မိဘတွေက ဆီစက်လုပ်ငန်းလုပ်ကိုင်ခဲ့တာ ဆယ်စုနှစ် နှစ်ခုကျော်ကြာနေပြီဖြစ်ပါတယ်။ တတ်သိလွန်းလို့ မဟုတ်ပါဘူး။ ဗဟုသုတဝေမျှတဲ့ အနေနဲ့ ဒီဘလော့ဂ်လေး ရေးဖြစ်တာပါ။

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, October 10, 2014

မြေပဲထုတ်လုပ်မှုနှင့် ထွက်ရှိရာဒေသ

-အောင်လံ၊ ပခုက္ကူ၊ ပြည်၊ ပန်းတောင်းနှင့် သရက်တို့မှ တစ်နိုင်ငံလုံး၏ ၆၇% ထွက်ရှိတယ်လို့ သိရပါတယ်။ - ကြံခင်း၊ မြန်အောင်၊ ဗန်းမော်၊ ကသာ၊ မိုးကောင်း၊ ညောင်ရွှေ၊ ပဲခူး၊ ဝေါ၊ ညောင်လေးပင်၊ ကျိုက်ထို တို့မှလည်း ထွက်ပါတယ်။ - တစ်နိုင်ငံလုံးအတိုင်းအတာအရ တစ်နှစ်ကို မက်ထရစ်တန်ချိန် 0.85 သန်း ထွက်ရှိတယ်လို့ ဆိုပါတယ်။ Ref : ဒေါက်တာမျိုးသန့်(မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်)

မြေပဲဆီ(စစ်စစ်) ဈေးကြီးတယ်လို့ ထင်ပါသလား?

မိတ်ဆွေတို့ အနေနဲ့ မြေပဲဆီ(စစ်စစ်)ဟာ ဈေးကြီးလွန်းတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဟုတ်တာပေါ့။ ပဲဆီသန့် တစ်ပိဿာ ကို ရန်ကုန်ပေါက်ဈေး ၄၀၀၀ ကျော်ဖြစ်နေပါတယ်။ ဘာကြောင့်ပါလိမ့်။ တချို့က ဆီစက်လုပ်ငန်းရှင်တွေ အမြတ်တင်လွန်းလို့ လို့ မြေပဲဆီ ဈေးကြီးနေရတာလို့ ထင်ကောင်းထင်နိုင်ပါတယ်။ အဲလိုထင်တယ်ဆိုရင် တော့ မှားနေပါတယ်လို့ပဲ ဆိုပါရစေ။ မြေပဲဆီမှမဟုတ်ပါဘူး။ ဘယ်လိုထုတ်ကုန်မျိုးပဲဖြစ်ဖြစ် ထုတ်လုပ်မှု ကုန်ကျစရိတ်လို့ခေါ်တဲ့ Production Cost များရင် ဈေးကွက်မှာ ရောင်းတဲ့ဈေးကလည်း ကြီးမြင့်မှာပါပဲ။ ဆီစက်ပိုင်ရှင်တွေလည်း အများကြီးမြတ်လှတာမဟုတ်ပါဘူး။ လုပ်ငန်းမရပ်တန့်ရုံ လည်ပတ်နေ ကြသူတွေများပြီး တိုးချဲ့နိုင်သူ အလွန်ရှားပါးပါတယ်။ ကုန်ကြမ်း၊ သယ်ယူပို့ဆောင်စရိတ်၊ ထုတ်လုပ်မှုကုန်ကျစရိတ်၊ လုပ်သားစရိတ် စတဲ့ စရိတ် စရိတ်ပေါင်းများစွာထဲမှာ အမြတ်အစွန်း ပါးပါးလေးပဲ ပေါင်းထည့်ထားတာက ဈေးကွက်ရဲ့ ပေါက်ဈေးဖြစ်ပေါ်လာ တာပါ။ လူတိုင်းဟာ စီးပွားရေး တစ်ခုတော့ လုပ်နေကြတာဆိုတော့… အရိုးရှင်းဆုံးဥပမာတစ်ခုပေါ့။ မိတ်ဆွေက တခြားဈေးတစ်ခုကနေ ကန်စွန်းရွက်တစ်စီး ကျပ် ၅၀ နဲ့ ၀ယ်လာတယ်ဆိုပါစို့။ နောက်တစ်နေရာ ရောက်ဖို့ ကားခက ကျပ် ၂၀ ကျတယ်။ ဒါဆိုရင် နောက်ဈေးတစ်ခုမှာ ပြန်ရောင်းတဲ့ အခါ အဲဒီကန်စွန်းရွက်ကို အနည်းဆုံး ၇၅ ကျပ် ရမှဖြစ်မှာ ပေါ့။ ဒါမှလည်း မိတ်ဆွေအတွက် အမြတ် ၅ ကျပ် ရမှာပါ။ ဒီ ၅ ကျပ်ကို တောင်မိတ်ဆွေ အကုန်မြတ်တာမဟုတ်ပါဘူး။ မိတ်ဆွေရဲ့ လုပ်အားခဆို တာ ထည့်တွက်ရင် ၂ ကျပ်ခွဲတောင် အနိုင်နိုင်ပဲ အမြတ်ရပါလိမ့်မယ်။ ကောင်းပါပြီ။ မိတ်ဆွေက ဘာစီးပွားရေးမှ မလုပ်ပါဘူး။ ၀န်ထမ်းပါဆိုရင် လည်း ဥပမာက ရှိပါသေးတယ်။ ဘာ ပညာအရည်အချင်း၊ ဘာအသက်မွေးဝမ်းကျောင်းမှ ကျွမ်းကျင်စွာ တတ်မြောက်မထားတဲ့ ၀န်ထမ်းတစ်ယောက်…ဒါဆိုရင်တော့ အလုပ်ကြမ်းအလုပ် လုပ်ရတဲ့ ၀န်ထမ်းပဲဖြစ်မှာပါ။ သူ့အတွက် ပေးရတဲ့ လုပ်အားခကလည်း နည်းပါးပါလိမ့်မယ်။ အရင်းဖြစ်တဲ့ ကျွမ်းကျင်မှုမရှိလို့ ပေါက်ဈေးကလည်း နည်းတာပါ။ ဒီတော့ အမြတ်လည်းနည်းပြီပေါ့။ ဟုတ်ပြီ။ ဘွဲ့တွေ၊ လက်မှတ်တွေ၊ အတတ်ပညာတွေမျိုးစုံနဲ့ ၀န်ထမ်းတစ် ယောက်… ဒါဆိုရင်တော့ သူ့ရဲ့လစာဟာ အဆပေါင်းများစွာ များပြားလာ ပါလိမ့်မယ့်။ အရင်းကလည်းများတာကိုး။ ပေါက်ဈေးလည်း များပြီပေါ့။ ဒီတော့ သူ့ရဲ့ အကျိုးခံစားခွင့် အမြတ်ကလည်း များလာတာ မဆန်းပါ ဘူး။ ဒီသဘောတရားပါပဲ။ မြေပဲဆီဈေးကြီးရတာဟာ… ကုန်ကြမ်းဖြစ်တဲ့ မြေပဲက ဈေးကြီးပါတယ်။ သယ်ယူပို့ဆောင်စရိတ် ဈေးကြီးပါတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ် များပြားပါတယ်။ --- အစစ အရာရာဈေးကြီးပါတယ်။ ဒီတော့ မိတ်ဆွေအနေနဲ့ မြေပဲဆီစစ်စစ် ကောင်းကောင်း သန့်သန့် စားချင်တယ်ဆိုရင် ဒီကုန်ကျစရိတ်တွေ ဈေးကျပါစေလို့ ဆုတောင်းပေးပါ။ မြေပဲဆီဈေး သူ့အလိုလို ကျသွားပါ လိမ့်မယ်။ အဲ… မကျဘူး ဆိုရင်တော့ ဆီစက်လုပ်ငန်းသမားတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေလို့ မေတ္တာပို့ပေါ့။ ကျေကျေနပ်နပ် ခံယူပါ့မယ်။ လောလောဆယ်တော့…………

ကုန်ချောထုတ်လုပ်မှု

ကုန်ကြမ်းရရှိမှု အခြေအနေ

Contact

About

ပဲကုန်သည်တချို့၊ ငွေကြေးအရှုပ်အရှင်း ထပ်မံပေါ်ပေါက်၍ ဖြေရှင်းနေရ

ပဲဈေးနှုန်းတစ်နေ့တည်းတွင် အမျိုး မျိုးဖြစ်နေသည့်အတွက် အမှန်တကယ် ငွေချေ၊ ပစ္စည်းလွှဲပြောင်းလက်ခံရယူသည့် ပုံမှန် အရောင်းအ၀ယ်ပြုလုပ်ခြင်းထက် ယုံ ကြည်မှုအခြေခံ လေရောင်းလေ၀ယ် ပြုလုပ်ခြင်း များပြားလာ ကြရကြောင်း၊ သက်ဆိုင်ရာ မှ တားမြစ်မှုရှိသော်လည်း မိမိတို့ အချင်းချင်း နှုတ်ကတိဖြင့် ပြုလုပ်ခြင်းအပေါ် အရေးယူနိုင်မှု အားနည်းကြောင်း၊ သို့သော် ၎င်း သို့ နှုတ်ကတိဖြင့် အရောင်းအ၀ယ်ပြုလုပ် ခြင်းမှ ငွေကြေးအလျော်အစားပြုလုပ်ရခြင်းလည် လက်ငင်းအစား နှစ်နှစ်၊ သုံးနှစ် ကာလကြာ သည်အထိ ရွှေ့ပြောင်း ဆွဲယူလာတတ် ရာ ကာလ အချိန်ကြာ သည်နှင့်အမျှ အလျော် အစားပြုလုပ်ရမည့် ငွေပမာ ဏများပြားလာ ကြောင်း၊ ယခု ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်း တွင် ပြန်လည်ပေါ်ပေါက်လာသော ရန်ကုန်ပဲ ကုန်စည်ဒိုင်ငွေကြေး ပြဿနာ ထပ်မံဖြစ် ပေါ်မှုတွင် ကုန်သည်တချို့ထပ်မံ ပေါ်ပေါက်လာရာ တိမ်းရှောင်သွားခြင်း၊ ပိုင်ဆိုင်သည့် ပစ္စည်းများ ထုခွဲ ရောင်းချပေးလျော်ခြင်းများ ရှိလာသည်ဟု ပဲအရောင်းအ၀ယ်ပြုလုပ် သူများက ပြောသည်။ ၂၀၁၁ ခုနှစ်ဝန်းကျင် ပဲလောက ငွေ ကြေးအရှုပ်အရှင်းကြောင့် ပြည်ပသို့ တိမ်းရှောင်သွားသည့် ကုန်သည်တစ်ဦး အကြောင်း မေ့ပျောက်၍ မရချိန်တွင် မြစ်ဝကျွန်းပေါ်ဒေသတွင် ပဲလုပ်ငန်းလုပ်ကိုင်သူ တချို့ ငွေကြေးပြဿနာဖြစ်ပွားခြင်း၊ ၂၀၁၄ ခုနှစ် မန္တလေးကုန်စည်ဒိုင်တွင် ပဲစင်းငုံ အထူးပြုကုမ္ပဏီတစ်ခု၏ ငွေကြေး ပြဿနာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ မိမိ ပိုင် ဆိုင် မှုပစ္စည်းအ၀၀ကို အပ်နှံဖြေရှင်း သဖြင့် တရားဝင်တင်ပြနိုင်သော အရောင်းအ၀ယ် များ၏ ၉၀ ရာခိုင်နှုန်း ငွေကြေးပြန် လည်ရရှိပြီး ၁၀ ရာခိုင်နှုန်းသာ ငွေကြေးမပေးချေနိုင်ဟု သိရပြီး ၎င်း ၁၀ ရာခိုင်နှုန်း မှာလည်း ငွေကြေး ပမာဏ ကျပ်သိန်း ပေါင်း တစ်သောင်းဝန်းကျင်ရှိသည်ဟု သက်ဆိုင်ရာ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ၂၀၀၈ တွင် ဖြစ်ပွားသော ပဲ ကုန်သည်ကြီး များ၏ ငွေကြေး ပြဿနာဖြစ်ပွားမှုသည် ပဲလောကတွင် စံချိန်တင်အများဆုံးဖြစ် ခဲ့ ကာ ငွေကြေးပမာဏ ကျပ် ၂၀၃ ဘီလျံရှိပြီး ပဲကုန်သည်ကြီး ရှစ်ဦးနှင့် ပတ်သက်၍ ငွေကြေးဆုံးရှုံးသည့် နစ်နာသူဦးရေ ၅၀၀ ၀န်းကျင်ရှိကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၀၉ ခုနှစ်ထုတ် အပတ်စဉ်သတင်းဂျာနယ်တွင်လည်းကောင်း၊ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ၂၄ ရက်ထုတ် အပတ်စဉ်ဂျာနယ်တွင် ပြည်ပ သို့ ထွက်ပြေးတိမ်းရှောင်သွားသော ဘုရင့် နောင်ပွဲရုံဝင်း အတွင်းရှိ ပဲကုန်သည်တစ်ဦး မှ လိမ်လည်သွားသော ငွေကြေးပမာဏမှာ ကျပ်သိန်းငါးသောင်းကျော် ရှိသည်ဟု လည်း ကောင်း ဖော်ပြထားသည်ကို ဖတ်ရှု ၍ သိရှိရကြောင်း ပဲကုန်သည်များက ပြောသည်။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ရန်ကုန်ပဲလောက၌ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းဒေသတွင် ပဲအရောင်း အ ၀ယ်အဓိကထားပြုလုပ်သော ရန်ကုန် အခြေစိုက် ၎င်းင်းပဲခူးတိုင်းဒေသကြီးအရှေ့ ဘက်ခြမ်းသားတစ်ဦး၏ ငွေကြေးပြဿနာ များ ပေါ်ပေါက်လာရာတွင် နယ်များမှ ပဲ ရောင်းဝယ်သူများ ငွေကြေးဆုံးရှုံးမှုများကြောင်း ကျောက်တံခါးနယ်သား ပဲအရောင်း အ၀ယ် ပြုလုပ်သူတစ်ဦးက ပြောသည်။ ယခုရက်ပိုင်း ထပ်မံ၍ ဘုရင့်နောင်ပွဲ ရုံဝင်း အခြေစိုက် ပဲကုန်သည်တစ်ဦး၏ ပိုင်ဆိုင်မှု ပစ္စည်းများ ထုခွဲရောင်းချ၍ ပဲဖိုးငွေ ကြေးရှင်းလင်းမည့်သတင်း ပဲလောကမှ ထပ်မံကြား သိရသည်။ သို့ဖြစ်ရာ လေရောင်းလေ၀ယ် ပဲမျိုးစုံအရောင်းအ၀ယ်ကို မပြုလုပ်ရန် တားမြစ် နေသည့်ကြားမှ ငွေကြေးပြဿနာများ ပမာဏကြီးမားသည်ထိ ဖြစ်ပေါ်နေခြင်း များ ထပ်မံဖြစ်ပေါ် ကြားသိနေရသဖြင့် နေ့စဉ်ပဲလောကသားတို့၏ အရောင်း အ၀ယ်ပြုလုပ်နေသည့် လက်ငင်းအခြေ အနေမှန်များကို ပွင့်လင်း မြင်သာစွာ ဖော် ထုတ်စစ်ဆေးပြီး လေပတ်ကားကြိုရောင်း ကြိုဝယ်ပြုလုပ်နေမှုကို ထိရောက်စွာ တား ဆီးပေးရန် လိုအပ်နေ ကြောင်း ပဲကုန်စည် ဒိုင်သို့ နေ့စဉ်လာရောက်သူကုန်သည်များ က ပြောသည်။ - မောင်စေအောင် http://www.thefarmermedia.com/%E1%80%85%E1%80%AD%E1%80%94%E1%80%B9%E1%80%B1%E1%80%81%E1%81%9A%E1%80%99%E1%82%88%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7-%E1%80%91%E1%80%94%E1%80%B9%E1%80%B8%E1%80%9C%E1%80%BA%E1%80%80%E1%80%B9/