွံ ဈေးမြင့်တက်မှု များ ပေါ်ပေါက်လာပါက ကုန်ပစ္စည်းများ တင်ပို့နိုင်ခြင်းမရှိတော့ဘဲ တိမ်းရှောင်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အသင်းအဖွဲ့များ အနေဖြင့် ၎င်း လုပ်ငန်းရှင်များကို အပြီးတိုင် မျက်ကွယ်ပြုမည်ဆိုပါက လုပ်ငန်းရှင်များမှာ အကာ အကွယ် မဲ့သွားမည် ဖြစ်ပြီး ကြားဝင်စေ့စပ်မှုများ ပြုလုပ်ရမည် ဖြစ်သည်။ “ပဲကုန်သည်တွေ အနေနဲ့ မှန်မှန်ကန် ကန်လုပ်ပြီး ပဲလောကကြီးတစ်ခုလုံး မထိခိုက်အောင် စည်းကမ်းရှိဖို့တော့ လိုတာပေါ့”ဟု ပြည်ပသို့ ပဲစင်းငုံတင်ပို့သည့် လုပ်ငန်းရှင်တစ်ဦး က ပြောသည်။ ၎င်း ကိစ္စများ ပေါ်ပေါက်ခြင်းသည် ရောင်းချသူတစ်ဦးထဲတွင်သာ တာဝန်ရှိ ခြင်းမဟုတ်ဘဲ ၀ယ်လက်များအနေဖြင့် ပုံမှန် ပေါက်ဈေးအောက် လျော့နည်းသည့် ဈေးခေါ်ယူမှုများကြောင့် ကြိုငွေအများ အပြား ချပေးနေကြခြင်း ဖြစ်သည်ဟု ပြောနိုင်ပြီး ရောင်းသူဝယ်သူနှစ်ဖက်စလုံး သေချာစိစစ်ရွေးချယ်ရန် လိုအပ်မည်ဖြစ်သည်။ တံခါးဖွင့် စီးပွားရေးစနစ်ကျင့်သုံးခဲ့ ပြီးသည့် နောက်ပိုင်း ပြည်တွင်းပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် ပြိုင်ဆိုင်မှုများ ပြင်းထန်လာခဲ့ပြီး လက်ရှိအဆိုပါကိစ္စရပ်များ ပေါ်ပေါက် လာခြင်းမှာ ကုန်သည် သက် တမ်းနုနယ်ခြင်းနှင့် ဘာသာစကားကျွမ်းကျင်မှုဆိုင်ရာ အခက်အခဲများရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူ များက ပြောသည်။ ပဲမျိုးစုံ ကူးသန်းရောင်းဝယ်ရာတွင် TT စနစ် (ကြိုတင်ငွေပေးချေစနစ်)နှင့် LC ကုန်ပစ္စည်းတင် ပို့ပြီးမှ ငွေချေစနစ်) နှစ်မျိုးရှိ ပြီး မြန်မာပဲကုန်သည်များအတွက် TT စနစ်မှာ အားသာမှုရှိသည့် ၀ယ်ရောင်းစနစ် ဖြစ်သည်။ မြန်မာကုန်သည် အများစုအတွက် TT စနစ်မှာ မှန်မှန်ကန်ကန်လိုက်နာသည့် ကုန်သည်များအတွက် ကောင်းမွန်သည့် စနစ်တစ်ခုဖြစ်ပြီး ပဲကုန်သည်များအနေ ဖြင့် ကုန်သည်စည်းကမ်းချိုးဖောက်မှု မကြာခဏ ပေါ်ပေါက်လာပါက ၎င်း စနစ်မှာ ကွယ်ပျောက်သွားနိုင်သည်။ ကုန်သည်များ အနေဖြင့် ကြိုငွေမရရှိပါက ကုန်တန်ချိန်အနည်း ၀ယ်ယူနိုင်မည်ဖြစ်ခြင်းကြောင့် တင်ပို့ရာတွင် အခက်အခဲများရှိလာမည်ဖြစ် သည်။ ကမ္ဘာ့အင်အားကြီး ပဲတင်ပို့နေသည့် ကနေဒါနိုင်ငံသည် မြန်မာ့ပဲမျိုးစုံ ၈၀ ရာခိုင်နှုန်းတင်ပို့သည့် အန္ဒိယနိုင်ငံဈေးကွက်ဝေစု အားရရှိရန် ပြင်ဆင်လာခြင်းကြောင့် ပဲကုန်သည် များအနေဖြင့် အဆိုပါဈေးကွက်ကို မျက်ခြေမပျက်ရန် လိုအပ်နေပြီး ဈေး ကွက်ယှဉ်ပြိုင်မှု၊ ကုန်ပစ္စည်းအရည်အသွေး ကောင်းမွန်မှုအပြင် လက်ရှိဖြစ်ပေါ်နေသည့် ကုန်သည်စည်းကမ်း ချိုးဖောက်မှု ကျူးလွန် ခြင်းမရှိရန်လည်း လိုအပ်မည်ဖြစ်သည်။ ထို့ပြင် ပဲတင်ပို့သည့်လုပ်ငန်းရှင်များအနေဖြင့် အိန္ဒိယဈေးကွက်တစ်ခုထဲ ကို တည်မှီနေခြင်းမျိုးမဟုတ်ဘဲ တခြားဈေးကွက်များကိုလည်း ရှာဖွေရမည်ဖြစ်ကာ ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံကို ပေးခဲ့ သည့် အီးယူကုန်သွယ်ခွန် အထူးသက်သာခွင့် GSP အခွင့်အရေးကို ကောင်းစွာအသုံးချရန် လိုအပ်မည်ဖြစ်ကြောင်း ကုန် သည်များက ပြောသည်။ ၎င်း ကဲ့သို့ အခွင့်အရေးများရရှိနေ သော်လည်း ထုတ်လုပ်တင်ပို့သူများမှာ အရည်အသွေးပိုင်းဆိုင်ရာ လိုအပ်ချက်များရှိနေ ခြင်းကြောင့် အကျိုးအမြတ်များသည့် ဈေးကွက်ချဲ့ထွင်မှုများအား ထိထိရောက်ရောက် အသုံးချနိုင်မှု နည်းပါးနေသေး သည်။ ပဲတင်ပို့သူများ၏ အဆိုအရ ပြည်ပ ဈေးကွက်များဖြစ်သည့် ဂျပန်၊ အမေရိကန်ဈေးကွက်များသို့ ပဲမျိုးစုံတင်ပို့ရန် ပြင်ဆင် မှုများပြုလုပ်လျှက်ရှိနေပြီး ကိုရီးယားနိုင်ငံ သို့ စမ်းသပ်တင်ပို့မှုများရှိနေခြင်းဖြစ်ကာ ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်နိုင်ရန်အ တွက် အရည်အသွေးဆိုင်ရာ အသိမှတ်ပြု လက်မှတ်မှာအဓိက ကျလာသည်ဟု ပြောသည်။ ထို့ပြင် ၂၀၁၅ တွင် ပေါ်ပေါက်လာတော့မည့် အာဆီယံစီးပွားရေးအသိုက် အ၀န်းနှင့် အာဆီယံလွတ်လပ်သည့် ကုန်သွယ်မှု ဧရိယာများ ပေါ်ပေါက်လာပါက နိုင်ငံတကာ ကုန်သွယ်မှုလုပ်ထုံးလုပ်နည်း များအတိုင်း လိုက်နာကျင့်သုံးရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ် ရေး အဖွဲ့အစည်ျးွှဥ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် ၎င်း အဖွဲ့၏ စံနှုန်းများနှင့် အညီ ကုန်သွယ်ခြင်းမရှိပါက နိုင်ငံတကာ ဈေးကွက်တွင် ၀င်ဆံ့နိုင်မည် မဟုတ်ဘဲ မည်သို့ပင် ဈေးကွက်ဆိုင်ရာ အခွင့်အလမ်း များ ပေါ်ပေါက်လာစေကာမူ မှန်ကန်သည့် ကုန်သွယ်မှု စည်းကမ်း များလိုက်နာခြင်းမရှိပါက လက်ဝယ်ပိုင်ဆိုင်ပြီးသား ဝေ စုများပင်လက်လွှတ်ရဖွယ်ရှိတော့သည်။ - နိုင်လင်းအောင် http://www.thefarmermedia.com/%E1%80%95%E1%80%B2%E1%80%B1%E1%80%9C%E1%80%AC%E1%80%80%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-%E1%80%99%E1%80%80%E1%80%AF%E1%80%85%E1%80%AC%E1%80%B8%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9/

Wednesday, October 8, 2014

ကုန်ကြမ်းကို ဘယ်ကရသလဲ?

ကျွန်တော်တို့ ဆီစက်ဆိုတာကလည်း ကုန်ထုတ်လုပ်ငန်းတစ်ခုပါ။ ကုန်ထုတ်လုပ်ငန်းဖြစ်တဲ့အတွက် ကိုယ်ထုတ်လိုတဲ့ကုန်ရဖို့အတွက် အသုံးပြုရတဲ့ ကုန်ကြမ်းဆိုတာ မဖြစ်မနေလိုအပ်ပါတယ်။ ဒါလေးကတော့ ကျွန်တော်တို့ ကုန်ကြမ်းကို ဘယ်လိုရသလဲဆိုတာကို ရှင်းပြနိုင်မယ်ထင်ပါတယ်။

ဆီစက်လုပ်ငန်း လည်ပတ်ပုံ

“စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” တဲ့။ အားလုံးလည်း ဖတ်၊ မြင်၊ သိ၊ ကြား ဖူးပြီးပြီးသားပါ။ စီးပွားရေးဦးတည်ချက် လေးရပ်ဆိုတာထဲက တစ်ခုပေါ့။ ကျွန်တော်တို့ ဆီစက်လုပ်ငန်းဆိုတာကလည်း အလားတူပါပဲ။ စိုက်ပျိုးရေးကို အခြေခံတဲ့ လုပ်ငန်းတစ်ခုပါ။ ဒီတော့..... ကျွန်တော်တို့မှာ အရင်းအနှီးတွေ ဘယ်လောက်ပဲရှိရှိ၊ ဘယ်လောက်ကြီးတဲ့ စက်ရုံကြီးတွေပဲတည်တည်၊ အဓိကကတော့ ဆီကြိတ်ခွဲမယ့် ကုန်ကြမ်းတွေကို စိုက်ပျိုးထုတ်လုပ်ပေးမယ့် တောင်သူလယ်သမားများပဲဖြစ်နေပါတယ်။ ဦးကြီးတို့ရေ ကျေးဇူးပါဗျာလို့ပဲ ဆိုပါရစေ။ သူတို့ဆီက ကုန်ကြမ်းရနေလို့သာ ကျွန်တော်တို့တွေ လုပ်ငန်း လည်ပတ်နေနိုင်တာဖြစ်ပါတယ်။

Tuesday, October 7, 2014

မြေပဲဆီကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်သုံးစွဲခဲ့တယ်ဆိုတာ သင်သိပါသလား?

မြေပဲဆီကို ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်နိုင်ငံမှာ စတင်အသုံးပြုခဲ့တာပါ။ စစ်ပွဲကာလ အတွင်းမှာ အခြားသော စားသုံးနိုင်တဲ့ဆီတွေ ပြတ်လပ်သွားလို့ဖြစ်ပါတယ်။

အရည်သွေးကောင်း စားသုံးဆီရဖို့ စက်ပိုင်းသာမက ကုန်ကြမ်းပါ အရေးပါ ကြာသပတေးနေ့၊ စက်တင်ဘာလ 13 ရက် 2012 ခုနှစ် မဇ္ဈိမ အင်တာဗျူး - မဇ္ဈိမသတင်းဌာန ပြည်တွင်းစားသုံးဆီ ထုတ်လုပ်ရောင်းချမှုနှင့် အရည်အသွေးကောင်းစားသုံးဆီများ ပြည်တွင်းတွင် စားသုံးဆီ ဖူလုံ တွင်ကျယ်စွာ ထုတ်လုပ်ရောင်းချနိုင်ရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးမှုဖွံ့ဖြိုးတွင်ကျယ်လာစေရန် အခြေခံ လိုအပ်ချက်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စက်မှုလက်မှုကုန် ထုတ်လုပ်သူများအသင်းအဖွဲ့ဝင်တစ်ဦးလည်း ဖြစ် ပြီး ၁၉၉၂ ခုနှစ်မှ ဧရာဝတီ မြေပဲဆီ ထုတ်လုပ် ဖြန့်ဖြူးမှုကို ဆောင်ရွက်နေသည့် ဆီစက်လုပ်ငန်းရှင် တစ်ဦးလည်းဖြစ်သည့် ဦးခင်စိုးနှင့် မဇ္ဈိမတို့ တွေ့ဆုံမေးမြန်း ထားသည်များထဲမှ အချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။ ဆီစက်လုပ်ငန်းရှင် ဦးခင်စိုး ဆီစက်လုပ်ငန်းရှင် ဦးခင်စိုး မေး။ ။လက်ရှိပြည်တွင်းစားသုံးဆီထုတ်လုပ်မှုအခြေအနေကို အရင်ဆုံးပြောပြပေးပါဦး။ ဖြေ။ ။ပြည်တွင်းဆီထုတ်လုပ်မှုကတော့ အခုလက်ရှိက ကုန်ကြမ်းပေါ်ကာစဖြစ်နေပြီ။ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်၊သြဂုတ်မှာက တရုတ်ကိုအထွက်များတဲ့အတွက် ကုန်ကြမ်းပြတ်တဲ့အထိဖြစ်သွားတယ်။ အချို့စက်တွေဆိုရင် တစ်လလုံးမှ ငါးရက်လောက်၊ ၁ဝရက်လောက်သာလည်ရတာမျိုးတွေဖြစ်သွားတယ်။ အခုတော့ ပဲဆန်အသစ် ပေါ်နေပြီ။ ဝယ်လို့လည်းရနေတယ်။ မေး။ ။ပြည်ပကတင်သွင်းတဲ့စားအုန်းဆီဈေးနှုန်းနဲ့ ပြည်တွင်းကထုတ်တဲ့ ပဲဆီ၊ နှမ်းဆီ ဈေးနှုန်း ကွာဟမှု ရှိနေတဲ့အပေါ် မူတည်ပြီး စားအုန်းဆီစားသုံးမှုပမာဏများပြားနေတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီလို ဈေးနှုန်း ကွာဟမှုအပေါ် ထိန်းပေးနိုင်မယ့်နည်းလမ်းများရှိပါသလား။ မှောင်ခိုလမ်ကြောင်းကနေ တရားမဝင်ဝင်နေတဲ့ ဆီကိုလည်း တားမြစ်ပေးဖို့ မကောင်းဘူးလား။ ဒါမှသာ ပြည်တွင်းဈေးကွက်အောင်မြင်လာမှာဖြစ်တယ်။ ပြည်တွင်း ဈေးကွက်မအောင်မြင်ရင်၊ ပြည်တွင်းဆီစက် တွေတိုးတက်မှုမရှိရင် ခေတ်မီတဲ့နည်းပညာတွေ ဘယ်လိုလုပ်ပြောင်းလဲနိုင်မလဲ။ ဝယ်ယူနိုင်မလဲ။ ဖြေ။ ။ စားအုန်းဆီနဲ့ယှဉ်ရင် ဆီဈေးကိုထိန်းပေးနိုင်မလားဆိုတာမှာ စားအုန်းဆီနဲ့ယှဉ်ရောင်းခိုင်းရင်တော့ ကျွန်တော်မရောင်းနိုင်ဘူး။ ပဲဆီ၊ နှမ်းဆီရဲ့ အားသာချက်က ကမ္ဘာမှာကိုက စားအုန်းဆီထက် အားသာပြီး စားသုံးသူတွေက တန်ဖိုးထားစားနေတာ တစ်ကမ္ဘာလုံးသိတယ်။ မေး။ ။အဲလို ဈေးနှုန်းကို ယှဉ်ရောင်းတာမျိုးမဟုတ်တောင် စားသုံးသူအများစုလက်လှမ်းမီနိုင်မယ့်ဈေးမျိုး ကိုရော ဆီလုပ်ငန်းရှင်တွေဘက်က လုပ်ဆောင်ပေးနိုင်ပါသလား။ ဖြေ။ ။ အရင်က တစ်နေ့ကို ပေပါသုံးဆယ်ရောင်းပြီးတော့ တစ်ပိဿာကို ၅ဝဝ မြတ်မှရောင်းမယ်။ ပီပါ ၁၅ဝ ရောင်းရတဲ့နေ့ကျရင် တစ်ပိဿာကို ၁၅ဝ အမြတ်နဲ့ရောင်းချင်လည်းရောင်းမယ်။ စက်မှုလက်မှုလုပ်ငန်းက များများ ထွက်လေ။ ကုန်ကျစရိတ်နည်းလေ အကျိုးအမြတ်ကိုနည်းနည်းယူပြီးတော့ များများရောင်းရရင် အကျိုးအမြတ် အတူတူပဲ။ ရောင်းတဲ့ဈေးကွက်ကျယ်ပြန့်ပြီး များများရောင်းရရင် ကျွန်တော်တို့ကဈေးလျှော့ ရောင်းမှာပဲ။ မေး။ ။ ပြည်ပကတင်သွင်းမှုမပြုဘဲ ပြည်တွင်းကစက်နဲ့ ပြည်တွင်းစားသုံးမှုဖူလုံအောင် ထုတ်လုပ်နိုင်ပါ သလား။ ဖြေ။ ။ ပြည်တွင်းစားသုံးမှုဖူလုံဖို့အတွက်က ကျွန်တော်တို့စက်တွေသာ အကုန်လည်ခွင့်ရရင်ကျော်အောင်ကို ထုတ်နိုင်တယ်။ မြန်မာပြည်မှာ စက်ပေါင်း ၃,ဝဝဝ လောက်ရှိတယ်။ တကယ်လည်ပတ်နေတာ အနည်းဆုံး ၂,ဝဝဝ လောက်ရှိတယ်။ တစ်နေ့ ၂၅ ပီပါကျကြိတ်နိုင်တဲ့စက်က ထောင်နဲ့ချီ ရှိတယ်။ ပီပါ ၅ဝ အထက်ကြိတ်နိုင်တဲ့စက်ပေါင်းက ၂ဝဝ လောက်ရှိတယ်။ မြန်မာနိုင်ငံက တစ်ရက်ကိုပီပါ ၈၅ဝဝ လောက်ပဲ လိုတယ်။ တကယ်လို့ ဆီထွက်သီးနှံဖူလုံလို့လုံလုံလောက်လောက်ကြိတ် ခွင့်ရရင် မြန်မာပြည်စားတဲ့ဆီက ကျွန်တော်တို့ဆီက စက်တွေက အေးဆေးပဲ။ မေး။ ။ အဲဒီ့ပြည်တွင်းတစ်နှစ်လိုအပ်တဲ့ စားသုံးဆီပီပါ ၈၅ဝဝ ထုတ်နိုင်ဖို့ရော ဆီထွက်သီးနှံကလုံလောက် နိုင် ပါသလား။ ဖြေ။ ။ အခုလက်ရှိဆီထွက်သီးနှံစိုက်နေတာ ဧကနှစ်သန်းလောက်ရှိတယ်လို့သိရတယ်။ ပြည်ပက စားအုန်းဆီ တင်သွင်းမှုမရှိဘူးဆိုရင်လည်း ဒီဧကနဲ့တင် နိုင်ငံတွင်းလောက်အောင်ထုတ်လုပ်နိုင်ပါတယ်။ မေး။ ။စက်တွေအကုန်လည်ပတ်နိုင်ဖို့။ ပြည်တွင်းလိုအပ်တဲ့ ဆီပမာဏကို စက်ပိုင်းက အပြည့်အဝ ထုတ် လုပ် ခွင့်ရနိုင်ဖို့ ဘာတွေလုပ်ဆောင်သင့်တယ်လို့ထင်ပါသလဲ။ ဖြေ။ ။ပြည်တွင်းဈေးကွက်ကနေပြီး ပြည်တွင်းဆီစက်တွေကို အားပေးမှုဖြစ်အောင် ပြည်တွင်းဈေးကွက်ကို ဖန်တီးပေးရမယ်။ ပြည်တွင်းအားက ကိုယ့်အားပဲ။ ပြည်တွင်း လူဦးရေ သန်း ၆ဝ ဝယ်စား တာသည် ပြည်ပကနေ တန်ချိန် သုံးသိန်းခွဲ ဝယ်စားနေမယ့်ဈေးကွက်ကို သူများကိုပေးမယ့်ပိုက်ဆံဈေးကွက်ကို ကိုယ့်ပြည်တွင်း ဈေးကွက်အဖြစ် ဖန်တီးယူလို့မရဘူးလား။ မှောင်ခိုလမ်ကြောင်းကနေ တရားမဝင်ဝင်နေ တဲ့ဆီကိုလည်း တားမြစ်ပေးဖို့ မကောင်းဘူး လား။ ဒါမှသာ ပြည်တွင်းဈေးကွက် အောင်မြင်လာမှာဖြစ်တယ်။ ပြည်တွင်းဈေးကွက် မအောင်မြင်ရင်၊ ပြည်တွင်းဆီစက်တွေ တိုးတက်မှုမရှိရင် ခေတ်မီတဲ့နည်းပညာတွေ ဘယ်လိုလုပ်ပြောင်းလဲနိုင်မလဲ။ ဝယ်ယူ နိုင်မလဲ။ မေး။ ။ပြည်တွင်းစားသုံးဆီကို ပြည်ပတင်ပို့နိုင်တဲ့အဆင့်ထိ ရောက်အောင်ဆိုရင် စက်တွေ ခေတ်မီဖို့လို တယ်လို့ပြောကြပါတယ်။ စက်တွေခေတ်မီဖို့၊ အရည်အသွေးကောင်းတဲ့ဆီရရှိဖို့ ဆိုရင်ဘာတွေလိုအပ်ပါ သလဲ။ ဖြေ။ ။ ပြည်တွင်းစက်နဲ့တင် ပြည်ပတင်ပို့တဲ့အရည်အသွေးမီအောင်လုပ်နိုင်တယ်။ ပြည်ပကိုတင်ပို့နိုင်ဖို့ အမှန်တကယ် လိုနေတဲ့အချက်က သန့်စင်တဲ့ ကုန်ချောရဖို့ရယ်။ ကုန်ချောထုတ်လုပ်ရာမှာ ထုတ်လုပ်မှု အဆင့်တိုင်း သန့်စင်မှုလည်းရှိရမယ်။ ကုန်ကြမ်းကောင်းရင် ကုန်ချောကောင်းဖို့က မခဲယဉ်းဘူး။ မှိုတက်ပြီး ပိုးထိုးထားတဲ့ ပဲကိုကြိတ်တာ အစစ်လို့ပြောလို့ရပေမယ့် စားသုံးရန်သင့်တဲ့ ပဲဆီအသန့်လို့ပြောလို့မရဘူး။ မေး။ ။ကုန်ကြမ်းကောင်းရင် ကုန်ချောကောင်းဖို့မခဲယဉ်းဘူးဆိုတော့ ကုန်ကြမ်းကောင်းဖို့ ဘယ်လို လုပ်ဆောင် သင့်ပါသလဲ။ ဖြေ။ ။ အစိုဓာတ်ဘယ်လောက်နဲ့ မြေပဲဆန်ကိုထိန်းသိမ်းထားရမယ်။ အစိုဓာတ်များနေရင် အခြောက်ခံစက်နဲ့ အစိုဓာတ်ကိုချရမယ်။ အခြောက်ခံစက်နဲ့ချထားတဲ့ မြေပဲဆန်ကိုသာလျှင် သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း လုပ်ရ မယ်။ စိုနေတဲ့ မြေပဲ ဆန်ကို သိုလှောင်ခြင်း၊ ပုံထားခြင်းမလုပ်ရဘူး။ မေး။ ။အဲဒီလို့ မလုပ်ခဲ့ဘူးဆိုရင် ဘာဖြစ်နိုင်ပါသလဲ။ နောက်ဆက်တွဲအကျိုးဆက်ကရော ဘယ်လိုရှိပါသလဲ။ ဖြေ။ ။အဲကျရင် သူကအစိုဓာတ်များပြီးမှိုဖြစ်လာဖြစ်မယ်။ မြေပဲဆီရဲ့ အဓိကအဆိုးဆုံးအပြစ်က မှိုဆိပ်ပဲ။ အဲဒီ မှိုဆိပ်ကင်းစင်တဲ့ မြေပဲဆန်ဖြစ်ဖို့ အခြောက်ခံစက်ရှိရမယ်။ အစိုအဓါတ်ထိန်းညှိုပေးတဲ့စက်ရှိရမယ်။ ဒါမှသာလျှင် သတ်မှတ်တဲ့ အပူချိန်အတွင်း၊ သတ်မှတ်တဲ့အစို၊ အခြောက်အတွင်းမှာ ကုန်ကြမ်းကိုသိုလှောင် ထားတဲ့အတွက် မှိုဆိပ်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ပွားတာမရှိတော့ဘူး။ စားသုံးရန်သင့်တဲ့ ပဲဆီအသန့် ဆိုတာ မှိုကင်းစင်ရမယ်။ မေး။ ။အဲလိုအခြောက်ခံစက်တွေ ထားရှိလာအောင်နဲ့ စနစ်တကျသုံးစွဲလာအောင် ဘယ်လိုလုပ်ကိုင်ရင် အဆင်ပြေစေနိုင်ပါမလဲ။ ဖြေ။ ။အဲဒါကို ဆီစက်ပိုင်ရှင်တွေလည်း သိအောင်အသိပညာမျှဝေရမယ်။ အဲဒီလိုစက်မျိုးသူတို့ဆီမှာ ရှိအောင် လည်းလုပ်ရမယ်။ မလုပ်နိုင်ရင်လည်း ဘုံပိုင်ဆိုင်မှုမျိုး ဆီထွက်သီးနှံထွက်တဲ့ တစ်မြို့တစ်နယ်မှာ တစ်ခုနှုန်း တည်ထောင်ပြီးတော့မှ လိုတဲ့သူကသွားပြီး နဝလီပေးတဲ့စနစ်နဲ့ အခြောက်ခံတာတို့၊ အအေးခံတာတို့လုပ်လို့ရမယ်။ တစ်ဦးချင်းမဝယ်နိုင်ရင် စုပေါင်းဝယ်ပေါ့။ စိုက်ပျိုးတဲ့နေရာမှာ မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးနိုင်အောင် အကြံဥာဏ် ပေးရမယ်။ မေး။ ။မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးနိုင်ဖို့ လိုအပ်တာလေးတွေလည်း ပြောပြပေးပါဦး။ ဖြေ။ ။အဲဒါက အသင်းအဖွဲ့နဲ့လုပ် မှရမယ်။ ဒါပေမယ့် မိရိုးဖလာအရ သန့်သန့်ရှင်းရှင်းကိုင်တဲ့ နယ တွေက သူနယ်နဲ့ သူရှိတယ်။ မိရိုးဖလာအရ သန့်သန့်ရှင်းရှင်းကိုင်ပြီးတော့ အခုအချိန်ထိလည်း ပစ္စည်းကောင်းကိုင်တဲ့ နယ်တွေကို ဈေးကောင်းပေးပြီး ရွေးဝယ်ရမယ်။ ပစ္စည်းကောင်း ကောင်းကောင်း မကိုင်တတ်တဲ့နယ်တွေကိုလည်း ကောင်းကောင်းကိုင်တတ်အောင် သင်ပေးပြီးတော့ စွဲခေါ်ရမယ်။ စည်းရုံးရမယ်။ မေး။ ။ ပြည်တွင်းစားသုံးဆီဖူလုံဖို့အတွက် ဘယ်လောက်ထိထုတ်လုပ်ရပါမလဲ။ လက်ရှိ ပြည်ပက တင်သွင်း နေတဲ့ စားအုန်းဆီနဲ့ ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ စားသုံးဆီအပိုင်းကိုလည်း ရှင်းပြပေးပါဦး။ ဖြေ။ ။ ပြည်တွင်းစားသုံးဆီဖူလုံဖို့အတွက် ခန့်မှန်း ထားကြတာကတော့ တစ်နှစ်ကို တန်ချိန်ခြောက်သိန်း ခန့်မှန်း ထားတယ်။ အဲလိုခန့်မှန်းထားရာမှာ ပြည်ပကနေ တစ်လကို တန်သုံးသောင်းနဲ့ တစ်နှစ်ကို သုံးသိန်းခွဲ လောက်သွင်း တယ်။ ပြည်တွင်းက နှစ်သိန်းခွဲလောက်ထုတ်လုပ်တယ်လို့ပြောတယ်။ မေး။ ။ လက်ရှိမှာ ဆီထွက်သီးနှံတွေကို ပြည်ပတင်ပို့ခွင့်ပြုမှုအခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။ ဖြေ။ ။ အခုက ဆီကုန်ကြမ်းကို အားလုံးပြည်ပတင်ပို့ခွင့်ပြုလိုက်ပြီ။ အဲလိုဖွင့်ပေးလိုက်တဲ့အကျိုးဆက် ကတော့ နှမ်းဆီက အညာက အဓိကစားတာဆိုတော့ သိပ်ထိခိုက်မှုမရှိပေမယ့် နှမ်းဖက်ကတော့ ရှားသွား တယ်။ နှမ်းဖက် တစ်ပိဿာတစ်ထောင်လောက်ဖြစ်သွားတယ်။ မြေပဲကို ခွင့်ပြုလိုက်တာကတော့ တော်တော် ထိခိုက်တယ်။ နှမ်းဆီကို မြန်မာနိုင်ငံမှာ ၂ဝ ရာခိုင်နှုန်းလောက်ပဲစားတာ။ မြေပဲဆီကို ၈ဝ ရာခိုင်နှုန်းလောက် စားတယ်။ မေး။ ။ အဲလိုဆိုတော့ ပဲဆီ၊ နှမ်းဆီရဲ့ ဈေးကွက်ဈေးနှုန်းအပေါ် အကျိုးသက်ရောက်မှုကရော ဘယ်လို ရှိပါသလဲ။ ဖြေ။ ။ ဆီထွက်သီးနှံကို ပြည်ပကိုတင်ပို့တဲ့အတွက် ဈေးတွေအရမ်းမြင့်သွားတယ်။ အရင်တုန်းက မြေပဲဆန် က တစ်ပိဿာ ၁၅ဝဝ၊ ၁၆ဝဝ ကနေ အခု ၂၅ဝဝ ထိအောင်ဖြစ်သွားတယ်။ အဲဒီအတွက် လယ်သမားတွေက ဈေးကောင်းရသွားတယ်။ ပို့တဲ့သူ တွေအလုပ်ဖြစ်သွားတယ်။ ဒါပေမယ့် ပြည်တွင်းဆီစားသူတွေက အရင်က ၃၈ဝဝ လောက်နဲ့ဝယ်စားရ တာကနေ ၅၃ဝဝ ဖြစ်သွားတယ်။ပြည်တွင်း မွေးမြူရေးလုပ်ငန်းရှင်တွေက ပဲဖတ် ၆၅ဝ လောက်နဲ့ ဝယ်လို့ရနေရာကနေ ၁ဝဝဝ လောက်ဖြစ်သွားတယ်။ ကုန်ကြမ်းဈေးတက်ပြီဆိုတာနဲ့ အဲဒီကုန်ကြမ်းနဲ့ ဆက်စပ်နေတဲ့ ကုန်ချော၊ ဘေးထွက်ပစ္စည်းအားလုံး လိုက်တက်သွားတယ်။ မေး။ ။ ပြည်တွင်းစားသုံးဆီဖူလုံစွာထုတ်လုပ်နိုင်ဖို့နဲ့ပတ်သက်ပြီး ဆီစက်လုပ်ငန်းရှင်တွေဘက်က သဘော ထားနဲ့ တာဝန်ယူမှုအပိုင်းကို ပြောပြပေးပါဦး။ ဖြေ။ ။ မြန်မာနိုင်ငံပြည်တွင်းစားသုံးဆီ ဖူလုံဖို့နဲ့ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်ဖို့ ကိစ္စသည် ပြည်တွင်း စက်မှု လက်မှု လုပ်ငန်းရှင်ဖြစ်တဲ့ ဆီစက်လုပ်ငန်းရှင်များရဲ့ ရပိုင်ခွင့်ဖြစ်သလို တာဝန်လည်းဖြစ်တယ်။ ပြည်တွင်း ဆီဖူလုံဖို့ က ကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်။ အဲဒီ ပြည်တွင်းဆီရောင်းချခြင်း၊ ထုတ်လုပ်ခြင်း၊ ပြည်တွင်း ဆီထွက်သီးနှံဖွံ့ဖြိုး တိုးတက်အောင် အားပေးခြင်းဆိုတဲ့ကဏ္ဍတွေကလည်း ကျွန်တော်တို့ရဲ့ တာဝန်ပဲ။ အဲဒီက ဖြစ်ပေါ်လာတဲ့။ စားသုံးသူတွေက ပေးလာတဲ့အကျိုးအမြတ်တွေကလည်း ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်ပဲ။ မေး။ ။ အဲလိုရပိုင်ခွင့်နဲ့ တာဝန်ယူလုပ်ဆောင်နိုင်မှုအတွက် အသင်းအဖွဲ့တစ်ခုအနေနဲ့ ရပ်တည်လုပ် ဆောင် သင့်တယ်လို့ မြင်ပါသလား။ အသင်းတစ်ခုရဲ့ အရေးပါမှုကိုလည်း ပြောပြပေးပါဦး။ ဖြေ။ ။ ဆီစက်လုပ်ငန်းရှင်များအသင်းဖြစ်ပေါ်လာရေး အရေးပါမှုက မြန်မာနိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လည်း အခြေခံအကြောင်းတရားထဲမှာပါတယ်။ ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စသည် ဆီထွက်သီးနှံ စိုက်ပျိုးပြီး ဆီထွက် သီးနှံကုန်ကြမ်းရောင်းရရုံလောက်နဲ့တော့ စိုက်ပျိုးသူနဲ့ ရောင်းသူပဲ ပိုက်ဆံရသွားမယ်။ ပြည်တွင်း စက်မှုလက်မှုလုပ်ငန်းတိုးတက်လာမှာမဟုတ်ဘူး။ မေး။ ။အဲဒီအသင်းဖြစ်ပေါ်လာဖို့ရော လုပ်ဆောင်နေပါသလား။ ဖြေ။ ။ ဆီစက်လုပ်ငန်းရှင်များအသင်းဖြစ်ပေါ်လာဖို့ ဆီစက်ပိုင်ရှင်တော်တော်များများက သက်ဆိုင်ရာလူကြီး တွေ ဆီကို ဆင့်ကဲဆင့်ကဲတင်ပြထားတယ်။ အခုလက်ရှိပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကလည်း ဖွဲ့ပေးဖို့ ပြောထားပြီးပြီ။ ဘယ်အချိန်မှာ အခြေအနေပေးမယ်ဆိုတာကတော့ မသိရသေးဘူး။ အဲဒီ့အသင်း မြန်မြန်ဖြစ် လေကောင်းလေပဲ။ မြန်မြန်ဖြစ်ရင် စိုက်ပျိုးတဲ့တောင်သူတွေလည်း စိုက်ပျိုးသီးနှံအတွက် အာမခံချက် ရှိလာ မယ်။ မေး။ ။အဲဒီအသင်းပေါ်ပေါက်လာရင် ရရှိမယ့်အကျိုးကျေးဇူးကိုလည်း သုံးသပ်ပေးပါဦး။ ဖြေ။ ။ မြန်မာနိုင်ငံကို စိုက်ပျိုးရေးအခြေခံစက်မှုလက်မှုနိုင်ငံလို့ပြောလိုက်တာနဲ့ကို ဆီစက်လုပ်ငန်းရှင်များ အသင်း ဟာ ဂုဏ်ဒြပ်အနေနဲ့ရှိကိုရှိရမယ်။ ဆီစက်လုပ်ငန်းရှင်များအသင်းပေါ်လာတာနဲ့ ဆီစက်လုပ်ငန်း ရှင်များ အသင်းရဲ့ ရည်ရွယ်ချက်က ပါလာရမယ်။ အဲဒီမှာ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သူတွေဘဝမြင့်မား ဖို့။ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ သန့်ရှင်းလက်ဆတ်တဲ့ဆီရရှိဖို့။ မွေးမြူရေုးလုပ်ငန်းရှင်တွေအတွက် ဘေးထွက် ပစ္စည်းတွေကိုလည်း သန့်ရှင်းကောင်းမွန်တဲ့ ဘေးထွက်ပစ္စည်းတွေ ရရှိဖို့။ နိုင်ငံတကာ ကျန်းမာရေးအဆင့် အတန်းနဲ့ညီတဲ့ စားသုံးဆီ တွေတင် ပို့နိုင်ဖို့။ အဲဒီ့ရည်ရွယ်ချက်တွေ ပါလာမှာပဲ။ oiol မှတ်ချက်။ အဆိုပါဈေးနှုန်းများသည် စက်တင်ဘာလ ၁၂ ရက်နေ့ ဈေးနှုန်းများ ဖြစ်သည်။

Friday, 2 August 2013 နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေများသော သင့်စားသောက်မှုကို ပြင်ဆင်ရအောင် by ပိုပိုဇော်(သဘာဝအားအင်)August 2, 2013 at 2:55pm နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေများသော သင့်စားသောက်မှုကို ပြင်ဆင်ရအောင် သင်ရဲ့ စားသောက်မှုပုံစံက နှလုံးရောဂါ ဖြစ်ပွားမှုကို ဦးတည်စေတယ်ဆိုတာ သင်သိပါရဲ့လား။ အောက်ပါအတိုင်း စားသောက်တာက နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို များစေပါတယ်။ (၁) အရောင်စုံ အသီးအရွက်များ မစားသုံးခြင်း အရောင်စုံတဲ့ အသီးအရွက်တွေမှာ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တွေအပြင် ပိုတက်စီယမ်ကိုလည်း များစွာ ရရှိနိုင်ပါတယ်။ အသီးအရွက်တွေကနေ ရရှိတဲ့ ပိုတက်စီယမ်က ခန္ဓာကိုယ်တွင်း ဆိုဒီယမ်ကို ထိန်းညှိပေးပြီး သွေးဖိအားကို လျော့ကျစေပါတယ်။ အချဉ်ဓာတ်ရှိတဲ့ အသီးတွေ၊ ငှက်ပျောသီး၊ အာလူး၊ ခရမ်းချဉ်သီးနဲ့ ပဲအမျိုးမျိုးတွေကနေ ပိုတက်စီယမ်ကို များစွာ ရရှိနိုင်ပါတယ်။ ပန်းသီး၊ သစ်တော်သီး၊ သခွားသီးနဲ့ ဂေါ်ဖီထုပ်စတဲ့ အသီးအနှံ စားသုံးသူတွေက မစားသုံးသူတွေထက် လေဖြတ်နိုင်ခြေ ၅၂ ရာခိုင်နှုန်း ပိုမိုများပါတယ်။ (၂) ကျန်းမာရေးနှင့် ညီညွတ်သော အဆီမစားသုံးခြင်း ဟင်းသီးဟင်းရွက်က ရတဲ့အဆီက သင့်ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေထက် နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။ သံလွင်ဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီစတဲ့ ဟင်းသီးဟင်းရွက်ဆီတွေမှာ မိုနိုမပြည့်ဝဆီတွေ များစွာပါဝင်ပြီး ခန္ဓာကိုယ်တွင်းမှာ မကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေကာ ကောင်းတဲ့ ကိုလက်စထရောကို မြှင့်တင်ပေးတာကြောင့် နှလုံးကျန်းမာရေးကို များစွာ အထောက်အကူ ဖြစ်စေပါတယ်။ (၃) နို့နှင့် နို့ထွက်ပစ္စည်းများ မစားသုံးခြင်း အများစုက ကယ်လိုရီများများ ရမှာစိုးတာ၊ ကိုယ်အလေးချိန် လျှော့ချချင်တာတွေကြောင့် နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မစားဘဲ ရှောင်တတ်ကြပါတယ်။ အဆီနည်း ဒါမှမဟုတ် အဆီထုတ်ထားတဲ့ နို့၊ ဒိန်ချဉ်၊ ချိစ်စတာတွေက ကယ်လိုရီနဲ့ အဆီပါဝင်မှု နည်းတာကြောင့် စားသုံးသင့်ပါတယ်။ အမျိုးသမီးတွေရော အမျိုးသားတွေမှာပါ အဆီနည်းတဲ့ ဒါမှမဟုတ် အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေစားသုံးပါက နှလုံးရောဂါနဲ့ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်ခြေ လျော့နည်းတာကို သုတေသနတွေမှာ တွေ့ရှိခဲ့ပါတယ်။ သွေးဆုံးပြီး အမျိုးသမီး ရှစ်သောင်းကျော်ကို လေ့လာခဲ့တဲ့ လတ်တလော လေ့လာမှုအရ နို့နဲ့နို့ထွက်ပစ္စည်း မစားသုံးသူတွေက နှလုံးရောဂါနဲ့ ဆီးချိုသွေးချို ရောဂါဖြစ်ပွားနိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုများတာကို တွေ့ခဲ့ပါတယ်။ (၄) ကျန်းမာရေးနှင့် မညီညွတ်သော သရေစာများ စားသုံးခြင်း အသင့်စား အစားအစာတွေမှာ သကြားနဲ့ ဆားပါဝင်မှု များတာကြောင့် သွေးဖိအားကို မြင့်တက်စေတဲ့အပြင် သွေးတွင်းမှာ ထရွိုင်ဂလစ်စရိုက် အဆီတွေလည်း များလာစေပါတယ်။ အဆင်သင့် အစာတွေက အဆင့်ဆင့် ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေနဲ့ လုပ်ထားတာကြောင့် အစာကို စားပြီးရင်း စားချင်စိတ် ဖြစ်ပေါ်တာကြောင့် အစာပိုစားမိစေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သရေစာစားမယ်ဆိုရင် အစေ့အဆန် စားပေးတာက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ (၅) အမျှင်ဓာတ် များများရအောင် စားသုံးမှုနည်းခြင်း ပဲအမျိုးမျိုးကနေ ပရိုတင်းနဲ့ အမျှင်ဓာတ်ကို အဓိက ရရှိနိုင်ပါတယ်။ ပဲအမျိုးမျိုးက ရတဲ့အမျှင်ဓာတ်က ပျော်ဝင်တဲ့ အမျှင်ဓာတ်ဖြစ်ပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော ပမာဏကို လျော့နည်းစေပါတယ်။ အုတ်ဂျုံနဲ့ ဘာလီတွေကနေလည်း ပျော်ဝင်တဲ့ အမျှင်ဓာတ်က ရရှိနိုင်ပြီး သွေးကြောအတွင်း တွယ်ကပ်နေတဲ့ အဆီတွေကို ပျော်ဝင်စေတာကြောင့် နှလုံးနဲ့ သွေးကြောရောဂါ ဖြစ်ပွားမှုမရှိအောင် ကာကွယ်နိုင်ပါတယ်။ (၆) ဟင်းခတ် အမွှေးအကြိုင်များ မစားသုံးခြင်း အမေရိကန် နှလုံးအဖွဲ့အစည်းက တစ်နေ့ကို ဆား ၁၅၀၀ မီလီဂရမ်ထက် ပိုမစားဖို့ တိုက်တွန်းထားပါတယ်။ အစားအသောက်တွေ ပြင်ဆင်ချက်ပြုတ်ရာမှာ ဆားအပြင် ဟင်းခတ် အမွှေးအကြိုင်တွေကိုပါ အစပ်အဟပ်တည့်အောင် တွဲဖက် ချက်ပြုတ်တာကြောင့် ဆားပေါ့နေပေမယ့် အမွှေးအကြိုင်တွေနဲ့ စားချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်နိုင်ပါတယ်။ (၇) အချိုရည်များ သောက်သုံးခြင်း အားဖြည့် အချိုရည်တွေမှာ သကြားများစွာ ပါဝင်ပါတယ်။ အမျိုးသမီးတွေက တစ်နေ့ကို သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်း (၁၀၀ ကယ်လိုရီ) နဲ့ အမျိုးသားတွေက တစ်နေ့ကို သကြား လက်ဖက်ရည်ဇွန်း ကိုးဇွန်း (၁၅၀ ကယ်လိုရီ) စားသုံးတတ်ကြပါတယ်။ အားဖြည့်အချိုရည် ၁၂ အောင်စမှာ သကြားလက်ဖက်ရည်ဇွန်း ရှစ်ဇွန်း (၁၃၀ ကယ်လိုရီ) ပါဝင်ပါတယ်။ သင်က သကြားစားသုံးတာ များပါက သွေးတွင်း ထရိုင်ဂလစ်စရိုက် အဆီပမာဏ များလာပါတယ်။ ဒီအဆီက သွေးကို ပြစ်ခဲစေတာကြောင့် နှလုံးနဲ့ သွေးကြောဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ (၈) နံနက်စာတွင် ကော်ဖီတစ်ခွက် မပါဝင်ခြင်း အများစုက ကော်ဖီသောက်တာက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ထင်မြင်တတ်ကြပါတယ်။ တကယ်တော့ ကော်ဖီမှာက အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်ပြီး ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေကို လျော့နည်းစေပါတယ်။ အထူးသဖြင့် နှလုံးရောဂါဖြစ်စေတဲ့ ရောင်ရမ်းမှုတွေ မဖြစ်အောင် တားဆီးနိုင်ပါတယ်။ ကော်ဖီသောက်တာက နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေတာ မဟုတ်ပေမယ့် တစ်နေ့ကို ကော်ဖီတစ်ခွက်၊ ဒါမှမဟုတ် နှစ်ခွက်သောက်တာက နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။ ကော်ဖီသောက်တဲ့အခါ သကြားလျော့ထည့်ဖို့တော့ လိုပါတယ်။ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်) Ref: Good Health

ကျွန်တော်ဖတ်စေချင်တာက နံပါတ် (၂)

Friday, 2 August 2013 နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေများသော သင့်စားသောက်မှုကို ပြင်ဆင်ရအောင် by ပိုပိုဇော်(သဘာဝအားအင်)August 2, 2013 at 2:55pm နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေများသော သင့်စားသောက်မှုကို ပြင်ဆင်ရအောင် သင်ရဲ့ စားသောက်မှုပုံစံက နှလုံးရောဂါ ဖြစ်ပွားမှုကို ဦးတည်စေတယ်ဆိုတာ သင်သိပါရဲ့လား။ အောက်ပါအတိုင်း စားသောက်တာက နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို များစေပါတယ်။ (၁) အရောင်စုံ အသီးအရွက်များ မစားသုံးခြင်း အရောင်စုံတဲ့ အသီးအရွက်တွေမှာ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တွေအပြင် ပိုတက်စီယမ်ကိုလည်း များစွာ ရရှိနိုင်ပါတယ်။ အသီးအရွက်တွေကနေ ရရှိတဲ့ ပိုတက်စီယမ်က ခန္ဓာကိုယ်တွင်း ဆိုဒီယမ်ကို ထိန်းညှိပေးပြီး သွေးဖိအားကို လျော့ကျစေပါတယ်။ အချဉ်ဓာတ်ရှိတဲ့ အသီးတွေ၊ ငှက်ပျောသီး၊ အာလူး၊ ခရမ်းချဉ်သီးနဲ့ ပဲအမျိုးမျိုးတွေကနေ ပိုတက်စီယမ်ကို များစွာ ရရှိနိုင်ပါတယ်။ ပန်းသီး၊ သစ်တော်သီး၊ သခွားသီးနဲ့ ဂေါ်ဖီထုပ်စတဲ့ အသီးအနှံ စားသုံးသူတွေက မစားသုံးသူတွေထက် လေဖြတ်နိုင်ခြေ ၅၂ ရာခိုင်နှုန်း ပိုမိုများပါတယ်။ (၂) ကျန်းမာရေးနှင့် ညီညွတ်သော အဆီမစားသုံးခြင်း ဟင်းသီးဟင်းရွက်က ရတဲ့အဆီက သင့်ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေထက် နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။ သံလွင်ဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီစတဲ့ ဟင်းသီးဟင်းရွက်ဆီတွေမှာ မိုနိုမပြည့်ဝဆီတွေ များစွာပါဝင်ပြီး ခန္ဓာကိုယ်တွင်းမှာ မကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေကာ ကောင်းတဲ့ ကိုလက်စထရောကို မြှင့်တင်ပေးတာကြောင့် နှလုံးကျန်းမာရေးကို များစွာ အထောက်အကူ ဖြစ်စေပါတယ်။ (၃) နို့နှင့် နို့ထွက်ပစ္စည်းများ မစားသုံးခြင်း အများစုက ကယ်လိုရီများများ ရမှာစိုးတာ၊ ကိုယ်အလေးချိန် လျှော့ချချင်တာတွေကြောင့် နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မစားဘဲ ရှောင်တတ်ကြပါတယ်။ အဆီနည်း ဒါမှမဟုတ် အဆီထုတ်ထားတဲ့ နို့၊ ဒိန်ချဉ်၊ ချိစ်စတာတွေက ကယ်လိုရီနဲ့ အဆီပါဝင်မှု နည်းတာကြောင့် စားသုံးသင့်ပါတယ်။ အမျိုးသမီးတွေရော အမျိုးသားတွေမှာပါ အဆီနည်းတဲ့ ဒါမှမဟုတ် အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေစားသုံးပါက နှလုံးရောဂါနဲ့ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်ခြေ လျော့နည်းတာကို သုတေသနတွေမှာ တွေ့ရှိခဲ့ပါတယ်။ သွေးဆုံးပြီး အမျိုးသမီး ရှစ်သောင်းကျော်ကို လေ့လာခဲ့တဲ့ လတ်တလော လေ့လာမှုအရ နို့နဲ့နို့ထွက်ပစ္စည်း မစားသုံးသူတွေက နှလုံးရောဂါနဲ့ ဆီးချိုသွေးချို ရောဂါဖြစ်ပွားနိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုများတာကို တွေ့ခဲ့ပါတယ်။ (၄) ကျန်းမာရေးနှင့် မညီညွတ်သော သရေစာများ စားသုံးခြင်း အသင့်စား အစားအစာတွေမှာ သကြားနဲ့ ဆားပါဝင်မှု များတာကြောင့် သွေးဖိအားကို မြင့်တက်စေတဲ့အပြင် သွေးတွင်းမှာ ထရွိုင်ဂလစ်စရိုက် အဆီတွေလည်း များလာစေပါတယ်။ အဆင်သင့် အစာတွေက အဆင့်ဆင့် ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေနဲ့ လုပ်ထားတာကြောင့် အစာကို စားပြီးရင်း စားချင်စိတ် ဖြစ်ပေါ်တာကြောင့် အစာပိုစားမိစေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သရေစာစားမယ်ဆိုရင် အစေ့အဆန် စားပေးတာက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ (၅) အမျှင်ဓာတ် များများရအောင် စားသုံးမှုနည်းခြင်း ပဲအမျိုးမျိုးကနေ ပရိုတင်းနဲ့ အမျှင်ဓာတ်ကို အဓိက ရရှိနိုင်ပါတယ်။ ပဲအမျိုးမျိုးက ရတဲ့အမျှင်ဓာတ်က ပျော်ဝင်တဲ့ အမျှင်ဓာတ်ဖြစ်ပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော ပမာဏကို လျော့နည်းစေပါတယ်။ အုတ်ဂျုံနဲ့ ဘာလီတွေကနေလည်း ပျော်ဝင်တဲ့ အမျှင်ဓာတ်က ရရှိနိုင်ပြီး သွေးကြောအတွင်း တွယ်ကပ်နေတဲ့ အဆီတွေကို ပျော်ဝင်စေတာကြောင့် နှလုံးနဲ့ သွေးကြောရောဂါ ဖြစ်ပွားမှုမရှိအောင် ကာကွယ်နိုင်ပါတယ်။ (၆) ဟင်းခတ် အမွှေးအကြိုင်များ မစားသုံးခြင်း အမေရိကန် နှလုံးအဖွဲ့အစည်းက တစ်နေ့ကို ဆား ၁၅၀၀ မီလီဂရမ်ထက် ပိုမစားဖို့ တိုက်တွန်းထားပါတယ်။ အစားအသောက်တွေ ပြင်ဆင်ချက်ပြုတ်ရာမှာ ဆားအပြင် ဟင်းခတ် အမွှေးအကြိုင်တွေကိုပါ အစပ်အဟပ်တည့်အောင် တွဲဖက် ချက်ပြုတ်တာကြောင့် ဆားပေါ့နေပေမယ့် အမွှေးအကြိုင်တွေနဲ့ စားချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်နိုင်ပါတယ်။ (၇) အချိုရည်များ သောက်သုံးခြင်း အားဖြည့် အချိုရည်တွေမှာ သကြားများစွာ ပါဝင်ပါတယ်။ အမျိုးသမီးတွေက တစ်နေ့ကို သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်း (၁၀၀ ကယ်လိုရီ) နဲ့ အမျိုးသားတွေက တစ်နေ့ကို သကြား လက်ဖက်ရည်ဇွန်း ကိုးဇွန်း (၁၅၀ ကယ်လိုရီ) စားသုံးတတ်ကြပါတယ်။ အားဖြည့်အချိုရည် ၁၂ အောင်စမှာ သကြားလက်ဖက်ရည်ဇွန်း ရှစ်ဇွန်း (၁၃၀ ကယ်လိုရီ) ပါဝင်ပါတယ်။ သင်က သကြားစားသုံးတာ များပါက သွေးတွင်း ထရိုင်ဂလစ်စရိုက် အဆီပမာဏ များလာပါတယ်။ ဒီအဆီက သွေးကို ပြစ်ခဲစေတာကြောင့် နှလုံးနဲ့ သွေးကြောဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ (၈) နံနက်စာတွင် ကော်ဖီတစ်ခွက် မပါဝင်ခြင်း အများစုက ကော်ဖီသောက်တာက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ထင်မြင်တတ်ကြပါတယ်။ တကယ်တော့ ကော်ဖီမှာက အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်ပြီး ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေကို လျော့နည်းစေပါတယ်။ အထူးသဖြင့် နှလုံးရောဂါဖြစ်စေတဲ့ ရောင်ရမ်းမှုတွေ မဖြစ်အောင် တားဆီးနိုင်ပါတယ်။ ကော်ဖီသောက်တာက နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေတာ မဟုတ်ပေမယ့် တစ်နေ့ကို ကော်ဖီတစ်ခွက်၊ ဒါမှမဟုတ် နှစ်ခွက်သောက်တာက နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။ ကော်ဖီသောက်တဲ့အခါ သကြားလျော့ထည့်ဖို့တော့ လိုပါတယ်။ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်) Ref: Good Health